သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းႀကီး နာဂါဆာကီနဲ႔ ဟီ႐ိုရွီးမားၿမိဳ႕မ်ားသို႔ သြားမည္


တုိက်ဳိၿမိဳ႕ Haneda ေလဆိပ္သုိ႔ ေရာက္ရွိလာသည့္ ပုပ္ရဟန္းမင္းႀကီး Francis. (ႏုိဝင္ဘာ ၂၃၊ ၂၀၁၉)

(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံမွာ ေရာက္ေနတဲ့ ပုပ္ရဟန္းမင္းႀကီး Francis ဟာ ဒီကေန႔ တနဂၤေႏြေန႔မွာ နာဂါဆာကီနဲ႔ ဟီ႐ိုရွီးမားၿမိဳ႕ေတြကို သြားေရာက္ၿပီး ႏ်ဴကလီးယား လက္နက္ေတြရဲ႕ အႏၲရာယ္နဲ႔ ပတ္သက္လို႔ မိန္႔ၾကားဖို႔ရွိပါတယ္။

ဒီၿမိဳ႕ႏွစ္ၿမိဳ႕ဟာ ကမာၻေပၚမွာ ဘယ္မွာမွမႀကံဳဘူးတဲ့ အဏုျမဴဗံုးဒဏ္ေၾကာင့္ လူအမ်ားအျပား ေသဆံုးၿပီး အႀကီးအက်ယ္ ေဘးဒဏ္သင့္ခဲ့တဲ့ ၿမိဳ႕ေတြပါ။

ပုပ္ရဟန္းမင္းႀကီးဟာ ထုိင္းႏုိင္ငံကေန စေနေန႔ေႏွာင္းပိုင္းက ဂ်ပန္ႏုိင္ငံကို ေရာက္လာတာပါ။ ေလးရက္ၾကာ ဂ်ပန္ႏုိ္္င္ငံခရီးစဥ္အတြင္း ပုပ္ရဟန္းမင္းႀကီးဟာ ၿငိမ္းခ်မ္းေရးနဲ႔ ဘာသာေရးအရ နားလည္လက္ခံမႈေတြနဲ႔ ပတ္သက္ၿပီး အထူးအေလးထား ေျပာဆိုမယ္္လို႔ ခန္႔မွန္းထားပါတယ္။

ကိုုယ္က်င့္တရားဆိုင္ရာ စံသတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီမႈမရွိတဲ့ ႏ်ဴကလီးယား လက္နက္ေတြ အသံုးျပဳမႈကို ဆန္႔က်င္တဲ့ မိန္႔ၾကားခ်က္ကို ဂ်ပန္ႏုိင္ငံကို ေရာက္မလာခင္ကတည္းက ဂ်ပန္လူထုကို ဗီြဒီယိုကေနတဆင့္ ပုပ္ရဟန္းမင္းႀကီးက မိန္႔ၾကားထားတာပါ။

ဒီကေန႔ တနဂၤေႏြေန႔မွာ နာဂါဆာကီၿမိဳ႕ကို ပုပ္ရဟန္းမင္းႀကီး အရင္သြားေရာက္မွာျဖစ္ၿပီး အဏုျမဴဗံုးႏွစ္လံုးနဲ႔ တိုက္ခိုက္ခံရတာေၾကာင့္ ဆိုးရြားလွတဲ့ ပ်က္စီးမႈနဲ႔ လူေသဆံုးမႈေတြ ျဖစ္ခဲ့တာကို ျပန္လည္ေျပာဆိုၿပီး ႏ်ဴကလီးယားလက္နက္ ကင္းရွင္းတဲ့ ကမာၻျဖစ္ေရး ႏိႈးေဆာ္မယ္လို႔ ခန္႔မွန္းထားပါတယ္။

ဒုတိယကမာၻစစ္ အဆံုးသတ္ခါနီးမွာ အေမရိကန္က ႏ်ဴကလီးယားဗံုးေတြနဲ႔ တိုက္ခိုက္တာေၾကာင့္ ဟီ႐ိုရွီးမားၿမိဳ႕မွာ လူေပါင္း ၇၄,၀၀၀ ထက္မနည္း ေသဆံုးခဲ့ရၿပီး နာဂါဆာကီမွာေတာ့ ၁၄၀,၀၀၀ ေသဆံုးခဲ့ရပါတယ္။

---------------------------------

(Unicode)

ပုပ်ရဟန်းမင်းကြီး နာဂါဆာကီနဲ့ ဟီရိုရှီးမားမြို့များသို့ သွားမည်

ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ နာဂါဆာကီနဲ့ ဟီရိုရှီးမားမြို့တွေကို သွားရောက်ပြီး နျူကလီးယား လက်နက်တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ မိန့်ကြားဖို့ရှိပါတယ်။

ဒီမြို့နှစ်မြို့ဟာ ကမ္ဘာပေါ်မှာ ဘယ်မှာမှမကြုံဘူးတဲ့ အဏုမြူဗုံးဒဏ်ကြောင့် လူအများအပြား သေဆုံးပြီး အကြီးအကျယ် ဘေးဒဏ်သင့်ခဲ့တဲ့ မြို့တွေပါ။

ပုပ်ရဟန်းမင်းကြီးဟာ ထိုင်းနိုင်ငံကနေ စနေနေ့နှောင်းပိုင်းက ဂျပန်နိုင်ငံကို ရောက်လာတာပါ။ လေးရက်ကြာ ဂျပန်နို်င်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေးအရ နားလည်လက်ခံမှုတွေနဲ့ ပတ်သက်ပြီး အထူးအလေးထား ပြောဆိုမယ်လို့ ခန့်မှန်းထားပါတယ်။

ကိုယ်ကျင့်တရားဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုမှုကို ဆန့်ကျင်တဲ့ မိန့်ကြားချက်ကို ဂျပန်နိုင်ငံကို ရောက်မလာခင်ကတည်းက ဂျပန်လူထုကို ဗွီဒီယိုကနေတဆင့် ပုပ်ရဟန်းမင်းကြီးက မိန့်ကြားထားတာပါ။

ဒီကနေ့ တနင်္ဂနွေနေ့မှာ နာဂါဆာကီမြို့ကို ပုပ်ရဟန်းမင်းကြီး အရင်သွားရောက်မှာဖြစ်ပြီး အဏုမြူဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ဆိုးရွားလှတဲ့ ပျက်စီးမှုနဲ့ လူသေဆုံးမှုတွေ ဖြစ်ခဲ့တာကို ပြန်လည်ပြောဆိုပြီး နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာဖြစ်ရေး နှိုးဆော်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒုတိယကမ္ဘာစစ် အဆုံးသတ်ခါနီးမှာ အမေရိကန်က နျူကလီးယားဗုံးတွေနဲ့ တိုက်ခိုက်တာကြောင့် ဟီရိုရှီးမားမြို့မှာ လူပေါင်း ၇၄,၀၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး နာဂါဆာကီမှာတော့ ၁၄၀,၀၀၀ သေဆုံးခဲ့ရပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG