သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အပေါ် ကမ္ဘာ့လူထု သဘောထားစစ်တမ်း


Pew သုတေသနဌာနက ကောက်ယူတဲ့ လူထု သဘောထား စစ်တမ်းတစ်ခုအရ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့နိုင်ငံတွေ က ပြည်သူတွေရဲ့အမြင်မှာ အကောင်းမြင် မခံရပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ယေဘုယျ အားဖြင့် အကောင်းမြင် ခံရတယ်လို့ဆိုပါတယ်။

အမေရိကန်နိုင်ငံ ပြင်ပက သဘောထားပေးသူ ၆၄ ရာခိုင်နှုန်းက သမ္မတ ထရမ့်ဟာ နိုင်ငံခြားရေးမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်လို့ မယုံကြည်ကြဘဲ ၂၉ ရာခိုင်နှုန်းကသာ ယုံကြည်မှုရှိတယ်လို့ သဘောထားပေးပါတယ်။ အခု သဘောထာ စစ်တမ်းကို ၂၀၁၉ ခုနှစ် မေလ ကနေ အောက်တိုဘာလ အတွင်း နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ လူပေါင်း ၃၇၀၀၀ ကျော် ကို ကောက်ယူခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် အနောက်ဥရောပတွေမှာ သမ္မတ ထရမ့်ဟာ တော်တော်လေး အကောင်းမြင် မခံရပါဘူး။ စစ်တမ်းဖြေဆိုသူ ဂျာမနီက ၁၃ ရာခိုင်နှုန်း၊ ဆွီဒင်က ၁၈ ရာခိုင်နှုန်း၊ ပြင်သစ်က ၂၀ ရာခိုင်နှုန်း၊ စပိန်က ၂၁ ရာခိုင်နှုန်း၊ နယ်သာလန်နဲ့ ဂရိက ၂၅ ရာခိုင်နှုန်းနဲ့ ဗြိတိန်နိုင်ငံက ၃၂ ရာခိုင်နှုန်းကသာ သူ့အပေါ် ယုံကြည် စိတ်ချတယ်လို့ ဆိုပါတယ်။ ရုရှားမှာလည်း ၂၀ ရာခိုင်နှုန်းကသာ ထရမ့်ဟာ နိုင်ငံခြားရေးရာမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။ မက္ကဆီကို နိုင်ငံမှာတော့ ၈၉ ရာခိုင်နှုန်းက သူ့အပေါ် ယုံကြည် စိတ်ချမှု မရှိဘူးလို့ ဆိုပါတယ်။

တချို့နိုင်ငံတွေက ပြည်သူတွေကတော့ သူ့အပေါ် ယုံကြည်စိတ်ချမှု ရှိပါတယ်။ သဘောထား ဖြေဆိုသူ အိန္ဒိယက ၅၆ ရာခိုင်နှုန်း၊ နိုင်ဂျီးရီးယားက ၅၈ ရာခိုင်နှုန်း၊ ကင်ညာက ၆၅ ရာခိုင်နှုန်း၊ အစ္စရေးလ်က ၇၁ ရာခိုင်နှုန်းနဲ့ ဖိလစ်ပိုင်နိုင်ငံက ၇၇ ရာခိုင်နုှန်းက သူ့အပေါ် ယုံကြည် စိတ်ချမှု ရှိတယ်လို့ Pew စစ်တမ်းက ဆိုပါတယ်။

တခြား ကမ္ဘာ့ ခေါင်းဆောင်တွေ အပေါ် ကမ္ဘာ့ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ပတ်သက်ပြီးလည်း Pew က စစ်တမ်းကောက်ယူခဲ့ရာမှာ ဂျာမနီက Angela Merkel က ၄၆ ရာခိုင်နှုန်း၊ ပြင်သစ်က Emmanuel Macron က ၄၂ ရာခိုင်နုှန်းနဲ့ ရုရှားက Vladimir Putin က ၃၃ ရာခိုင်နှုန်းနဲ့ တရုတ်သမ္မတ ရှီကျင်းပင် က ၂၈ ရာခိုင်နှုန်း ထောက်ခံမှု အသီးသီး ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

သမ်မတ Trump အပေါျ ကမ်ဘာ့လူထု သဘောထားစဈတမျး





XS
SM
MD
LG