(Zawgyi/Unicode)
ဗုဒၶဘာသာ၀င္ အမ်ားစုရွိရာ ထုိင္းႏုိင္ငံကုိ ၃ ရက္ၾကာ ခရီးစဥ္အျဖစ္ ကက္လသစ္ခရစ္ယာန္ သာသနာပုိင္ ပုပ္ရဟန္းမင္းႀကီး Francis ဒီကေန႔ပဲ ေရာက္ရွိလာပါတယ္။
ဘန္ေကာက္ၿမိဳ႕ေတာ္က ဒြန္ေမာင္း အျပည္ျပည္ဆုိင္ရာ ေလဆိပ္ကုိ ေရာက္လာခ်ိန္မွာေတာ့ အာဂ်င္တီးနား ႏုိင္ငံက ၀မ္းကဲြညီမလည္းျဖစ္၊ ငယ္သူငယ္ခ်င္းလည္းျဖစ္တဲ့ အသက္ ၇၇ ႏွစ္အရြယ္ သီလရွင္ Sister Ana Rosa Sivori က ေႏြးေႏြးေထြးေထြး ႏႈတ္ဆက္ႀကိဳဆုိခဲ့တာပါ။ ၁၉၈၄ ခုႏွစ္တုန္းက ပုပ္ရဟန္းမင္း ဒုတိယေျမာက္ John Paul ရဲ႕ ခရီးစဥ္အၿပီး ပထမဆုံးအႀကိမ္ ထုိင္းႏုိင္ငံကုိ ပုပ္ရဟန္းမင္း ၾကြလာတဲ့ ခရီးစဥ္လည္း ျဖစ္ပါတယ္။
လက္ရွိလူဦးေရ ၆၉ သန္းေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ အနည္းအက်ဥ္းသာရွိတဲ့ ကက္လသလစ္ ခရစ္ယာန္ေတြရဲ႕ ပထမဆုံး သာသာနာျပဳေတြ ေရာက္လာခဲ့တဲ့ အႏွစ္ ၃၅၀ ျပည့္ အထိမ္းအမွတ္နဲ႔ တုိက္ဆုိင္ၿပီး ပုပ္ရဟန္းမင္း ၾကြလာတာလည္း ျဖစ္ပါတယ္။
ပုပ္ရဟန္းမင္းႀကီး Francis ဟာ မနက္ျဖန္မွာေတာ့ ထုိင္းဘုရင္ မဟာ၀ဇီရာေလာင္ကြန္း၊ ၀န္ႀကီးခ်ဳပ္ ပရာရြတ္ခ်န္အုိခ်ာ၊ ထုိင္းႏုိင္ငံဗုဒၶဘာသာ သာသနာပုိင္ဆရာေတာ္တုိ႔နဲ႔ ေတြ႔ဆုံၿပီး၊ ဘန္ေကာက္ၿမိဳ႕က အမ်ဳိးသား အားကစား႐ုံမွာ တရားေဟာၾကားဖုိ႔လည္း စီစဥ္ထားပါတယ္။
ေသာၾကာေန႔မွာေတာ့ ဘန္ေကာက္ၿမိဳ႕ေတာ္က Cathedral ဘုရားေက်ာင္းမွာ တရားေဟာၾကားမွာပါ။ ဒီေနာက္မွာေတာ့ ပုပ္ရဟန္းမင္းႀကီး Francis ဟာ ဂ်ပန္ႏုိင္ငံကုိ ဆက္လက္ထြက္ခြာၿပီး၊ ဒုတိယကမာၻစစ္ အဆုံးသတ္ကာနီး အခ်ိန္မွာပဲ အေမရိကန္က အႏုျမဴဗုံးနဲ႔ တုိက္ခုိက္တာ ခံခဲ့ရတဲ့ ဟီ႐ုိရွီးမားနဲ႔ နာဂါစကီ ၿမိဳ႕ေတြကုိ သြားေရာက္မွာ ျဖစ္ပါတယ္။
ပုပ္ရဟန္းမင္းႀကီးဟာ ဒီတႀကိမ္မတုိင္ခင္မွာလည္း အာရွခရီးစဥ္ ၂ ခု ထြက္ခဲ့ဖူးပါတယ္။ ပထမအႀကိမ္အျဖစ္ ၂၀၁၄ ခုႏွစ္မွာတုန္းက ဖိလစ္ပုိင္နဲ႔ သီရိလကၤာႏုိင္ငံေတြကုိ ၾကြေရာက္ခဲ့ၿပီး၊ ၂၀၁၇ ခုႏွစ္မွာေတာ့ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံေတြကုိ ၾကြေရာက္ခဲ့တာပါ။
.......................
ပုပ်ရဟန်းမင်းကြီး Francis ထိုင်းနိုင်ငံရောက်ရှိ
(Unicode)
ဗုဒ္ဓဘာသာဝင် အများစုရှိရာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ကက်လသစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ပဲ ရောက်ရှိလာပါတယ်။
ဘန်ကောက်မြို့တော်က ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာချိန်မှာတော့ အာဂျင်တီးနား နိုင်ငံက ဝမ်းကွဲညီမလည်းဖြစ်၊ ငယ်သူငယ်ချင်းလည်းဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် သီလရှင် Sister Ana Rosa Sivori က နွေးနွေးထွေးထွေး နှုတ်ဆက်ကြိုဆိုခဲ့တာပါ။ ၁၉၈၄ ခုနှစ်တုန်းက ပုပ်ရဟန်းမင်း ဒုတိယမြောက် John Paul ရဲ့ ခရီးစဉ်အပြီး ပထမဆုံးအကြိမ် ထိုင်းနိုင်ငံကို ပုပ်ရဟန်းမင်း ကြွလာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
လက်ရှိလူဦးရေ ၆၉ သန်းကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ အနည်းအကျဉ်းသာရှိတဲ့ ကက်လသလစ် ခရစ်ယာန်တွေရဲ့ ပထမဆုံး သာသာနာပြုတွေ ရောက်လာခဲ့တဲ့ အနှစ် ၃၅၀ ပြည့် အထိမ်းအမှတ်နဲ့ တိုက်ဆိုင်ပြီး ပုပ်ရဟန်းမင်း ကြွလာတာလည်း ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ဟာ မနက်ဖြန်မှာတော့ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၊ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၊ ထိုင်းနိုင်ငံဗုဒ္ဓဘာသာ သာသနာပိုင်ဆရာတော်တို့နဲ့ တွေ့ဆုံပြီး၊ ဘန်ကောက်မြို့က အမျိုးသား အားကစားရုံမှာ တရားဟောကြားဖို့လည်း စီစဉ်ထားပါတယ်။
သောကြာနေ့မှာတော့ ဘန်ကောက်မြို့တော်က Cathedral ဘုရားကျောင်းမှာ တရားဟောကြားမှာပါ။ ဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဂျပန်နိုင်ငံကို ဆက်လက်ထွက်ခွာပြီး၊ ဒုတိယကမ္ဘာစစ် အဆုံးသတ်ကာနီး အချိန်မှာပဲ အမေရိကန်က အနုမြူဗုံးနဲ့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ ဟီရိုရှီးမားနဲ့ နာဂါစကီ မြို့တွေကို သွားရောက်မှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဒီတကြိမ်မတိုင်ခင်မှာလည်း အာရှခရီးစဉ် ၂ ခု ထွက်ခဲ့ဖူးပါတယ်။ ပထမအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်မှာတုန်းက ဖိလစ်ပိုင်နဲ့ သီရိလင်္ကာနိုင်ငံတွေကို ကြွရောက်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်မှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ကြွရောက်ခဲ့တာပါ။