သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်မှာ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ဖွယ်ရှိ


မြောက်ကိုရီးယား က ခရစ္စမတ် ကာလအတွင်း တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ဖို့ ပြင်ဆင်နေပုံ ရတဲ့အတွက် ဒါဟာ အမေရိကန်နဲ့ နျူးကလီးယား ဆွေးနွေးပွဲတွေကို အဆုံးသတ်သွားစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်နဲ့ ဆွေးနွေးဖို့ စိတ်ဝင်စားတဲ့ လက္ခဏာ မတွေ့ရဘူးလို့လည်း မြောက်ကိုရီးယား အရေး သုံးသပ်သူ ကယ်လီဖိုးနီးယား Middlebury သိပ္ပံက နိုင်ငံတကာအရေး လေ့လာသူ Joshua Pollack က ပြောပါတယ်။
နျူးကလီးယား ဆွေးနွေးပွဲအတွက် မြောက်ကိုရီးယားဖက်က ဒီနှစ်ကုန်ကို နောက်ဆုံး သတ်မှတ်ရက် ပေးထားတဲ့ အချိန်မတိုင်ခင်မှာ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ၂ ခုလုပ်ခဲ့တာပါ။

ဒီလ အစောပိုင်းက မြောက်ကိုရီးယားက ခြိမ်းခြောက်ထားတဲ့ အတိုင်း အမေရိကန်အတွက် ခရစ်စမတ် လက်ဆောင်အနေနဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မယ်လို့ မျှော်လင့်ရကြောင်းလည်း အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး Charles Brown က ပြောပါတယ်။

မြောက်ကိုရီးယား က သတ်မှတ်တောင်းဆိုထားတဲ့ ဒီနှစ်မကုန်ခင်မှာ အမေရိကန်ဘက်က လိုက်လျောမူတွေ လုပ်ပေးဖို့ လက္ခဏာမပြတဲ့ အတွက် မြောက်ကိုရီးယား အ ခုလို လက်နက် စမ်းသပ်မှု တွေ တိုးပြီး လုပ်လာတာပါ။ မြောက်ကိုရီးယားက ပြီးခဲ့တဲ့ မေလကတည်းက တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှုတွေ လုပ်လာတာ အခုထိ ၁၃ ကြိမ်ရှိနေပါပြီ။ မကြာခင် တာဝေးပစ် ဒုံး ဒါမှမဟုတ် နျူကလီးယားစမ်းသပ်မှုတွေ လုပ်သွားမယ်လို့လည်း သတိပေး ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

ခရစ်စမတျမှာ မွောကျကိုရီးယား ဒုံးကညြျပဈလှှတျဖှယျရှိ





XS
SM
MD
LG