သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သစ် 


Fr. မာကိုတင်ဝင်း (ဓါတ်ပုံ ခရက်ဒစ် cbcm-osc)
Fr. မာကိုတင်ဝင်း (ဓါတ်ပုံ ခရက်ဒစ် cbcm-osc)

မန္တလေးမြို့က ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်အသစ် အဖြစ် Fr. Marco တင်ဝင်း ကိုခန့်အပ်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis ရဲ့ မနေ့တုန်းကကြေညာချက်အပေါ် မြန်မာနိုင်ငံရဲ့ ကက်သလစ် ရဟန်းအမတ် ချားလ်စ်မောင်ဘို က ဝမ်း မြောက်စရာ သတင်းလို့ တုံ့ပြန်ကြိုဆိုတဲ့အကြောင်း ဗာတီကန်သတင်းမှာ ဖေါ်ပြထားပါတယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ Fr. မာကိုတင်ဝင်းဟာ မန္တလေးကက်သလစ်ဂိုဏ်းချုပ် Nicholas Mang Thang ရဲ့ နေရာမှာအသစ်ဆက်ခံခဲ့တဲ့သူပါ။ အသက်၇၅နှစ်ပြည့်ရင် အနားယူရမယ့်သတ်မှတ်ချက်ကြောင့် မနေ့တုန်းကပဲ မန္တလေးကက်သလစ်ဂိုဏ်းချုပ် အဟောင်းနဲ့ အသစ်နေရာလဲခဲ့ကြတာပါ။ အသစ်ဖြစ်လာတဲ့ Fr. တင်ဝင်းက ရွှေဘိုနယ်သားပါ။

သူဟာ အီတလီနိုင်ငံ ၊ ရောမမြို့က Pontifical Urban တက္ကသိုလ်မှာ ၁၉၉၂ ခုနှစ် ကနေ ၉၇ခုနှစ် အထိ ဘာသာရေးဆိုင်ရာလေ့လာမှုတွေလုပ်ခဲ့ပြီး ဒဿနိက ဗေဒနဲ့ ပါရဂူဘွဲ့ ရခဲ့သူဖြစ်ပါတယ်။ လောလောဆယ် မန္တလေးနဲ့ မေမြို့က အထင်ကရ ကက်သလစ်ဘုရားကျောင်းတွေမှာ ဒဿနိကဗေဒကို သင်ကြားပို့ချနေတဲ့ ပါမောက္ခချုပ်လည်းဖြစ်ပါတယ်။

မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သစ်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG