သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက်ဖျက်သိမ်းရေး ပုပ်ရဟန်းမင်းတောင်းဆို


ပုပ်ရဟန်းမင်းကြီး Francis (၂၀၁၇-ဒီဇင်ဘာ ၇ ရက်နေ့)
ပုပ်ရဟန်းမင်းကြီး Francis (၂၀၁၇-ဒီဇင်ဘာ ၇ ရက်နေ့)

လူ့အခွင့်အရေးကို ခုခံကာကွယ်ဖို့အတွက် နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အထူးသဖြင့် အားနည်းသူတွေနဲ့ ချို့တဲ့ နွမ်းပါးသူတွေအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နျူကလီးယားကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်အောင် တစိုက်မတ်မတ် အားထုတ် လုပ်ဆောင်ကြဖို့ လိုအပ်နေကြောင်း သူ့ရဲ့ အိမ်တော်ကနေ St. Peter’s ရင်ပြင်မှာ ရှိနေကြတဲ့ ပရိတ်သတ်ကြီးကို ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ အနုမြူလက်နက် တားမြစ်ရေးဆိုင်ရာ သဘောတူညီချက် ချနိုင်ရေး စည်းရုံး လုပ်ဆောင်နေတဲ့ ICAN နိုင်ငံတကာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအဖွဲ့ကို အခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်တဲ့ တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီးက အဲဒီလို ပြောကြားလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားတို့အကြား တင်းမာမှုတွေ တိုးမြင့် ဖြစ်ပေါ်လာနေချိန်မှာ နျူကလီးယား လက်နက်တွေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ စာနာမှုဆိုင်ရာ ဘေးဒုက္ခတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့် ဆိုးရွားတဲ့ အန္တရာယ်တွေကို ပုပ်ရဟန်းမင်းကြီးက အကြိမ်ကြိမ် ထပ်လောင်း ပြောကြားနေတာဖြစ်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြားက အငြင်းပွားမှုကို တတိယ နိုင်ငံတခုက ကြားဝင် ဆောင်ရွက်ပေးဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG