သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာကာသတပ္ဖြဲ႕ထူေထာင္ေရးပါ၀င္တဲ႔ ကာကြယ္ေရးအသံုးစရိတ္ သမၼတ Trump လက္မွတ္ထိုးမည္


သတင္းဓါတ္ပံု - ၂၀၁၉ ဇြန္လတုန္းက သမၼတ Trump အိမ္ျဖဴေတာ္တြင္ လက္မွတ္ထုိးစဥ္

(Zawgyi/Unicode)

အေမရိကန္ အာကာသ စစ္တပ္ဖြဲ႔တစ္ဖြဲ႕ကို တည္ေထာင္ဖို႔နဲ႔ အေမရိကန္ အစုိးရ ၀န္ထမ္းေတြ ကေလးမီးဖြားခ်ိန္ ၁၂ ပတ္ၾကာ ခြင့္ယူခြင့္ ေပးဖို႔ ဥပေဒေတြပါ၀င္တဲ့ ဥပေဒမူၾကမ္းကို လက္မွတ္ေရးထိုးေတာ့မယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေသာၾကာေန႔မွာ ေျပာပါတယ္။

အေမရိကန္ ေဒၚလာ ၇၃၈ ဘီလီယံ လ်ာထားတဲ့ ကာကြယ္ေရး မူ၀ါဒဆိုင္ရာ ဒီ ဥပေဒမူၾကမ္းကို ဒီမိုကရက္ေတြ ထိန္းခ်ဳပ္ထားတဲ့ အေမရိကန္ ေအာက္လႊတ္ေတာ္က ျပီးခဲ့တဲ့ အပတ္က အတည္ျပဳျပီးတဲ့ေနာက္ ဒီအပတ္ အဂၤါေန႔မွာ Republican ေတြ အမ်ားစု ထိန္းခ်ဳပ္ထားတဲ့ အေမရိကန္ အထက္လႊတ္ေတာ္က ဆက္လက္ အတည္ျပဳထားျပီး ျဖစ္ပါတယ္။

ဒီ ဥပေဒ မူၾကမ္းမွာ ကေလးမီးဖြားခ်ိန္ အေမရိကန္ အစိုးရ၀န္ထမ္း မိဘေတြကို ၁၂ ပတ္ၾကာခြင့္ေပးမယ့္ ဒီမိုကရက္ေတြရဲ႕ အဆိုျပဳခ်က္နဲ႔ အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ ဆဌမေျမာက္ အင္အားစုျဖစ္လာမယ့္ အာကာသ စစ္တပ္ဖဲြ႕ ဖြဲ႕စည္းေရး သမၼတ ထရမ့္ရဲ႕ အဆိုျပဳခ်က္ ႏွစ္ခုစလုံး အတြက္ အေပးအယူ လုပ္ထားတဲ့ အသုံးစရိတ္ေတြ ပါ၀င္ပါတယ္။

ဒီ အေမရိကန္ အာကာသ တပ္ဖြဲ႔ဟာ ႏွစ္ေပါင္း ၆၀ ေက်ာ္အတြင္း အေမရိကန္ စစ္တပ္အတြက္ အသစ္ ဖြဲ႕စည္းလိုက္တဲ့ ေနာက္ဆုံးေပၚ စစ္တပ္ဖြဲ႕တစ္ခု ျဖစ္လာမွာ ျဖစ္သလို အေရအတြက္ ၂ သန္းေက်ာ္ရွိတဲ့ အေမရိကန္ အစိုးရ၀န္ထမ္းေတြဟာလည္း ၁၂ ပတ္ၾကာ ကေလးမီးဖြားခ်ိန္ ခြင့္ခံစားခြင့္ကို အေမရိကန္ သမိုင္းမွာ ပထမဆုံး အၾကိမ္ ရရွိမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အာကာသတပ်ဖွဲ့ထူထောင်ရေးပါဝင်တဲ့ ကာကွယ်ရေးအသုံးစရိတ် သမ္မတ Trump လက်မှတ်ထိုးမည်

(Unicode)

အမေရိကန် အာကာသ စစ်တပ်ဖွဲ့တစ်ဖွဲ့ကို တည်ထောင်ဖို့နဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေ ကလေးမီးဖွားချိန် ၁၂ ပတ်ကြာ ခွင့်ယူခွင့် ပေးဖို့ ဥပဒေတွေပါဝင်တဲ့ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သောကြာနေ့မှာ ပြောပါတယ်။ အမေရိကန် ဒေါ်လာ ၇၃၈ ဘီလီယံ လျာထားတဲ့ ကာကွယ်ရေး မူဝါဒဆိုင်ရာ ဒီ ဥပဒေမူကြမ်းကို ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အမေရိကန် အောက်လွှတ်တော်က ပြီးခဲ့တဲ့ အပတ်က အတည်ပြုပြီးတဲ့နောက် ဒီအပတ် အင်္ဂါနေ့မှာ Republican တွေ အများစု ထိန်းချုပ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်က ဆက်လက် အတည်ပြုထားပြီး ဖြစ်ပါတယ်။

ဒီ ဥပဒေ မူကြမ်းမှာ ကလေးမီးဖွားချိန် အမေရိကန် အစိုးရဝန်ထမ်း မိဘတွေကို ၁၂ ပတ်ကြာခွင့်ပေးမယ့် ဒီမိုကရက်တွေရဲ့ အဆိုပြုချက်နဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ဆဌမမြောက် အင်အားစုဖြစ်လာမယ့် အာကာသ စစ်တပ်ဖွဲ့ ဖွဲ့စည်းရေး သမ္မတ ထရမ့်ရဲ့ အဆိုပြုချက် နှစ်ခုစလုံး အတွက် အပေးအယူ လုပ်ထားတဲ့ အသုံးစရိတ်တွေ ပါဝင်ပါတယ်။

ဒီ အမေရိကန် အာကာသ တပ်ဖွဲ့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အမေရိကန် စစ်တပ်အတွက် အသစ် ဖွဲ့စည်းလိုက်တဲ့ နောက်ဆုံးပေါ် စစ်တပ်ဖွဲ့တစ်ခု ဖြစ်လာမှာ ဖြစ်သလို အရေအတွက် ၂ သန်းကျော်ရှိတဲ့ အမေရိကန် အစိုးရဝန်ထမ်းတွေဟာလည်း ၁၂ ပတ်ကြာ ကလေးမီးဖွားချိန် ခွင့်ခံစားခွင့်ကို အမေရိကန် သမိုင်းမှာ ပထမဆုံး အကြိမ် ရရှိမှာ ဖြစ်ပါတယ်။

XS
SM
MD
LG