ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ထိုင်းနိုင်ငံကို ရှားရှားပါးပါး သွားရောက်ပြီး၊ ဂျပန်ကိုလည်း ဆက်သွားဖို့ရှိပါတယ်။နိုဝင်ဘာလထဲ သွားမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ဒီ အာရှခရီးစဉ်ထဲမှာ၊ နျုကလီးယား လက်နက် လုံးဝဖျက်သိမ်းရေး တောင်းဆိုဖို့နဲ့၊ ထိုင်းနဲ့ဂျပန်က လူနည်းစု ခရစ်ယာန်အသိုင်းအဝိုင်းကို ချီးမြောက်ဖို့ အဓိက ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးအနေနဲ့ အာရှတိုက်ကို နိုဝင်ဘာ ၁၉ ကနေ ၂၆ အတွင်း ခရီးထွက်မှာဖြစ်ကြောင်း Ventican အသင်းတော်က အတည်ပြုလိုက်ပြီး၊ ထိုင်းနိုင်ငံဆိုင်ရာ Ventican သံကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် Paul Tschang In-Nam ကလည်း ထိုင်းခရီးစဉ်ကို၊ ဒီနေ့ ကြေညာလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ထိုင်းနိုင်ငံကို နိုဝင်ဘာ ၂၀ နဲ့ ၂၃ ရက်တွေမှာ ဝင်ရောက်မှာဖြစ်ပြီး၊ အဲ့ဒီနောက် ဂျပန်ကို ဆက်ထွက်မှာပါ။ ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ် ခုလို နိုဝင်ဘာလ ကုန်ပိုင်းတုံးကပဲ၊ ပထမဆုံး ရောက်ရှိခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံကိုတော့ ၁၉၈၄ ခုနှစ်တုံးက ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် John Paul ထိုင်းနိုင်ငံကို သွားခဲ့ပြီး၊ နောက်ထပ် ပုပ်ရဟန်းမင်း ခရီးစဉ်တွေ မရှိခဲ့တာ ကြာပါပြီ။
ပုပ်ရဟန်းမင်းကြီး Francis ရဲ့ အခု ဂျပန် ခရီးစဉ်အတွင်းမှာတော့၊ တိုကျိုမြို့တော်အပြင်၊ ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်ရဲ့ အနုမြူဗုံးဒဏ် ခံခဲ့ရတဲ့ ဟီရိုရှီးမား နဲ့ နာဂါစကီမြို့တွေကို ဝင်ရောက်ဖို့ရှိပါတယ်။
.......................
Unicode Version