သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းႀကီး Francis ဂ်ပန္ခရီးစဥ္ စတင္


တုိက်ဳိၿမိဳ႕ Haneda ေလဆိပ္သို႔ ေရာက္ရွိလာသည့္ ပုပ္ရဟန္းမင္းႀကီး Francis. (ႏုိဝင္ဘာ ၂၃၊ ၂၀၁၉)

(Zawgyi / Unicode)

ကက္သလစ္ ခရစ္ယာန္သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis ဟာ ဂ်ပန္ႏုိင္ငံကို ဒီကေန႔မွာ ေရာက္ရွိသြားၿပီျဖစ္ပါတယ္။ ဒါဟာ သူ႔ရဲ႕ အာရွခရီးစဥ္အတြင္း ဒုတိယေျမာက္ သြားေရာက္တဲ့ႏုိင္ငံျဖစ္ၿပီး တုိက်ိဳၿမိဳ႕မွာ ေလေတြမုိးေတြ သည္းေနတဲ့ၾကားကပဲ ဂ်ပန္တာ၀န္ရွိသူေတြနဲ႔ ေက်ာင္းသူေက်ာင္းသားေတြက ပုပ္ရဟန္းမင္းႀကီး Francis ကုိ တိုက်ိဳၿမိဳ႕ Haneda ေလဆိပ္မွာ ႀကိဳဆုိခဲ့ၾကပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ ဂ်ပန္ႏုိင္ငံခရီးစဥ္အတြင္း သမုိင္း၀င္ၿမိဳ႕ေတြျဖစ္တဲ့ နာဂါဆာကီနဲ႔ ဟီ႐ုိရွီးမားၿမိဳ႕ေတြကိုလည္း သြားေရာက္မွာျဖစ္ၿပီး မနက္ျဖန္ တနဂၤေႏြေန႔မွာေတာ့ ၁၉၄၅ ခုႏွစ္က အေမရိကန္က ဂ်ပန္ႏုိင္ငံကို အဏုျမဴဗုံးႀကဲခ်ခဲ့တဲ့ Hypocenter ပန္းၿခံမွာ ႏ်ဴကလီးယားဆန္႔က်င္ေရး မိန္႔ခြန္းကို ေျပာၾကားသြားမယ္လို႔ ခန္႔မွန္းရပါတယ္။

အဲဒီေနာက္ေတာ့ ပုပ္ရဟန္းမင္းႀကီးဟာ ဂ်ပန္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္အတြင္း ငလ်င္နဲ႔ ဆူနာမီေရလႈိင္းဒဏ္နဲ႔ ဖူကူရွီးမား ႏ်ဴကလီးယား ဓာတ္အားေပးစက္႐ုံက ႏ်ဴကလီးယား ယိုစိမ့္မႈျပႆနာေတြ အတြင္းမွာ ဒုကၡေရာက္ခဲ့ၾကတဲ့ ဂ်ပန္ျပည္သူေတြနဲ႔ ေတြ႔ဆုံသြားဖုိ႔ ရွိပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ ဂ်ပန္ႏုိင္ငံမသြားခင္ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြ အတြင္းကေတာ့ သူဟာ ထုိင္းႏုိင္ငံကို သြားေရာက္ခဲ့တာျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီး Francis အတြက္ေတာ့ ဒီတႀကိမ္မတုိင္ခင္မွာလည္း အာရွခရီးစဥ္ ၂ ခု ထြက္ခဲ့ဖူးတာေၾကာင့္ ဒါဟာ သူ႔ရဲ႕ တတိယေျမာက္ အာရွခရီးစဥ္ ျဖစ္ပါတယ္။ သူဟာ အာရွကို ပထမအႀကိမ္အျဖစ္ ၂၀၁၄ ခုႏွစ္မွာတုန္းက ဖိလစ္ပုိင္နဲ႔ သီရိလကၤာႏုိင္ငံေတြကုိ ႂကြေရာက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာေတာ့ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏုိင္ငံေတြကုိ ႂကြေရာက္ခဲ့တာျဖစ္ပါတယ္။

----------------------------

(Unicode)

ပုပ်ရဟန်းမင်းကြီး Francis ဂျပန်ခရီးစဉ် စတင်

ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဟာ ဂျပန်နိုင်ငံကို ဒီကနေ့မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အာရှခရီးစဉ်အတွင်း ဒုတိယမြောက် သွားရောက်တဲ့နိုင်ငံဖြစ်ပြီး တိုကျိုမြို့မှာ လေတွေမိုးတွေ သည်းနေတဲ့ကြားကပဲ ဂျပန်တာဝန်ရှိသူတွေနဲ့ ကျောင်းသူကျောင်းသားတွေက ပုပ်ရဟန်းမင်းကြီး Francis ကို တိုကျိုမြို့ Haneda လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဂျပန်နိုင်ငံခရီးစဉ်အတွင်း သမိုင်းဝင်မြို့တွေဖြစ်တဲ့ နာဂါဆာကီနဲ့ ဟီရိုရှီးမားမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပြီး မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ ၁၉၄၅ ခုနှစ်က အမေရိကန်က ဂျပန်နိုင်ငံကို အဏုမြူဗုံးကြဲချခဲ့တဲ့ Hypocenter ပန်းခြံမှာ နျူကလီးယားဆန့်ကျင်ရေး မိန့်ခွန်းကို ပြောကြားသွားမယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီနောက်တော့ ပုပ်ရဟန်းမင်းကြီးဟာ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်နဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံက နျူကလီးယား ယိုစိမ့်မှုပြဿနာတွေ အတွင်းမှာ ဒုက္ခရောက်ခဲ့ကြတဲ့ ဂျပန်ပြည်သူတွေနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဂျပန်နိုင်ငံမသွားခင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းကတော့ သူဟာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis အတွက်တော့ ဒီတကြိမ်မတိုင်ခင်မှာလည်း အာရှခရီးစဉ် ၂ ခု ထွက်ခဲ့ဖူးတာကြောင့် ဒါဟာ သူ့ရဲ့ တတိယမြောက် အာရှခရီးစဉ် ဖြစ်ပါတယ်။ သူဟာ အာရှကို ပထမအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်မှာတုန်းက ဖိလစ်ပိုင်နဲ့ သီရိလင်္ကာနိုင်ငံတွေကို ကြွရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ကြွရောက်ခဲ့တာဖြစ်ပါတယ်။

ပုပ္ရဟန္းမင္းႀကီး Francis ဂ်ပန္ခရီးစဥ္ စတင္
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG