(Zawgyi / Unicode)
ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ မဟာဗ်ဴဟာေျမာက္ ႏ်ဴကလီးယား ကာကြယ္ေရး အစီအစဥ္အျဖစ္နဲ႔ Sohae ၿဂိဳဟ္တုလႊတ္တင္ေရး စခန္းကေန အလြန္အေရးႀကီးတဲ့ စမ္းသပ္ပစ္လႊတ္မႈတခု ျပဳလုပ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားက ဒီကေန႔ေျပာပါတယ္။
အေမရိကန္နဲ႔ ႏ်ဴကလီးယား ေဆြးေႏြးပြဲေတြ ဒီႏွစ္ကုန္ျပန္စဖို႔ သူ႔ဘက္ကေပးထားတဲ့ သတ္မွတ္ရက္ေရာက္ဖု႔ိ သီတင္းပတ္ေလာက္ အလိုမွာပဲ ေျမာက္ကိုရီးယားက သတိေပးတဲ့အေနနဲ႔ ခုလို စမ္းသပ္ခဲ့တာျဖစ္သလို သူ႔ရဲ႕ တာေ၀းပစ္ဒုံးက်ည္ေတြနဲ႔ ႏ်ဴကလီးယား စမ္းသပ္မႈေတြ ျပန္လုပ္မယ္လို႔လည္း ၿခိမ္းေျခာက္ ေျပာဆိုထားပါတယ္။
အစိုးရပိုင္ KCNA သတင္းဌာနကေတာ့ ဒီကေန႔ ဘာကိုစမ္းသပ္ခဲ့တာလဲဆိုတာ ေျပာဆိုမသြားသလို ဓာတ္ပုံေတြကိုလည္း ေဖာ္ျပမသြားပါဘူး။ ဒါေပမယ့္ ဒီတႀကိမ္ စမ္းသပ္မႈကိုလည္း ၿပီးခ့ဲတဲ့တပတ္ကပဲ သိပ္ကိုအေရးပါတဲ့ ေရာ့ကက္ဒုံးအင္ဂ်င္နဲ႔ ဆုိင္တဲ့ စမ္းသပ္မႈတခုကို ျပဳလုပ္ခဲ့တဲ့ Sohae ၿဂိဳလ္တုလႊတ္တင္ေရးစခန္းမွာပဲ ျပဳလုပ္ခဲ့တာလို႔ ေျပာပါတယ္။
ေျမာက္ကိုရီးယားႏုိင္ငံဟာ ၿပီးခဲ့တဲ့ ဇြန္လကစၿပီး တာတိုနဲ႔ တာလတ္ပစ္ ဒုံးက်ည္စမ္းသပ္မႈေပါင္း ၁၃ ႀကိမ္ထက္မနည္း ျပဳလုပ္ခဲ့ၿပီးပါၿပီ။ ေျမာက္ကိုရီးယားအေနနဲ႔ တာေ၀းပစ္ဒုံးက်ည္ဆုိင္ရာ နည္းပညာေတြကို အသုံးျပဳၿပီး Sohae ၿဂိဳဟ္တုလႊတ္တင္ေရးစခန္းကေနပဲ Satellite ၿဂိဳလ္တုတစင္းကို အာကာသထဲ လႊတ္တင္ႏုိ္င္ေျခရွိတယ္လို႔ ကၽြမ္းက်င္သူတခ်ိဳ ႔က သုံးသပ္ထားပါတယ္။
---------------------------------------
(Unicode)
မြောက်ကိုရီးယားတာဝေးပစ်ဒုံးစခန်းမှာ စမ်းသပ်မှုလုပ်
မြောက်ကိုရီးယားနိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယား ကာကွယ်ရေး အစီအစဉ်အဖြစ်နဲ့ Sohae ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ အလွန်အရေးကြီးတဲ့ စမ်းသပ်ပစ်လွှတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီကနေ့ပြောပါတယ်။
အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ ဒီနှစ်ကုန်ပြန်စဖို့ သူ့ဘက်ကပေးထားတဲ့ သတ်မှတ်ရက်ရောက်ဖု့ိ သီတင်းပတ်လောက် အလိုမှာပဲ မြောက်ကိုရီးယားက သတိပေးတဲ့အနေနဲ့ ခုလို စမ်းသပ်ခဲ့တာဖြစ်သလို သူ့ရဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ နျူကလီးယား စမ်းသပ်မှုတွေ ပြန်လုပ်မယ်လို့လည်း ခြိမ်းခြောက် ပြောဆိုထားပါတယ်။
အစိုးရပိုင် KCNA သတင်းဌာနကတော့ ဒီကနေ့ ဘာကိုစမ်းသပ်ခဲ့တာလဲဆိုတာ ပြောဆိုမသွားသလို ဓာတ်ပုံတွေကိုလည်း ဖော်ပြမသွားပါဘူး။ ဒါပေမယ့် ဒီတကြိမ် စမ်းသပ်မှုကိုလည်း ပြီးခဲ့တဲ့တပတ်ကပဲ သိပ်ကိုအရေးပါတဲ့ ရော့ကက်ဒုံးအင်ဂျင်နဲ့ ဆိုင်တဲ့ စမ်းသပ်မှုတခုကို ပြုလုပ်ခဲ့တဲ့ Sohae ဂြိုလ်တုလွှတ်တင်ရေးစခန်းမှာပဲ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှုပေါင်း ၁၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးပါပြီ။ မြောက်ကိုရီးယားအနေနဲ့ တာဝေးပစ်ဒုံးကျည်ဆိုင်ရာ နည်းပညာတွေကို အသုံးပြုပြီး Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေပဲ Satellite ဂြိုလ်တုတစင်းကိုအာကာသထဲ လွှတ်တင်နိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ထားပါတယ်။