သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းႀကီး ထုိင္းနဲ႔ ဂ်ပန္ခရီးစဥ္ စတင္


(Zawgyi/Unicode)

ပုပ္ရဟန္းမင္းႀကီး Francis ဟာ ထိုင္းနဲ႔ ဂ်ပန္ႏုိင္ငံေတြကိုသြားမယ့္ အာရွေဒသခရီးစဥ္ကို အဂၤါေန႔ညက စတင္ၿပီျဖစ္ပါတယ္။ ဒီ ႏွစ္ႏုိင္ငံစလုံုးဟာ ဗုဒၶဘာသာကိုးကြယ္သူ အမ်ားစုရွိတဲ့ႏိုင္ငံေတြျဖစ္ၿပီး ခရစ္ယာန္ဘာသာဝင္က လူနည္းစုျဖစ္ပါတယ္။

အခုခရီးစဥ္ဟာ သူ ပုပ္ရဟန္းမင္းႀကီး ျဖစ္လာၿပီးကတည္းကဆိုရင္ အာရွေဒသ ေလးႀကိမ္ေျမာက္ခရီးစဥ္ျဖစ္ၿပီး ႏွစ္ႏုိင္ငံစလံုးမွာ ရွိတဲ့ ကက္သလစ္ခရစ္ယာန္ဘာသာဝင္ လူနည္းစုေတြကို စိတ္ဓာတ္ခြန္အားျမႇင့္တင္ေပးဖို႔ အဓိကရည္ရြယ္တာပါ။ ဒါေပမယ့္လည္း သူ မၾကာခဏ အေလးထားေျပာေလ့ရွိတဲ့ လူမႈပတ္ဝန္းက်င္ဆိုင္ရာ အဓိကစိုးရိမ္ခ်က္ေတြကိုလည္း ေျပာဆိုမယ္ လုိ႔ ခန္႔မွန္းထားပါတယ္။

ထိုင္းႏုိင္ငံမွာ လူထုတရားပြဲႏွစ္ခုလုပ္ဖုိ႔ စီစဥ္ထားၿပီး အဲဒီထဲကတခုကို အားကစား႐ံုတခုအတြင္း လုပ္မွာျဖစ္ၿပီးေတာ့ လူ ၅၅,၀၀၀ တက္မယ္္လုိ႔ ခန္႔မွန္းထားပါတယ္။ ေဒသတြင္း ႏွစ္ေပါင္းမ်ားစြာၾကာ ကိစၥရပ္ေတြျဖစ္တဲ့ လူေမွာင္ခိုကူးမႈနဲ႔ အမ်ဳိးသမီးနဲ႔ ကေလး ေတြကို လိင္ပိုင္းအသံုးခ်မႈဆိုင္ရာ ကိစၥရပ္ေတြကို အဲဒီတရားပြဲအတြင္း မိန္႔ၾကားမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဒုကၡသည္အေရးကိစၥကို လည္း ပုပ္ရဟန္းမင္းႀကီး ေျပာဆိုဖြယ္ရွိပါတယ္။

ထိုင္းႏုိင္ငံကေနတဆင့္ ဂ်ပန္ႏုိင္ငံကို ခရီးဆက္မွာျဖစ္ၿပီး ဒီခရီးစဥ္ဟာ ပုပ္ရဟန္းမင္းႀကီးရဲ႕ ဂ်ပန္ႏုိင္ငံ ပထမဆံုးခရီးစဥ္ျဖစ္ၿပီး ေတာ့ နာဂါဆာကီၿမိဳ႕ကို အရင္ဆံုးသြားမွာပါ။ နာဂါဆာကီၿမိဳ႕ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀ နီးပါးက ဂ်ပန္ႏိုင္ငံမွာ ခရစ္ယာန္ ဘာသာ ပထမဆံုး စတင္ဝင္ေရာက္ခဲ့တဲ့ၿမိဳ႕ျဖစ္ပါတယ္။ အဲဒီအခ်ိန္က ခရစ္ယာန္ဘာသာ ကိုးကြယ္သူေတြကို ရာစုႏွစ္အေတာ္ ၾကာ ဖိႏွိပ္သုတ္သင္ပစ္တာေၾကာင့္ ေဘးအႏၲရာယ္ရင္ဆိုင္ရတဲ့ ကက္သလစ္ဘာသာဝင္ အစုေလးတစုဟာ နာဂါဆာကီၿမိဳ႕မွာ ဘယ္သူမွမသိေအာင္ ခရစ္ယာန္ဘာသာကို ကိုးကြယ္ခဲ့ၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ပုပ်ရဟန်းမင်းကြီး ထိုင်းနဲ့ဂျပန်ခရီးစဉ် စတင်

(Unicode)

ပုပ်ရဟန်းမင်းကြီး Francis ဟာ ထိုင်းနဲ့ဂျပန်နိုင်ငံတွေကိုသွားမယ့် အာရှဒေသခရီးစဉ်ကို အင်္ဂါနေ့ညက စတင်ပြီဖြစ်ပါတယ်။ ဒီ နှစ်နိုင်ငံစလုံးဟာ ဗုဒ္ဓဘာသာကိုးကွယ်သူ အများစုရှိတဲ့နိုင်ငံတွေဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်က လူနည်းစုဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ သူ ပုပ်ရဟန်းမင်းကြီး ဖြစ်လာပြီးကတည်းကဆိုရင် အာရှဒေသ လေးကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှာ ရှိတဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင် လူနည်းစုတွေကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးဖို့ အဓိကရည်ရွယ်တာပါ။ ဒါပေမယ့်လည်း သူ မကြာခန အလေးထားပြောလေ့ရှိတဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အဓိကစိုးရိမ်ချက်တွေကိုလည်း ပြောဆိုမယ် လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ လူထုတရားပွဲနှစ်ခုလုပ်ဖို့ စီစဉ်ထားပြီး အဲဒီထဲကတခုကို အားကစားရုံတခုအတွင်း လုပ်မှာဖြစ်ပြီးတော့ လူ ၅၅,၀၀၀ တက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒေသတွင်း နှစ်ပေါင်းများစွာကြာ ကိစ္စရပ်တွေဖြစ်တဲ့ လူမှောင်ခိုကူးမှုနဲ့ အမျိုးသမီးနဲ့ ကလေး တွေကို လိင်ပိုင်းအသုံးချမှုဆိုင်ရာ ကိစ္စရပ်တွေကို အဲဒီတရားပွဲအတွင်း မိန့်ကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်အရေးကိစ္စကို လည်း ပုပ်ရဟန်းမင်းကြီး ပြောဆိုဖွယ်ရှိပါတယ်။

ထိုင်းနိုင်ငံကနေတဆင့် ဂျပန်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ဂျပန်နိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ပြီး တော့ နာဂါဆာကီမြို့ကို အရင်ဆုံးသွားမှာပါ။ နာဂါဆာကီမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ နီးပါးက ဂျပန်နိုင်ငံမှာ ခရစ်ယာန် ဘာသာ ပထမဆုံး စတင်ဝင်ရောက်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ အဲဒီအချိန်က ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေကို ရာစုနှစ်အတော် ကြာ ဖိနှိပ်သုတ်သင်ပစ်တာကြောင့် ဘေးအန္တရာယ်ရင်ဆိုင်ရတဲ့ ကက်သလစ်ဘာသာဝင် အစုလေးတစုဟာ နာဂါဆာကီမြို့မှာ ဘယ်သူမှမသိအောင် ခရစ်ယာန်ဘာသာကို ကိုးကွယ်ခဲ့ကြရပါတယ်။

XS
SM
MD
LG