(Zawgyi / Unicode)
ကမၻာ့ေခါင္းေဆာင္ေတြအေနနဲ႔ အဏုျမဴလက္နက္ေတြနဲ႔ စစ္ေအးေခတ္ကာလ အေတြးအျမင္ အယူအဆေတြကို စြန္႔လႊတ္ၾကဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က ေတာင္းဆိုလိုက္ပါတယ္။ ပုပ္ရဟန္းမင္းႀကီး Francis ဟာ အာရွတိုက္တြင္း တပတ္ၾကာခရီးစဥ္နဲ႔ ဂ်ပန္ႏိုင္ငံကို ေရာက္ရွိေနတာပါ။
ပုပ္ရဟန္းမင္းႀကီးက ဒီကေန႔မွာေတာ့ ဒုတိယကမၻာစစ္အတြင္းက အဏုျမဴဗံုးႀကဲတာကို ခံခဲ့ရတဲ့ နာဂါဆာကီနဲ႔ ဟီ႐ုိရွီးမားၿမိဳ႕ေတြကို သြားေရာက္ခဲ့ၿပီး အခုလို ေျပာၾကားခဲ့တာပါ။
ႏ်ဴကလီးယားလက္နက္ေတြကို အစုလိုက္ အပံုလိုက္ ထားျခင္းက လံုၿခံဳေရးကို ေလ်ာ့က်ေစၿပီး ေငြေၾကးျဖဳန္းတီးရာ ေရာက္သလို လူသားထုအေပၚမွာလည္း ၿခိမ္းေျခာက္ရာ ေရာက္တယ္လို႔ သူက ေျပာပါတယ္။
ပုပ္ရဟန္းမင္းႀကီးက ဒီကေန႔ နာဂါဆာကီၿမိဳ႕ကို သြားေရာက္ၿပီး ဒုတိယကမၻာစစ္အတြင္းက အဏုျမဴဗံုးဒဏ္ေၾကာင့္ ေသဆံုးခဲ့ရသူေတြအတြက္ လြမ္းသူ႔ပန္းေခြခ် ဆုေတာင္းေမတၱာ ပို႔သခဲ့ပါတယ္။
၁၉၄၅ ခုႏွစ္ ၾသဂုတ္လ ၆ ရက္ေန႔က ဟီ႐ုိရွီးမားၿမိဳ႕ကို အေမရိကန္တို႔က အဏုျမဴဗံုးႀကဲ တိုက္ခိုက္ခဲ့တဲ့အတြက္ လူေပါင္း ၁ သိန္း ၄ ေသာင္း ေသဆံုးခဲ့ရၿပီး ေနာက္ ၃ ရက္အၾကာ နာဂါဆာကီၿမိဳ႕ကို ထပ္ၿပီး အဏုျမဴဗံုးနဲ႔ တိုက္ခိုက္ခဲ့တဲ့အတြက္ လူေပါင္း ၇ ေသာင္း ၄ ေထာင္ ေသဆံုးခဲ့ရတာပါ။ အသက္မေသ က်န္ရစ္သူေတြဟာလည္း အဏုျမဴေရာင္ျခည္သင့္ ကင္ဆာေရာဂါမ်ိဳးစံုကို ခံစားခဲ့ၾကရပါတယ္။
ပုပ္ရဟန္းမင္းႀကီး Francis ဟာ ဒီကေန႔ ေႏွာင္းပိုင္းမွာေတာ့ ဟီ႐ုိရွီးမားၿမိဳ႕ကို ဆက္လက္သြားေရာက္ခဲ့ၿပီး ကမၻာတ၀ွမ္း ႏ်ဴကလီးယားလက္နက္ ကင္းစင္ေရးအတြက္ လုပ္ေဆာင္ၾကဖို႔ကို အဓိကထား တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
---------------------------------
(Unicode)
ပုပ်ရဟန်းမင်း နာဂါဆာကီမြို့မှာ လူထုနဲ့တွေ့ဆုံ
ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အဏုမြူလက်နက်တွေနဲ့ စစ်အေးခေတ်ကာလ အတွေးအမြင် အယူအဆတွေကို စွန့်လွှတ်ကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တောင်းဆိုလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ဟာ အာရှတိုက်တွင်း တပတ်ကြာခရီးစဉ်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတာပါ။
ပုပ်ရဟန်းမင်းကြီးက ဒီကနေ့မှာတော့ ဒုတိယကမ္ဘာစစ်အတွင်းက အဏုမြူဗုံးကြဲတာကို ခံခဲ့ရတဲ့ နာဂါဆာကီနဲ့ ဟီရိုရှီးမားမြို့တွေကို သွားရောက်ခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။
နျူကလီးယားလက်နက်တွေကို အစုလိုက် အပုံလိုက် ထားခြင်းက လုံခြုံရေးကို လျော့ကျစေပြီး ငွေကြေးဖြုန်းတီးရာ ရောက်သလို လူသားထုအပေါ်မှာလည်း ခြိမ်းခြောက်ရာ ရောက်တယ်လို့ သူက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးက ဒီကနေ့ နာဂါဆာကီမြို့ကို သွားရောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် လွမ်းသူ့ပန်းခွေချ ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က ဟီရိုရှီးမားမြို့ကို အမေရိကန်တို့က အဏုမြူဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁ သိန်း ၄ သောင်း သေဆုံးခဲ့ရပြီး နောက် ၃ ရက်အကြာ နာဂါဆာကီမြို့ကို ထပ်ပြီး အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၇ သောင်း ၄ ထောင် သေဆုံးခဲ့ရတာပါ။ အသက်မသေ ကျန်ရစ်သူတွေဟာလည်း အဏုမြူရောင်ခြည်သင့် ကင်ဆာရောဂါမျိုးစုံကို ခံစားခဲ့ကြရပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ နှောင်းပိုင်းမှာတော့ ဟီရိုရှီးမားမြို့ကို ဆက်လက်သွားရောက်ခဲ့ပြီး ကမ္ဘာတဝှမ်း နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် လုပ်ဆောင်ကြဖို့ကို အဓိကထား တိုက်တွန်းပြောဆိုခဲ့ပါတယ်။