သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိမ်းခြောက်မှုတွေရပ်ပြီး ဆွေးနွေးမှုပြန်စဖို့ မြောက်ကိုရီးယားကို ကန်တိုက်တွန်း


 မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Steve Biegun သတင်းစာရှင်းလင်းပွဲလုပ်
 မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Steve Biegun သတင်းစာရှင်းလင်းပွဲလုပ်

(Zawgyi / Unicode)

အမေရိကန် အဆင့်မြင့် သံတမန်က မြောက်ကိုရီးယားအနေနဲ့ လက်နက်စမ်း ခြိမ်းခြောက် ရန်စနေတာတွေရပ်ပြီး နျူကလီးယား ဆွေးနွေးပွဲ ပြန်ဝင်ဖို့ သတိပေးလိုက်ပါတယ်။

နျူကလီးယား ဆွေးနွေးပွဲအတွက် မြောက်ကိုရီးယားဘက်က နောက်ဆုံးသတ်မှတ်ရက် ပေးထားတာကို အသိအမှတ်မပြုတဲ့အနေနဲ့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Steve Biegun က အမေရိကန်ဘက်မှာတော့ နောက်ဆုံး သတ်မှတ်ရက် မရှိဘူး။ ရည်မှန်းချက်ပန်းတိုင်ပဲ ရှိတယ်၊ အချိန်မရွေး ဆွေးနွေးပွဲ ပြန်စနိုင်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

နျူကလီးယား ဆွေးနွေးပွဲအတွက် အမေရိကန်ဘက်ကနေ ဒီနှစ်ကုန်မှာ လိုက်လျောမှုတွေ လုပ်ပေးဖို့ မြောက်ကိုရီးယားဘက်က နောက်ဆုံးသတ်မှတ်ရက် ကုန်ဆုံးခါနီးအချိန်မှာ အမေရိကန် အထူးကိုယ်စားလှယ် Biegun က နျူကလီးယား ဖျက်သိမ်းရေးအရင် သဘောတူခဲ့တဲ့ ပန်းတိုင်အတွက် အလုပ်ပြန်စရအောင်လို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အရင်ရုပ်သိမ်းပေးဖို့ မတုံ့ပြန်တဲ့အပေါ် စိတ်ပျက် သတိပေးတဲ့အနေနဲ့ မြောက်ကိုရီးယားဘက်က တာဝေးပြစ် missile ဒုံးအင်ဂျင်ဖြစ်နိုင်တဲ့ စမ်းသပ်မူတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လုပ်ခဲ့အပြီးမှာ အမေရိကန် အထူးကိုယ်စားလှယ် Biegun အနေနဲ့ တောင်ကိုရီးယားအထိ သွားပြီး ခုလို သတိပေးခဲ့တာပါ။

အမေရိကန်အနေနဲ့ ဒီနှစ်မကုန်ခင်မှာ နောက်ထပ် လိုက်လျောမူတွေ လုပ်မပေးရင် ခရစ်စမတ်အတွက် နမိတ်မကောင်းတဲ့ လက်ဆောင်တွေ ပို့ပေးလိုက်မယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်လာခဲ့ပြီး ခုလို နောက်ထပ် လက်နက်စမ်းသပ် ခြိမ်းခြောက်မူတွေ တိုးပြီး လုပ်လာခဲ့တာပါ။

ဖေဖော်ဝါရီလတုန်းက ဗီယက်နမ်မှာ လုပ်ခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးပွဲကနေ အမေရိကန်သမ္မတ ထထွက်ခဲ့အပြီး မြောက်ကိုရီးယားဘက်ကနေ တာတို၊ တာလတ် မစ်ဆိုင်းဒုံးပေါင်း ၁၃ ကြိမ်ပြန်လုပ်ခဲ့ကာ ဆွီဒင်မှာ အောက်တိုဘာမှာ လုပ်ခဲ့တဲ့ လုပ်တဲ့ အလုပ်သဘောအဆင့် ဆွေးနွေးပွဲ ကနေလည်း မြောက်ကိုရီးယားဘက်က ပြန်ထထွက်ခဲ့ပြီး ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode Version)







XS
SM
MD
LG