သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဒီနယ်လ် Charles Bo အာရှကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ


 ကာဒီနယ်လ် ရဟန်းအမတ် Charles Maung Bo
ကာဒီနယ်လ် ရဟန်းအမတ် Charles Maung Bo

မြန်မာနိုင်ငံက ကာဒီနယ် ရဟန်းအမတ် Charles Maung Bo ကို အာရှ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအဖွဲ့ FABC ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြောက်လိုက်ကြပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ကျင်းပတဲ့ FABC ဗဟိုကော်မီတီ စည်းဝေးပွဲမှာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ရဟန်းအမတ် Charles Maung Bo ကို ရွေးကောက် တင်မြောက်လိုက်ကြတာပါ။ ကာဒီနယ် Charles Maung Bo ဟာ သူ့ရဲ့ ဥက္ကဋ္ဌ ရာထူးကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် ထမ်းဆောင်မှာ ဖြစ်ပါတယ်။

ကာဒီနယ် Charles Maung Bo ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဒုတိယသက်တမ်းပြည့်တော့မယ့် ဘုံဘေကက်သလစ်ဂိုဏ်းချုပ် Oswald Bracias ရဲ့ နေရာကို အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။

လက်ရှိမှာ သက်တော် ၇၀ ရှိပြီဖြစ်တဲ့ Charles Maung Bo ကို ပုပ်ရဟန်းမင်းကြီး Francis က ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ် ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့တာပါ။

အာရှ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအဖွဲ့ FABC မှာ အမြဲတမ်းအဖွဲ့ဝင် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၁၉ ဦးနဲ့ ပူးတွဲ အဖွဲ့ဝင် ၈ ဦးတို့ ပါဝင်ပါတယ်။ ဒီအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကတော့ အာရှတိုက်အတွင်းမှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းတွေနဲ့ အဖွဲ့ဝင်တွေအကြား စည်းလုံး ညီညွတ်မှုနဲ့ လူမှုဘ၀ ဖူလုံရေး လုပ်ငန်းတွေ လုပ်ဆောင်ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG