သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယားလက္နက္ အသံုးခ်မႈ ပုပ္ရဟန္းမင္းႀကီး ႐ႈတ္ခ်


နာဂါဆာကီၿမိဳ႕ ေဘ့စ္ေဘာအားကစား႐ုံတြင္ ေဒသခံမ်ားအား တရားေဟာၾကားေနသည့္ ပုပ္ရဟန္းမင္းႀကီး။ (ႏုိဝင္ဘာ ၂၄၊ ၂၀၁၉)

(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံကို ေရာက္ရွိေနတဲ့ ကက္သလစ္ သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis က ဒီကေန႔ တနလၤာေန႔မွာေတာ့ ၂၀၁၁ ခုႏွစ္က ငလ်င္၊ ဆူနာမီနဲ႔ ဖူကူရွီးမား ႏ်ဴကလီးယား ဓာတ္အားေပးစက္႐ုံ ယိုစိမ့္မႈ ေဘးဒုကၡေတြကေန အသက္ရွင္ က်န္ရစ္သူေတြနဲ႔ ေတြ႔ဆံုမွာျဖစ္ပါတယ္။

တနဂၤေႏြေန႔ကေတာ့ ႏ်ဴကလီးယားဗံုးဒဏ္သင့္ နာဂါဆာကီနဲ႔ ဟီ႐ုိရွီးမားၿမိဳ႕ေတြမွာ အသက္ရွင္က်န္ရစ္သူေတြကို ႏွစ္သိမ့္ တရားေဟာၾကားခဲ့ပါတယ္။

ႏ်ဴးကလီးယားစြမ္းအင္ကို လက္နက္အျဖစ္ အသံုးျပဳတာဟာ ရာဇ၀တ္မႈျဖစ္တယ္လို႔ ပုပ္ရဟန္းမင္းႀကီးက ထိုးႏွက္ ေျပာဆိုခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္က ဖူကူရွီးယား ႏ်ဴးကလီးယား ဓာတ္အားေပးစက္႐ုံ ယိုစိမ့္မႈ အပါအ၀င္ ငလ်င္နဲ႔ ဆူနာမီေဘးဒဏ္အတြင္း လူေပါင္း ၁၆၀၀၀ နီးပါး ေသဆံုးခဲ့ရတဲ့ သဘာ၀ေဘးဒဏ္ေၾကာင့္ သက္ေရာက္ခံစားရသူေတြနဲ႔ ပုပ္ရဟန္းမင္းႀကီး ေတြ႔ဆံုမွာ ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံမွာ ၂၀၁၁ ခုႏွစ္က သဘာ၀ေဘးဒဏ္ေၾကာင့္ လူ ၅ သိန္းနီးပါး အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရတာျဖစ္ၿပီး ဒီထဲက လူေပါင္း ၅ ေသာင္းေလာက္ကေတာ့ ယာယီ အိမ္ယာေတြမွာ အခုအခ်ိန္ထိ ေနထိုင္ေနၾကရဆဲ ျဖစ္ပါတယ္။

သက္ေတာ္ ၈၂ ႏွစ္အရြယ္ ပုပ္ရဟန္းမင္းႀကီးက Tokyo Dome ေဘ့စ္ေဘာအားကစားကြင္းမွာ လူထု ၀တ္ျပဳဆုေတာင္းပြဲ က်င္းပမွာ ျဖစ္သလို ဂ်ပန္ဧကရာဇ္သစ္ Naruhito၊ ဂ်ပန္၀န္ႀကီးခ်ဳပ္ Shinzo Abe တို႔နဲ႔လည္း သီးျခားေတြ႔ဆံု ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီးက ေသဒဏ္ခ်မွတ္ခံထားရသူေတြနဲ႔လည္း ေတြ႔ဆံုႏုိင္တယ္၊ ေနာက္ ဂ်ပန္ႏုိင္ငံမွာ လက္ရွိက်င့္သံုးေနဆဲျဖစ္တဲ့ ေသဒဏ္ခ်မွတ္မႈကို ေ၀ဖန္ေျပာဆိုႏုိင္တယ္ ဆိုတဲ့ ခန္႔မွန္း ေျပာဆိုခ်က္ေတြလည္း ထြက္ေပၚေနပါတယ္။

-------------------------------

(Unicode)

နျူကလီးယားလက်နက် အသုံးချမှု ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ တနင်္လာနေ့မှာတော့ ၂၀၁၁ ခုနှစ်က ငလျင်၊ ဆူနာမီနဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ယိုစိမ့်မှု ဘေးဒုက္ခတွေကနေ အသက်ရှင် ကျန်ရစ်သူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကတော့ နျူကလီးယားဗုံးဒဏ်သင့် နာဂါဆာကီနဲ့ ဟီရိုရှီးမားမြို့တွေမှာ အသက်ရှင်ကျန်ရစ်သူတွေကို နှစ်သိမ့် တရားဟောကြားခဲ့ပါတယ်။

နျူးကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုတာဟာ ရာဇဝတ်မှုဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ထိုးနှက် ပြောဆိုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က ဖူကူရှီးယား နျူးကလီးယား ဓာတ်အားပေးစက်ရုံ ယိုစိမ့်မှု အပါအဝင် ငလျင်နဲ့ ဆူနာမီဘေးဒဏ်အတွင်း လူပေါင်း ၁၆၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ သဘာဝဘေးဒဏ်ကြောင့် သက်ရောက်ခံစားရသူတွေနဲ့ ပုပ်ရဟန်းမင်းကြီး တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က သဘာဝဘေးဒဏ်ကြောင့် လူ ၅ သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာဖြစ်ပြီး ဒီထဲက လူပေါင်း ၅ သောင်းလောက်ကတော့ ယာယီ အိမ်ယာတွေမှာ အခုအချိန်ထိ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

သက်တော် ၈၂ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက Tokyo Dome ဘေ့စ်ဘောအားကစားကွင်းမှာ လူထု ဝတ်ပြုဆုတောင်းပွဲ ကျင်းပမှာ ဖြစ်သလို ဂျပန်ဧကရာဇ်သစ် Naruhito၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့နဲ့လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက သေဒဏ်ချမှတ်ခံထားရသူတွေနဲ့လည်း တွေ့ဆုံနိုင်တယ်၊ နောက် ဂျပန်နိုင်ငံမှာ လက်ရှိကျင့်သုံးနေဆဲဖြစ်တဲ့ သေဒဏ်ချမှတ်မှုကို ဝေဖန်ပြောဆိုနိုင်တယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG