သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နောက်ဆုတ်သွားပြီလို့ ယတိပြတ်မပြောနိုင်


သမ္မတ ဒေါ်နယ်ထရမ့် နှင့် အီရန် သမ္မတ Rounani
သမ္မတ ဒေါ်နယ်ထရမ့် နှင့် အီရန် သမ္မတ Rounani

(Zawgyi/ Unicode)

အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ အီရန်တို့ နောက်ဆုတ်သွားပုံရပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့ က သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပေမဲ့ အီရန်နိုင်ငံဟာ တကယ်တော့ သူ့ရဲ့ပဲ့ထိန်းဒုံးကျည်တွေနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကိုသတ်ဖြတ် ဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေကယုံကြည်နေကြပါတယ်။

အီရတ်နိုင်ငံအတွင်းက အမေရိကန် တပ်စခန်း ၂ခုကိုချိန်ရွယ်ပစ်လွှတ်ခဲ့တဲ့အီရန်တို့ရဲ့ဒုံးကျည်တွေဟာအမေရိကန်တပ်သားတွေအသက်သေဆုံးဖို့ရည်ရွယ်ခဲ့တာလို့အမေရိကန်ဒုတိယသမ္မတ Mike Pence က ကြာသပတေးနေ့က NBC နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်တာပါ။ ထောက်လှမ်းရေး သတင်းတွေ အရ အထောက်အထားတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒုတိယ သမ္မတ Pence ရဲ့ ပြောကြားချက်ဟာ အမေရိကန် ပူးတွဲ စစ်ဦးစီးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley နဲ့လည်း ထပ်တူကျနေပါတယ်။ ဗိုလ်ချုပ်ကြီး Mark Milley ကလည်း ဒုံးကျည် ဒဏ်ခံရတဲ့နေရာဟာ တပ်ဖွဲ့တွေနဲ့ လက်နက်ကိရိယာ သိုလှောင်ထားရှိရာ နေရာတွေနဲ့ သိပ်ကို နီးကပ်လွန်း တာရယ်၊ ကျွန်တော် ကြားသိ မြင်တွေ့ခဲ့ရတာတွေရယ်ကို မူတည်ပြီး ပြောရရင် စစ်စခန်း အဆောက်အအုံတွေကို ပျက်စီးစေဖို့၊ လေယာဉ်၊ မော်တော်ယာဉ်တွေနဲ့ ပစ္စည်းကိရိယာတွေကို ဖျက်ဆီးဖို့နဲ့ တပ်ဖွဲ့ဝင်တွေကို သေစေဖို့ ရည်ရွယ်ထားခဲ့ တာဖြစ်ပါတယ် လို့ ကာကွယ်ရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားတာပါ။

အီရန်နိုင်ငံအတွင်း နေရာ ၃ နေရာကနေ ပစ်လွှတ်ခဲ့တဲ့ တာတိုပစ် ပဲ့ထိန်း ဒုံးကျည် ၁၆ စင်းကြောင့် အမေရိကန် ဘက်မှာ ထိခိုက် ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီး Milley ရဲ့ အဆိုအရ အီရန်ရဲ့ ဒုံးကျည်တွေဟာ ပေါင် ၁၀၀၀ ကနေ ၂၀၀၀ အထိ ရှိတဲ့ ထိပ်ဖူးတွေ တပ်ဆင်ထားပေမဲ့ အမေရိကန်တို့အနေနဲ့ လုံလောက်တဲ့ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်ထားတာကြောင့် ထိခိုက်မှု မရှိတာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


......................


(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG