သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းနဲ့ မြန်မာလူငယ်တွေ တွေ့ဆုံပွဲ

ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်ဘာသာဝင် လူငယ်တွေနဲ့ St. Mary’s Cathedral မှာ ဝတ်ပြု ဆုတောင်းပွဲပြုလုပ် ခဲ့ပါတယ်။ (နိုဝင်ဘာ ၃၀-၂၀၁၇)
ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်ဘာသာဝင် လူငယ်တွေနဲ့ St. Mary’s Cathedral မှာ ဝတ်ပြု ဆုတောင်းပွဲပြုလုပ် ခဲ့ပါတယ်။ (နိုဝင်ဘာ ၃၀-၂၀၁၇)

မြန်မာနိုင်ငံကို ၄ ရက်ခရီးနဲ့လာရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့မှာပဲ ဘင်္ဂလားဒေရှ့်နိုင်ငံကို ခရီးဆက်သွားပါပြီ။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နောက်ဆုံးနေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်ဘာသာဝင် လူငယ်တွေနဲ့ St. Mary’s Cathedral မှာ ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ ခုလိုကမ္ဘာ့အထင်ကရ ဘာသာရေးခေါင်းဆောင်ကြီး တယောက်မြန်မာနိုင်ငံကို လာရောက်တဲ့အတွက် မြန်မာနိုင်ငံရဲ့အနာဂါတ် ပိုမိုငြိမ်းချမ်းစေမယ်လို့ ဘာသာဝင်တွေ မေ ျှာ်လင့်နေကြပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်နောက်ဆုံးနေ့အကြောင်း ရန်ကုန်မြို့ကနေ မစုမြတ်မွန်က သတင်းပို့ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာသူ့ရဲ့ ခရီးစဉ်နောက်ဆုံးဖြစ်တဲ့ ဒီကနေ့ မနက်က St. Mary’s Cathedral မှာ မစ္ဆားတရားတော်ပူဇော်ခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင် လူငယ်တွေကို ဦးဆောင်တဲ့ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကက်သလစ်လူငယ်တွေပါဝင်ခဲ့ကြပါတယ်။

လူငယ်တွေဟာ ဘုရားသခင်ရဲ့ အဆုံးအမတွေ ဝမ်းမြောက်စရာသတင်းကောင်းတွေကို သယ်ဆောင်ပေးတဲ့ ဘုရားသခင်ရဲ့ တမန်တော်တွေဖြစ်ကြတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းဆိုတဲ့ သတင်းကောင်းကို ယုံကြည်ကြ သူတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ကမ္ဘာကြီးအတွက် မေ ျှာ်လင့်ခြင်းတွေ ကို သယ်ဆောင်ပေးသူတွေဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။ ဒုက္ခရောက်နေကြတဲ့ ညီအကို မောင်နှမတွေအတွက် သတင်းကောင်းတွေကို သယ်ဆောင်ပေးဖို့ အသင့်ဖြစ်နေအောင်လည်း လူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

"ခွန်အားလိုအပ်နေသူတွေအတွက် မေ ျှာ်လင့်ခြင်းသတင်းစကားတွေကို သင်တို့ရဲ့ အသက်။ သင်တို့ရဲ့ နှလုံးသားနဲ့ကြားအောင်ပို့ဆောင်ပေးကြပါ။ နာမကျန်းဖြစ်နေသူတွေကို ကူညီလက်ကမ်းပါ။ သူစိမ်းတွေကို နှုတ်ဆက်ပြုံးပြပါ။ အထီးကျန်နေသူတွေကို ဖေးမကူညီကြပါ။"

ကြီးမားတဲ့ချစ်ခြင်းမေတ္တာနဲ့ လူငယ်အားလုံးသာမက သူတို့ရဲ့မိသားစုဝင်အားလုံးကို မယ်တော်မာယာစောင့်ရှောက်ပေးဖို့ ပုပ်ရဟန်းမင်းကြီးက အပ်နှံခဲ့တဲ့အပြင် သူ့အတွက်ကိုလည်း ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဘုရားသခင်ကောင်းချီးပေးပါစေ"လို့လည်း ပုပ်ရဟန်းမင်းကြီးက မြန်မာလိုဆုတောင်းပေးခဲ့ပါတယ်။

" မြန်မာပြည်ကို ဘုရားသခင် ကောင်းချီးပေးပါစေ"

လူငယ်တွေအနေနဲ့ ရဲရင့်ကြဖို့။ ဝမ်းမြောက်ပျော်ရွှင်ကြဖို့ကိုလည်း လူငယ်တွေကို ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားခဲ့ပါတယ်။

ဒီကနေ့ St. Mary’s Cathedral မှာပြုလုပ်တဲ့ မစ္ဆားတရားပူဇော်ပွဲက ဗုဒ္ဓဟူးနေ့က ကျိုက္ကစံကွင်းမှာ ကျင်းပတဲ့ပွဲလောက် လူမများပေမဲ့ လူငယ်ထောင်နဲ့ချီ စိတ်အား ထက်သန်စွာနဲ့ ပါဝင်ဝတ်ပြုခဲ့ကြပါတယ်။

ဝတ်ပြုပွဲပြီးတဲ့နောက်မှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ရန်ကုန်လေဆိပ်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံ Dhaka မြို့ဆီကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်း ကက်သလစ်ဘာသာဝင် ၇ သိန်းလောက်သာရှိတဲ့ မြန်မာနိုင်ငံဆီကို ပုပ်ရဟန်းမင်းကြီးတပါး ပထမဆုံးအကြိမ်လာရောက်တဲ့အတွက် မြန်မာနိုင်ငံပိုပြီး ငြိမ်းချမ်းလာဖို့ မေ ျှာ်လင့်ချက်တွေ ဘာသာဝင်တွေကြားမှာ မြင့်မားနေကြပါတယ်။

" ကျမတို့ မြန်မာပြည်မှာ ရှိတဲ့ ကက်သလစ်အသင်းတော်အတွက်လည်း အကျိုးရှိသလို ကျမတို့ တိုင်းပြည်အတွက်လည်း အများကြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့အတိုင်းပေါ့နော် ကျမတို့တိုင်းပြည်အတွက်လည်း အများကြီး လူသားတွေအတွက်လည်း အများကြီး အကျိုးသက်ရောက်မှုရှိမှာပဲလို့ ကျမ ယုံကြည်ပါတယ်။"

ပုပ်ရဟန်းမင်းကြီးဟောကြားတဲ့ တရားတွေကို ကြားရနိုင်ဖို့ ပြင်ဦးလွင်မြို့ကနေလာခဲ့တဲ့ Sister Maria ကြင်ဖြစ်ပါတယ်။

အင်းစိန်သာသနာက ဒေါ် Jenny ကလည်း ပုပ်ရဟန်းမင်းကြီးရဲ့ခရီးက မြန်မာနိုင်ငံ အတွက် အကျိုးရှိလိမ့်မယ်လို့ မေ ျှာ်လင့်နေပါတယ်။

" အရမ်းပျော်တယ် တိုင်းပြည်အတွက်လည်း အရမ်းအကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် တိုင်းပြည်အတွက် ငြိမ်းချမ်းသာယာခြင်းတွေ လူတွေရဲ့ နှလုံးသားတွေ အကုန်လုံးပေါ့နော် တိုင်းပြည်အတွက်လည်း စစ်ရေး ငြိမ်းချမ်းရေး အားလုံး အတွက် အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်လို့။"

ရန်ကုန်မြို့ခံနောက်တယောက်ဖြစ်တဲ့ ဒေါ် Elizabeth ကြူကြူခင်ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ငြိမ်းချမ်းမှုတွေ ကူးစက်ခံစားရတယ်လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးကို လေဆိပ်မှာ တကူးတကလာနှုတ်ဆက်သူ ကိုနော်အောင်ကတော့ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို နောက်ထပ်လာဖို့ မေ ျှာ်လင့်နေပါတယ်။

" ပုပ် ဖရမ်ဆစ်ရောက်ရှိခြင်းဟာ ကျနော်တို့အတွက် မျှော်လင့်ခြင်းတွေ ရင်ထဲမှာ ကိုယ်စီကိုယ်ဌ ခံစားကြမှာပါ။ ငြိမ်းချမ်းခြင်းတွေ ရရှိကြပါတယ်။ ပျော်ရွှင်တယ် အခုလို နောက်တခါလည်း မြန်မာပြည်အတွက် မြန်မာပြည်ကို ပြန်လည်ရောက်ရှိ လာဖို့အတွက်လည်း မျှော်လင့်ပါတယ်။ "

နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ မြန်မာနိုင်ငံကို ၄ ရက်ကြာလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ နေပြည်တော်မှာ သမ္မတဦးထင်ကျော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တေ့ွဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းမှုတွေလုပ်ခဲ့တဲ့ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲခံနေရချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ပုပ်ရဟန်းမင်းကြီလက်ခံတွေ့ဆုံခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးတည်းခိုခဲ့တဲ့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီးရဲ့ နေအိမ်မှာ ၁၅ မိနစ်လောက်သာကြာတဲ့ တေ့ွဆုံမှုအတွင်း အပြောင်းအလဲတွေလုပ်နေတဲ့ မြန်မာနိုင်ငံမှာ အာဏာရှိသူတွေရဲ့ တာဝန်ဘယ်လောက်ကြီးမားတယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ Vatican ပြောခွင့်ရသူက Vatican radio ကိုပြောကြားခဲ့ပါတယ်။

မနေ့ကတော့ နိုင်ငံတော်သင်္ဃာ့မဟာနာယက ဆရာတော်ကြီးတွေနဲ့ ကမ္ဘာအေးကုန်းမြေမှာ ပုပ်ရဟန်းမင်းကြီး Francis သွားရောက်တွေ့ဆုံပြီး တရားမ ျှတရေး။ ငြိမ်းချမ်းရေးနဲ့ လူ့ဂုဏ်သိက္ခာရှိရေးတို့အတွက် မြန်မာနိုင်ငံမှာသာမက ကမ္ဘာတဝန်းက ဘာသာရေးခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြားကြလေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် အရေးကြီးတယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က အလေးထားပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကက်သလစ်ဘာသာဝင်အများစုဟာ အပြည့်အဝ မငြိမ်းချမ်းသေးတဲ့ စစ်ပွဲတွေရှိနေသေးတဲ့ ကချင်ပြည်နယ်။ ကယားပြည်နယ်။ ချင်းပြည်နယ်တို့လို ဒေသတွေကဖြစ်ကြတဲ့အတွက် ဘာသာဝင်တွေအနေနဲ့ နာကျည်းမှုတွေ နာကျင်ခံစားမှုတွေကို ခွင့်လွှတ်သည်းခံစိတ်နဲ့ ကျော်လွှားကြဖို့ ပုပ်ရဟန်းမင်းကြီးက တရားဟောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ဆက်သွားတဲ့ ဘင်္ဂင်္လားဒေရှ့်နိုင်ငံရောက်ရင်လည်း ဆင်းရဲ ဒုက္ခရောက်နေကြသူတွေ။ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် စိတ်ခွန်အားဖြစ်စေတဲ့ စကားတွေကို ပုပ်ရဟန်းမင်းကြီး Francis ပြောကြားလိမ့်မယ်လို့ မေ ျှာ်လင့်ရပါတယ်ရှင်။

ပုပ်ရဟန်းမင်းနဲ့ မြန်မာလူငယ်တွေ တွေ့ဆုံပွဲ
please wait

No media source currently available

0:00 0:04:14 0:00
တိုက်ရိုက် လင့်ခ်

ပုပ်ရဟန်းမင်းကြီးရဲ့ ကက်သလစ်ဘာသာဝင် မြန်မာလူငယ်တွေနဲ့ St. Mary’s Cathedral ဝတ်ပြုဆုတောင်းပွဲ သတင်းဓာတ်ပုံများ

Pope Francis arrives to leads a Mass at St Mary's Cathedral in Yangon
1/6 Pope Francis arrives to leads a Mass at St Mary's Cathedral in Yangon
နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာသူ့ရဲ့ ခရီးစဉ်နောက်ဆုံးဖြစ်တဲ့ ဒီကနေ့ မနက်က St. Mary’s Cathedral မှာ မစ္ဆားတရားတော်ပူဇော်ခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင် လူငယ်တွေကို ဦးဆောင်တဲ့ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကက်သလစ်လူငယ်တွေပါဝင်ခဲ့ကြပါတယ်။
Pope Francis blesses faithful during a Mass at St Mary's Cathedral in Yangon
2/6 Pope Francis blesses faithful during a Mass at St Mary's Cathedral in Yangon
နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာသူ့ရဲ့ ခရီးစဉ်နောက်ဆုံးဖြစ်တဲ့ ဒီကနေ့ မနက်က St. Mary’s Cathedral မှာ မစ္ဆားတရားတော်ပူဇော်ခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင် လူငယ်တွေကို ဦးဆောင်တဲ့ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကက်သလစ်လူငယ်တွေပါဝင်ခဲ့ကြပါတယ်။
Pope Francis leaves after celebrating a Mass at St Mary's Cathedral in Yangon
3/6 Pope Francis leaves after celebrating a Mass at St Mary's Cathedral in Yangon
နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာသူ့ရဲ့ ခရီးစဉ်နောက်ဆုံးဖြစ်တဲ့ ဒီကနေ့ မနက်က St. Mary’s Cathedral မှာ မစ္ဆားတရားတော်ပူဇော်ခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင် လူငယ်တွေကို ဦးဆောင်တဲ့ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကက်သလစ်လူငယ်တွေပါဝင်ခဲ့ကြပါတယ်။
Pope Francis leads a Mass at St Mary's Cathedral in Yangon
4/6 Pope Francis leads a Mass at St Mary's Cathedral in Yangon
နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာသူ့ရဲ့ ခရီးစဉ်နောက်ဆုံးဖြစ်တဲ့ ဒီကနေ့ မနက်က St. Mary’s Cathedral မှာ မစ္ဆားတရားတော်ပူဇော်ခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင် လူငယ်တွေကို ဦးဆောင်တဲ့ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကက်သလစ်လူငယ်တွေပါဝင်ခဲ့ကြပါတယ်။
Pope Francis waves as he arrives to lead a Mass at St Mary's Cathedral in Yangon
5/6 Pope Francis waves as he arrives to lead a Mass at St Mary's Cathedral in Yangon
နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာသူ့ရဲ့ ခရီးစဉ်နောက်ဆုံးဖြစ်တဲ့ ဒီကနေ့ မနက်က St. Mary’s Cathedral မှာ မစ္ဆားတရားတော်ပူဇော်ခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင် လူငယ်တွေကို ဦးဆောင်တဲ့ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကက်သလစ်လူငယ်တွေပါဝင်ခဲ့ကြပါတယ်။
Pope Francis blesses faithful during a Mass at St Mary's Cathedral in Yangon
6/6 Pope Francis blesses faithful during a Mass at St Mary's Cathedral in Yangon
နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာသူ့ရဲ့ ခရီးစဉ်နောက်ဆုံးဖြစ်တဲ့ ဒီကနေ့ မနက်က St. Mary’s Cathedral မှာ မစ္ဆားတရားတော်ပူဇော်ခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင် လူငယ်တွေကို ဦးဆောင်တဲ့ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကက်သလစ်လူငယ်တွေပါဝင်ခဲ့ကြပါတယ်။
Previous slide
Next slide

XS
SM
MD
LG