သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ႏ်ဴကလီးယား ျပႆနာ သံတမန္နည္းနဲ႔ ေျဖရွင္းဖို႔ ကန္ေမွ်ာ္လင္႔


အေမရိကန္ ကာကြယ္ေရး၀န္ၾကီး Mark Esper ႏွင့္ အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ ပူးတြဲ စစ္ဦးစီးခ်ဳပ္ျဖစ္သူ ဗိုလ္ခ်ဳပ္ ၾကီး Mar Miley တို႔သတင္းစာရွင္းလင္း

(Zawgyi/Unicode)

ေျမာက္ကိုရီးယားနဲ႕ ႏ်ဴကလီးယားအေရး ေျဖရွင္းရာမွာ လိုအပ္ရင္ တိုက္ခိုက္ဖို႔ အဆင္သင့္ရွိေနတယ္လို႔ အေမရိကန္ ထိပ္တန္း တာ၀န္ရွိ သူေတြက ေျပာပါတယ္။ ဒါေပမဲ့ ဒီလို တိုက္ခိုက္ရမယ့္ အေျခအေနကို ေရွာင္ရွားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာပါတယ္။

ေျမာက္ကိုရီးယားတို႔က သူတို႔ရဲ႕ ႏ်ဴကလီးယား အစီအစဥ္ကို စြန္လႊတ္ဖို႔အေရး အေမရိကန္တို႔ဘက္က လိုက္ေလ်ာမႈေတြ ေပးဖို႔အတြက္ ဒီႏွစ္ ကုန္ကို ေနာက္ဆုံးထား အခ်ိန္ကန္႔သတ္ျပီး ရာဇသံေပးထားသလို အေမရိကန္တို႔ဆီကေန လိုက္ေလ်ာမႈေတြ မရဘူးဆိုရင္ ခရစ္စမတ္ လက္ေဆာင္ေပးမယ္လို႔လည္း ေျမာက္ကိုရီးယားက သတိေပးထားပါတယ္။

ေျမာက္ကိုရီးယားတို႔ရဲ႕ ျခိမ္းေျခာက္မႈကို တံု႔ျပန္တဲ့အေနနဲ႔ အေမရိကန္ ကာကြယ္ေရး၀န္ၾကီး Mark Esper က ကၽြန္ေတာ္တို႔အေနနဲ႔ တိုက္ပြဲ၀င္ျပီး အႏိုင္ရ ယူဖို႔ အဆင္သင့္ ရွိတယ္ဆိုျပီး ေသာၾကာေန႔က လုပ္တဲ့ ၂၀၁၉ ႏွစ္ကုန္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။

ကိုရီးယားကၽြန္းဆြယ္ ႏ်ဴကလီးယား ကင္းရွင္းေရးအတြက္ ႏုိင္ငံေရးအရ ေျဖရွင္းဖို႔ နည္းလမ္းကသာ အေကာင္းဆုံး ျဖစ္တယ္လို႔ေတာ့ ၀န္ၾကီး Esper က ေျပာပါတယ္။ တစ္ျခား ထိပ္တန္း ေခါင္းေဆာင္တစ္ဦး ျဖစ္သူ အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ ပူးတြဲ စစ္ဦးစီးခ်ဳပ္ျဖစ္သူ ဗိုလ္ခ်ဳပ္ ၾကီး Mar Miley ကလည္း ကိုရီးယားကၽြန္းဆြယ္ဟာ အေမရိကန္ တပ္ဖြဲ႔ေတြကို အဆင့္ျမင့္ တပ္လွန္႔ထားတဲ့ ေနရာတစ္ခုျဖစ္သလို အေမရိကန္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏုိင္ငံ မဟာမိတ္ေတြ အၾကားမွာလည္း စည္းလုံးမႈက ေက်ာက္တိုင္လို မာေက်ာတယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံတို႔အၾကား ႏ်ဴကလီးယားဆိုင္ရာ ေဆြးေႏြးပြဲေတြဟာ ဒီႏွစ္အေစာ္ပိုင္း ေဖေဖာ္၀ါရီလထဲ မွာ စၿပီး ပ်က္ျပားခဲ့တာပါ။ မၾကာေသးမီကလည္း ႀကိဳတင္ သေဘာတူညီထားတဲ့ အဆင့္ျမင့္ ကိုယ္စားလွယ္ ေဆြးေႏြးပြဲေတြကို ေျမာက္ကိုရီးယား ကို္ယ္စားလွယ္ေတြ မတက္ေရာက္ဘဲ သပိတ္ေမွာက္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........................

မြောက်ကိုရီးယား နျူကလီးယား ပြဿနာ သံတမန်နည်းနဲ့ ဖြေရှင်းဖို့ ကန်မျှော်လင့်

(Unicode)

မြောက်ကိုရီးယားနဲ့ နျူကလီးယားအရေး ဖြေရှင်းရာမှာ လိုအပ်ရင် တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေတယ်လို့ အမေရိကန် ထိပ်တန်း တာဝန်ရှိ သူတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလို တိုက်ခိုက်ရမယ့် အခြေအနေကို ရှောင်ရှားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ မြောက် ကိုရီးယားတို့က သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို စွန်လွှတ်ဖို့အရေး အမေရိကန်တို့ဘက်က လိုက်လျောမှုတွေ ပေးဖို့အတွက် ဒီနှစ် ကုန်ကို နောက်ဆုံးထား အချိန်ကန့်သတ်ပြီး ရာဇသံပေးထားသလို အမေရိကန်တို့ဆီကနေ လိုက်လျောမှုတွေ မရဘူးဆိုရင် ခရစ်စမတ် လက်ဆောင်ပေးမယ်လို့လည်း မြောက်ကိုရီးယားက သတိပေးထားပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ကျွန်တော်တို့အနေနဲ့ တိုက်ပွဲဝင်ပြီး အနိုင်ရ ယူဖို့ အဆင်သင့် ရှိတယ်ဆိုပြီး သောကြာနေ့က လုပ်တဲ့ ၂၀၁၉ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းရှင်းရေးအတွက် နိုင်ငံရေးအရ ဖြေရှင်းဖို့ နည်းလမ်းကသာ အကောင်းဆုံး ဖြစ်တယ်လို့တော့ ဝန်ကြီး Esper က ပြောပါတယ်။ တစ်ခြား ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်သူ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပူးတွဲ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ကြီး Mar Miley ကလည်း ကိုရီးယားကျွန်းဆွယ်ဟာ အမေရိကန် တပ်ဖွဲ့တွေကို အဆင့်မြင့် တပ်လှန့်ထားတဲ့ နေရာတစ်ခုဖြစ်သလို အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ မဟာမိတ်တွေ အကြားမှာလည်း စည်းလုံးမှုက ကျောက်တိုင်လို မာကျောတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲတွေဟာ ဒီနှစ်အစော်ပိုင်း ဖေဖော်ဝါရီလထဲ မှာ စပြီး ပျက်ပြားခဲ့တာပါ။ မကြာသေးမီကလည်း ကြိုတင် သဘောတူညီထားတဲ့ အဆင့်မြင့် ကိုယ်စားလှယ် ဆွေးနွေးပွဲတွေကို မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

XS
SM
MD
LG