သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကို ကူညီဖို့ နှစ်သစ်ကူးဆုတောင်းမှာ ပုပ်ရဟန်းမင်းကြီးပြော


ပုပ်ရဟန်းမင်းကြီးFrancis

ဒုက္ခသည်တွေနဲ့ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့အဖြစ်က ကမ္ဘာမှာအားအနည်းဆုံးနဲ့ ကူညီမှုတွေအလိုအပ်ဆုံးကိစ္စ ရပ်တွေပဲလို့ ၂၀၁၈ခု နှစ်သစ်ကူးဟောကြားချက်ထဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အဓိကထားထည့်သွင်းဟောကြားခဲ့ ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

၂၀၁၈ခု နှစ်သစ်ကူးအထိမ်းအမှတ် ဗာတီကန်နန်းတော်ရဲ့ရင်ပြင်မှာကျင်းပခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ဝတ်ပြုဆုတောင်းပွဲ မှာ ပရိတ်သတ် လေးသောင်းလောက်တက်ရောက်ခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့၂၀၁၈ခုနှစ်သစ် အဖွင့်ဟောကြား ချက်မှာ အဓိကရွေးချယ်ပြီးဟောပြောတဲ့အကြောင်းအရာကတော့ ကမ္ဘာတ၀ှမ်းက ရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေရဲ့အကြောင်းပါပဲ။

"ငြိမ်းချမ်းတဲ့ အနာဂတ်ကိုရနိုင်ဖို့ ကြိုးစားတောင်းဆိုနေ ကြတဲ့ ညီအကိုမောင်နှမတွေအတွက် သူတို့ရဲ့ ကိုယ်စား ကျွန်ုပ်ထပ်ပြီးပြောဆိုပါရစေ။ ဒီလိုငြိမ်းချမ်းမှုဆိုတာက လူတိုင်းရဲ့ရပိုင်ခွင့်တခုပါ။ ဒီငြိမ်းချမ်းမှုကိုရနိုင်ဖို့ ခက်ခဲ့ကြမ်းတမ်းပြီး အန္တရာယ်များတဲ့လမ်းကို သူတို့တွေတော်တော် များများက ဘ၀နဲ့ရင်းပြီးဖြတ်သန်း လိုကြပါတယ်။ သူတို့ရဲ့နှလုံးသားထဲ က ငြိမ်းချမ်းမှုမျှော်လင့်ချက် ကို မှေးမှိန်သွားအောင် ကျနော်တို့ မလုပ်သင့်ပါဘူး။ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအခြေချနေ ထိုင်သူတွေရဲ့အနာဂတ်ငြိမ်းချမ်းဖို့ဆိုတာ လူတိုင်းက၊ လူမှုအဖွဲ့အစည်းတိုင်း၊ ဘုရားကျောင်းတိုင်းက အသေအချာလုပ် ဆောင်ပေးရမယ့် အရေးကြီးတဲ့ကိစ္စပါ။ အခုလိုနှစ်သစ်ကူးအခါသမယမှာ သူတို့တတွေအတွက် အကူအညီအထောက် အပံ့တွေပိုပြီးရရှိ အောင်၊ ကမ္ဘာကြီးက သူတို့တတွေကို လက်ခံကြိုဆိုအောင်လုပ်ဆောင်နိုင်ရေး ခွန်အားတွေကို ဘုရားသခင် ဖန်ဆင်းပေးသနားတော်မူပါ။"

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဒုက္ခသည်တွေနဲ့ရွေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ အခက်အခဲတွေကို ပိုပြီးအကူအညီ တွေပေးဖို့ ကမ္ဘ့ာ့ခေါင်းဆောင်တွေကို သိကြားနိုင်အောင်တိုက်တွန်းတယ်လို့လည်းဟောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့မကြာခင်တုန်းကမြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ကြွရောက်ခဲ့တဲ့ခရီးစဉ်တွေအတွင်းမှာလည်း မူဆလင်ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့ပါသေးတယ်။ လူတွေအမြောက်အများထွက်ပြေးရတဲ့ဒုက္ခတွေမဖြစ်ရအောင် နိုင်ငံရေးပြဿနာတွေကို အသေအချာဖြေရှင်းဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ခရစ္စမတ် နေ့ဝတ်ပြုဆုတောင်းပွဲမှာတုန်းကလည်း သူ့ရဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်နဲ့ပတ်သက်ပြီးထည့်သွင်းဟောကြားခဲ့ ပါသေးတယ်။

"မကြာခင်တုန်းက မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ကျွန်ုပ်ရောက်သွားခဲ့ပြီး အဲဒီမှာကလေးငယ်တွေနဲ့တွေ့ဆုံခဲ့ရ စဉ်မှာ ယေရှုသခင်ကို ကျွန်ုပ်တကြိမ်ထပ်ပြီး ဖူးခွင့်ရခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းဟာ ဒီဒေသအတွင်းက လူနည်းစု အုပ်စုတွေကို အကူအညီပေးတာတွေ၊ အကာအကွယ်ပေးတာတွေကို ရပ်မထားပဲ အသေအချာဆက်ပြီးပေး နေဖို့ ကျွန်ုပ်မျှော်လင့်ချက်ထားခဲ့ပါတယ်"

၂၀၁၈နှစ်သစ်ကူးဆုတောင်းဝတ်ပြုပွဲအတွင်း ပုပ်ရဟန်းမင်းကြီးရဲ့ဟောကြားချက်တွေထဲမှာ တရားမ၀င်လာရောက် နေထိုင်ကြမယ့်သူတွေ အမေရိကန်ပြည်ထောင်စုကိုဝင်လို့မရအောင် မက္ကဆီကိုနယ်စပ်တကြောမှာ တတိုင်းခတ်ဖို့လုပ်နေတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့အစီအစဉ်ကိုလည်း ပုပ်ရဟန်းမင်းကြီးကထည့်သွင်းဝေဖန် ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG