သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူအချင်းချင်း ရိုင်းပင်းကြဖို့ ပုပ်ရဟန်းမင်း ခရစ္စမတ် အမှာစကားပါး


ကမ္ဘာ့ပေါ်က နိုင်ငံတိုင်းနဲ့ ယဉ်ကျေးမှုတိုင်းမှာ လူအချင်းချင်း ရိုင်းပင်းကူညီကြဖို့ဆုတောင်းတယ်လို့ ပုပ်ရဟန်းမင်းကြီးက Christmas နေ့ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။ အစ္စရေးနဲ့ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးရဖို့အပြင် ဆီးရီးယားနဲ့ Yeman နိုင်ငံတွေမှာ ငြိမ်းချမ်းစေဖို့ မျှော်လင့်တယ်လို့လည်း ဒီကနေ့ Saint Peter’s Basilica ဘုရားကျောင်း ဝရန်တာထွက်ပြီး Christmas ဝတ်ပြုဆုတောင်းစဉ်မှာ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို St. Peter's ရင်ပြင်မှာ ကမ္ဘာတဝန်းက ခရိယာန်ဘာသာဝင် ထောင်နဲ့ချီ လာရောက်ခဲ့ကြပါတယ်။ တနင်္လာနေ့ညကလည်း St. Peter's Basilica ဘုရားရှိခိုးကျောင်းထဲမှာလုပ်တဲ့ Christmas အကြိုည ဝတ်ပြုဆုတောင်းပွဲမှာ ခရိယာန်ဘာသာဝင်တွေအနေနဲ့ ပကာသနကို ရှေ့တန်းမတင်ဘဲ အလှူဒါန၊ မေတ္တာတရားတို့နဲ့ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းကြဖို့ ပုပ်ရဟန်းမင်းကြီး Francis ကတိုက်တွန်းခဲ့ပါတယ်။

"လူတွေဟာ လောဘတွေ၊ လိုအင်ဆန္ဒတွေပြင်းပြလာကြပါတယ်။ ဒီကနေ့ခေတ်မှာ ပိုင်ဆိုင်မှုတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေရှိမှ ဘဝအဓိပ္ပါယ်ရှိတယ်လို့ တော်တော်များများခံယူလာကြပါတယ်။ လူအများအပြားဟာ နေ့စဉ်ရှင်သန်နိုင်ဖို့ စားစရာတောင်မရှိချိန်မှာ လူတချို့တော့ ဇိမ်ခံစားသောင်နေကြတယ်"လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားတာပါ။

နွားတင်းကုပ်မှာ ဆင်းဆင်းရဲရဲမွေးဖွားခဲ့တဲ့ ယေရှုခရစ်တော်ရဲ့ဘဝကို ပြန်အောက်မေ့ပြီး ရုပ်ဝတ္ထုတွေကို ရှေ့တန်းတင်တဲ့ ဘဝကိုမ မက်ကြဖို့နဲ့ မရှိဆင်းရဲသားတွေကို လှူဒါန်းကူညီသွားဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားပါတယ်။ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းပြီး ဘဝအဓိပ္ပါယ်ကို ရှာဖွေသွားကြဖို့ ခရိယာန် ၁ သောင်းလောက်တက်ရောက်တဲ့ ဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က ပြောကြားသွားပါတယ်။

လူအချင်းချင်း ရိုင်းပင်းကြဖို့ ပုပ်ရဟန်းမင်း ခရစ္စမတ် အမှာစကားပါး
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG