သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ မျှော်လင့်ချက်


“ဒုက္ခသည်ဆိုင်ရာ ကမ္ဘာ့ သဘောတူစာချုပ်” တခုကို ဒီနှစ်အတွင်း ရအောင်လုပ်ဖို့ အစိုးရတွေရဲ့ ရည်မှန်းချက်ဟာ ပဋိပက္ခနဲ့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှုတွေကြောင့် နိုင်ငံစွန့်ခွါ ထွက်ပြေးရသူတွေအတွက် အထောက်အပံ့နဲ့ အကာအကွယ်ပေးရေး၊ တာဝန်ခံမှုနဲ့ လူသားဆန်မှုတွေ ပါဝင်တဲ့ သဘောတူညီချက်တရပ် ရနိုင်ဖို့ဖြစ်မယ်” လို့ သူမျှော်လင့်ကြောင်း ပုပ်ရဟန်းမင်း ကြီး Francis ကပြောပါတယ်။

အဲဒီလို သဘောတူညီချက်မျိုးဟာ “ဘေးရန်ကင်းစွာ ရွှေ့ပြောင်းနေထိုင်ရေး” ကို ရည်ရွယ်သင့်တယ်လို့ တနင်္ဂနွေနေ့က ဗာတီကန်၊ စိန့်ပီတာရင်ပြင်မှာလုပ်တဲ့ ဝတ်ပြု ဆုတောင်းပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက မိန့်ပါတယ်။

သူတို့ကို လက်ခံထားတဲ့ လူမှုအဝန်းအဝိုင်းမှာ ပိုပြီးတော့ ကောင်းမွန် အဆင်ပြေစွာ အသက်ရှင် နေထိုင်နေရေးအတွက် ဒုက္ခသည်တွေ မျှဝေ အားထုတ် လုပ်ဆောင်ချက်တွေကို တန်ဖိုးထားကြပါလို့ ပုပ်ရဟန်းမင်းကြီးက အားလုံးကို တောင်းဆိုသွား ပါတယ်။

“အပြန်အလှန်လေးစားမှု” ဟာ ဒီကိစ္စရဲ့ ပြဿနာအများအပြားအတွက် အဖြေတွေရဖို့ ဦးတည်စေလိမ့်မယ်လို့လည်း ပုပ်ရဟန်းမင်းက မိန့်ကြားသွားပါတယ်။

အဲဒီနောက် ယီမင်ပဋိပက္ခအကြောင်း ပုပ်ရဟန်းမင်းကြီးက ဆက်ပြောပြီး တိုက်ခိုက်နေသူတွေအားလုံး ဆွေးနွေးပြောဆိုပြီး ဆက်ဖြစ်နေတဲ့ ပဋိပက္ခ အဆုံးသတ်သွားအောင်လုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG