(Zawgyi/ Unicode)
အီရတ္ႏုိင္ငံအတြင္းမွာရွိတဲ့ အေမရိကန္စစ္အေျခစုိက္စခန္းေတြကုိ အီရန္က ဒုံးက်ည္နဲ႔တုိက္ခုိက္ခဲ့တာကုိ တံု႔ျပန္တဲ့အေနနဲ႔ အေမရိကန္ျပည္ေထာင္စုက အီရန္အေပၚ ပိတ္ဆုိ႔ အေရးယူမႈအသစ္ေတြ ထပ္မံ ခ်မွတ္လုိက္ၿပီး အီရန္အေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြ ဆက္လုပ္ေနဦးမယ္ဆုိရင္ တုိင္းျပည္စီးပြားေရးကုိ ထိခုိက္ေစမယ့္ ပိတ္ဆုိ႔အေရးယူမႈေတြ ထပ္မံ ခ်မွတ္သြားမယ္လုိ႔ ၿခိမ္းေျခာက္ ေျပာဆုိလုိက္ပါတယ္။
အခု အသစ္ခ်မွတ္တဲ့ ပိတ္ဆုိ႔ အေရးယူမႈေတြထဲ ေဆာက္လုပ္ေရး၊ ကုန္ထုတ္လုပ္မႈ၊ မုိင္းလုပ္ငန္းနဲ႔ အ၀တ္အထည္လုပ္ငန္းေတြ ပါ၀င္ေၾကာင္း အိမ္ျဖဴေတာ္မွာ ေသာၾကာေန႔ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အေမရိကန္ဘ႑ာေရး၀န္ႀကီး Steve Mnuchin က ေျပာပါတယ္။ ဒါ့အျပင္ အခုပိတ္ဆုိ႔မႈ အသစ္ထဲမွာ ဇန္န၀ါရီလ ၈ ရက္ေန႔က အေမရိကန္ေလတပ္အေျခစုိက္စခန္းကုိ ဒုံးက်ည္နဲ႔ တုိက္ခုိက္မႈမွာ ပါ၀င္ ပတ္သက္တဲ့ အီရန္အရာရွိေတြကုိလည္း ပစ္မွတ္ထား အေရးယူထားတယ္လုိ႔ ဆုိပါတယ္။
အီရန္က ထိပ္တန္းဗုိလ္ခ်ဳပ္ႀကီး Qassem Soleimani ကုိ အေမရိကန္က ေလေၾကာင္းကေန လုပ္ႀကံ သတ္ျဖတ္တာကုိ လက္စားေျခတဲ့အေနနဲ႔ အီရန္တုိ႔က အီရတ္မွာရွိတဲ့ အေမရိကန္ စစ္အေျခစုိက္စခန္းကုိ တုိက္ခုိက္ခဲ့တာပါ။
အခု အသစ္ခ်မွတ္လုိက္တဲ့ ပိတ္ဆုိ႔ အေရးယူမႈေတြေၾကာင့္ အီရန္အေနနဲ႔ ႏ်ဴကလီးယား သေဘာတူညီခ်က္ေတြရေအာင္ ေဆြးေႏြးမႈ အသစ္ေတြ ျပဳလုပ္တာအျပင္ သူ႔ရဲ႕ ဒုံးက်ည္တည္ေဆာက္ေရးအစီအစဥ္ကုိ ေလ်ာ့ခ်ၿပီး အေရွ႕အလယ္ပုိင္းမွာရွိတဲ့ အရပ္သားလက္နက္ကုိင္ အဖြဲ႔ေတြကုိ ပံ့ပုိးေပးေနတာေတြ ရပ္တန္႔လိမ့္မယ္လုိ႔ သမၼတ Donald Trump အစုိးရက ယုံၾကည္ထားတာပါ။
အီရန္အေနနဲ႔ တျခားတုိင္းျပည္ေတြလုိ သမားရုိးက် ျပဳမူလုပ္ေဆာင္လာေစလုိေၾကာင္း ဘ႑ာေရး၀န္ႀကီး Mnuchin နဲ႔အတူ ပူးတြဲ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တဲ့ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo ကလည္း ေျပာပါတယ္။
.....................
အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ အမေရိကန် ထပ်ချ
(Unicode)
အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို အီရန်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်လိုက်ပြီး အီရန်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်နေဦးမယ်ဆိုရင် တိုင်းပြည်စီးပွားရေးကို ထိခိုက်စေမယ့် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံ ချမှတ်သွားမယ်လို့ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။
အခု အသစ်ချမှတ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှု၊ မိုင်းလုပ်ငန်းနဲ့ အဝတ်အထည်လုပ်ငန်းတွေ ပါဝင်ကြောင်း အိမ်ဖြူတော်မှာ သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ပြောပါတယ်။ ဒါ့အပြင် အခုပိတ်ဆို့မှု အသစ်ထဲမှာ ဇန်နဝါရီလ ၈ ရက်နေ့က အမေရိကန်လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်တဲ့ အီရန်အရာရှိတွေကိုလည်း ပစ်မှတ်ထား အရေးယူထားတယ်လို့ ဆိုပါတယ်။
အီရန်က ထိပ်တန်းဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်က လေကြောင်းကနေ လုပ်ကြံ သတ်ဖြတ်တာကို လက်စားခြေတဲ့အနေနဲ့ အီရန်တို့က အီရတ်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တာပါ။
အခု အသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် အီရန်အနေနဲ့ နျူကလီးယား သဘောတူညီချက်တွေရအောင် ဆွေးနွေးမှု အသစ်တွေ ပြုလုပ်တာအပြင် သူ့ရဲ့ ဒုံးကျည်တည်ဆောက်ရေးအစီအစဉ်ကို လျော့ချပြီး အရှေ့အလယ်ပိုင်းမှာရှိတဲ့ အရပ်သားလက်နက်ကိုင် အဖွဲ့တွေကို ပံ့ပိုးပေးနေတာတွေ ရပ်တန့်လိမ့်မယ်လို့ သမ္မတ Donald Trump အစိုးရက ယုံကြည်ထားတာပါ။
အီရန်အနေနဲ့ တခြားတိုင်းပြည်တွေလို သမားရိုးကျ ပြုမူလုပ်ဆောင်လာစေလိုကြောင်း ဘဏ္ဍာရေးဝန်ကြီး Mnuchin နဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း ပြောပါတယ်။