သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အိုင်ယာလန်ရောက်ရှိ


Pope Francis ရဲ့ အိုင်ယာလန် ၂ ရက်ခရီးစဉ်အစ Dublin နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၈)
Pope Francis ရဲ့ အိုင်ယာလန် ၂ ရက်ခရီးစဉ်အစ Dublin နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၈)

ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ရပ်တွေအပေါ် ဆန့်ကျင် ရပ်တည်ဖို့ ပုပ်ရဟန်းမင်းကြီး Franscisရဲ့ အိုင်ယာလန်ခရီးစဉ်အတွင်း တောင်းဆိုနေကြပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအနေနဲ့ ဒီကနေ့မနက်ပိုင်းက အိုင်ယာလန်မြို့တော် ဒပ်ဘလင်ကို ပုပ်ရဟန်းမင်းကြီး ရောက်ရှိ လာတာပါ။

၁၉၇၉ ခုနှစ်က ပုပ်ရဟန်းမင်းကြီး John Paul II လာရောက် လည်ပတ်ခဲ့ပြီး နောက်ပိုင်းကတည်းက အိုင်ယာလန်မှာ ကက်သလစ်ဘာသာနဲ့ ပတ်သတ်လို့ သဘောထား ပြောင်းလဲလာခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနောက်က ကက်သလစ် ဘုန်းတော်ကြီးအချို့က ငယ်ရွယ်တဲ့ အမျိုးသားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာအပြီးမှာတေ့ာ ပိုပြီး ကွာဟလာပါတယ်။

အမေရိကန်၊ ချီလီနဲ့ သြစတြေးလျနိုင်ငံတွေမှာ ကက်သလစ် ဘာသာရေးခေါင်းဆောင်အချို့ရဲ့ လိင်ပိုင်း ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာချိန်မှာ ပုပ်ရဟန်းမင်းကြီး Francis အခုလို အလည်အပတ် ရောက်လာတာလည်း ဖြစ်ပါတယ်။

အိုင်ယာလန်မှာလည်း အဲဒီလို လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေ ဖြစ်ပွါးခဲ့ဖူးတာကြောင့် ပုပ်ခရီးစဉ်ကို ဆန့်ကျင်သူ တချို့လည်း ရှိပါတယ်။ ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့လိင်ပိုင်း အမြတ်ထုတ်မှုကို ခံခဲ့ရ သူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေကို ထောက်ခံသူတွေက ပုပ်ရဟန်းမင်းကြီး အနေနဲ့ နစ်နာခဲ့ရသူတချို့နဲ့ တွေ့ဆုံခဲ့တာထက် ပိုလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ် အဓိကရည်ရွယ်ချက်ဟာ ၃ နှစ်တကြိမ်ကျင်းပတဲ့ ကမ္ဘာ့မိသားစုတွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ဖြစ်ပြီး မနက်ဖန် တနင်္ဂနွေနေ့မှာတော့ ဒပ်ဗလင်က Phoenix ပန်းခြံမှာ ဘာသာဝင်တွေနဲ့ တွေ့ဆုံပွဲမှာ လူ ၅ သိန်းလောက်တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီမှာ ဆန္ဒပြမယ့်သူတွေကတော့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ လိင်ပိုင်းအမြတ်ထုတ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး အိုင်ယာလန်ရောက်ရှိ
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG