သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အာရပ်စော်ဘွားများပြည်ထောင်စုကို သွားရောက်


ပုပ်ရဟန်းမင်းကြီး ကို အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al ကြိုဆို
ပုပ်ရဟန်းမင်းကြီး ကို အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al ကြိုဆို

အာရေဗျ ကျွန်းဆွယ်ကို ပုပ်ရဟန်းမင်းကြီးတပါးရဲ့ ပထမဆုံးခရီးစဉ်အဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှာ ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကိုအိမ်ရှေ့မင်းသား Mohammed bin Zayed Al Nahyan ကိုယ်တိုင် သမ္မတနန်းတော်မှာ လက်ခံကြိုဆိုခဲ့ပါတယ်။

Abu Dhabi မြို့တော်မှာ ဒီနေ့ တနင်္လာနေ့ ညနေပိုင်းကျင်းပမယ့် ဘာသာပေါင်းစုံညီလာခံကို ပုပ်ရဟန်းမင်းကြီး Francis တက်ရောက် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ဒီနေ့ အစောပိုင်းကတော့ Sheikh Zayed Grand Mosque ဗလီကြီးမှာ မွတ်ဆလင်ကောင်စီနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အီဂျစ်နိုင်ငံ Al-Azhar ဗလီက ဘာသာရေးခေါင်းဆောင်ကြီး Sheikh Ahmed al-Tayeb ကပုပ်ရဟန်းမင်းကြီးကို ကြိုဆိုခဲ့ပါတယ်။ မွတ်ဆလင်နိုင်ငံတခုဖြစ်တဲ့ UAE မှာ တခြားဘာသာ အားလုံးကို ကြိုဆိုလက်ခံတယ်ဆိုတာ ပြသတဲ့အနေနဲ့ ဒီနှစ်ကို နားလည်သည်းခံခြင်းနှစ်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီနေ့ကျင်းပမယ့် ဘာသာပေါင်းစုံညီလာခံမှာလည်း မူဆလင်၊ ခရိယာန်၊ ဂျူး၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။ အင်္ဂါနေ့ကျရင်တော့ အာရပ်နိုင်ငံတခုမှာ အကြီးကျယ်ဆုံးဖြစ်မယ့် Catholic ဘာသာဝင်တို့ရဲ့ ဝတ်ပြုဆုတောင်းပွဲကြီးကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ အဲဒီပွဲကို ပရိတ်သတ် ၁ သိန်းကျော် တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ ဘာသာတွေကြားဆက်ဆံရေးမှာ သမိုင်းစာမျက်နှာသစ်ဖွင့်တဲ့ခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်းကြီး Francis ကဖော်ပြပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG