သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နည္းပညာတိုးတက္မႈရဲ႕ အႏၲရာယ္က်ႏုိင္ေျခေပၚ ထိုင္းလူငယ္ေတြကို ပုပ္ရဟန္းမင္း သတိေပး


ပုပ္ရဟန္းမင္းႀကီး ဖရန္႔စစ္စ္ရဲ႕ ထိုင္းႏိုင္ငံခရီးစဥ္ (၂၀၁၉ ခုႏွစ္ ၊ ႏို၀င္ဘာလ ၂၂ ရက္ေန႔ )

(Zawgyi/Unicode)

နည္းပညာေၾကာင့္ အႏၲရာယ္ျဖစ္ႏုိင္ေျခနဲ႔ လူငယ္ေတြရဲ႕ အာ႐ံုစိုက္မႈရေအာင္ အၿပိဳင္အဆိုင္လုပ္ၾကတဲ့အေပၚ ပုပ္ရဟန္းမင္းႀကီး ဖရန္႔စစ္စ္က ေသာၾကာေန႔မွာ သတိေပး မိန္႔ၾကားပါတယ္။ ထိုင္းႏိုုင္ငံခရီးစဥ္ ေနာက္ဆံုးရက္မွာ လူငယ္ေတြတက္ေရာက္တဲ့ တရားပြဲအတြင္း ပုပ္ရဟန္းမင္းႀကီးက အဲဒီလိုမိန္႔ၾကားသြားတာပါ။

“ျမန္ဆန္လွတဲ့ နည္းပညာဖြံ႔ၿဖိဳးတိုးတက္မႈေတြဟာ အသက္ရွင္ေနထိုင္မႈ ပိုၿပီးလြယ္ကူေစေရး ႀကီးမားတဲ့ အလားအလာေတြကို လမ္းဖြင့္ေပးႏုိင္သလို ပစၥည္းေတြ အလြန္အကၽြံသံုးစြဲတာနဲ႔ ႐ုပ္ဝတၴဳကို ဦးစားေပးလြန္းတာေတြလည္း ႀကီးထြားလာႏိုင္ပါတယ္” လို႔ ပုပ္ရဟန္းမင္းႀကီးက သတိေပးပါတယ္။

ထိုင္းႏုိင္ငံ ေလးရက္ၾကာခရီးစဥ္္အတြင္း ပုပ္ရဟန္းမင္းႀကီးက ဘာသာကြဲေတြၾကား သဟဇာတျဖစ္ဖို႔နဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ဖို႔ ႏိႈးေဆာ္မိန္႔ၾကားခဲ့ပါတယ္။ ထိုင္းႏုိင္ငံခရီးစဥ္ၿပီးတဲ့ေနာက္ စေနေန႔က်ရင္ ဂ်ပန္ႏုိင္ငံကိုခရီးဆက္မွာျဖစ္ၿပီး ကမာၻမွာ တခုတည္း ေသာ အႏုျမဴဗံုးဒဏ္သင့္ ဂ်ပန္ႏုိင္ငံမွာလည္း ဒီလိုမိန္႔ၾကားခ်က္ေတြကို ဆက္ေျပာသြားဖြယ္ရွိပါတယ္။

၁၆ ရာစုႏွစ္က ဥေရာပသာသနာျပဳအဖြဲ႔ေတြကေနတဆင့္ ထုိင္းႏုိင္ငံကို ခရစ္ယာန္ဘာသာ စေရာက္လာတာျဖစ္ၿပီး ခုခ်ိန္ထိ ကိုးကြယ္သူနည္းေနေသးေပမယ့္ ယံုၾကည္မႈခိုင္မာၾကသလို လူမ်ားစုျဖစ္တဲ့ ဗုဒၶဘာသာဝင္ေတြနဲ႔ ၿငိမ္းၿငိမ္္းခ်မ္းခ်မ္းပဲ အတူ ယွဥ္တြဲေနထိုင္ေနၾကတာပါ။

လူငယ္ ခရစ္ယာန္ဘာသာဝင္ေတြဟာ လူႀကီး ခရစ္ယာန္ဘာသာဝင္ေတြေလာက္ ဘာသာေရးဟာ သူတို႔အတြက္ သိပ္အေရးႀကီး လွတယ္လုိ႔ မယူဆၾကတဲ့အေၾကာင္း Pew သုေတသနအဖြဲ႔က ၿပီးခဲ့တဲ့ႏွစ္မွာေကာက္ယူတဲ့ စစ္တမ္းမွာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

နည်းပညာတိုးတက်မှုရဲ့ အန္တရာယ်ကျနိုင်ခြေပေါ် ထိုင်းလူငယ်တွေကို ပုပ်ရဟန်းမင်း သတိပေး

(Unicode)

နည်းပညာကြောင့် အန္တရာယ်ဖြစ်နိုင်ခြေနဲ့ လူငယ်တွေရဲ့ အာရုံစိုက်မှုရအောင် အပြိုင်အဆိုင်လုပ်ကြတဲ့အပေါ် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က သောကြာနေ့မှာ သတိပေး မိန့်ကြားပါတယ်။ ထိုင်းနိုင်ငံခရီးစဉ် နောက်ဆုံးရက်မှာ လူငယ်တွေတက်ရောက်တဲ့ တရားပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက အဲဒီလိုမိန့်ကြားသွားတာပါ။

“မြန်ဆန်လှတဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေဟာ အသက်ရှင်နေထိုင်မှု ပိုပြီးလွယ်ကူစေရေး ကြီးမားတဲ့ အလားအလာတွေကို လမ်းဖွင့်ပေးနိုင်သလို ပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာနဲ့ ရုပ်ဝတ္ထုကို ဦးစားပေးလွန်းတာတွေလည်း ကြီးထွားလာနိုင်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက သတိပေးပါတယ်။

ထိုင်းနိုင်ငံ လေးရက်ကြာခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးက ဘာသာကွဲတွေကြား သဟဇာတဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နှိုးဆော်မိန့်ကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံခရီးစဉ်ပြီးတဲ့နောက် စနေနေ့ကျရင် ဂျပန်နိုင်ငံကိုခရီးဆက်မှာဖြစ်ပြီး ကမ္ဘာမှာ တခုတည်း သော အနုမြူဗုံးဒဏ်သင့် ဂျပန်နိုင်ငံမှာလည်း ဒီလိုမိန့်ကြားချက်တွေကို ဆက်ပြောသွားဖွယ်ရှိပါတယ်။

၁၆ ရာစုနှစ်က ဥရောပသာသနာပြုအဖွဲ့တွေကနေတဆင့် ထိုင်းနိုင်ငံကို ခရစ်ယာန်ဘာသာ စရောက်လာတာဖြစ်ပြီး ခုချိန်ထိ ကိုးကွယ်သူနည်းနေသေးပေမယ့် ယုံကြည်မှုခိုင်မာကြသလို လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲ အတူ ယှဉ်တွဲနေထိုင်နေကြတာပါ။

လူငယ် ခရစ်ယာန်ဘာသာဝင်တွေဟာ လူကြီး ခရစ်ယာန်ဘာသာဝင်တွေလောက် ဘာသာရေးဟာ သူတို့အတွက် သိပ်အရေးကြီး လှတယ်လို့ မယူဆကြတဲ့အကြောင်း Pew သုတေသနအဖွဲ့က ပြီးခဲ့တဲ့နှစ်မှာကောက်ယူတဲ့ စစ်တမ်းမှာ တွေ့ရပါတယ်။

XS
SM
MD
LG