သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ ႏ်ဴကလီးယားသေဘာတူစာခ်ဳပ္ ႏုတ္ထြက္ဖို႔ေတာင္းဆိုခ်က္ ဥေရာပပယ္ခ်


EU ႏုိင္ငံျခားေရးရာ အႀကီးအကဲ Josep Borrell. (ဇန္နဝါရီ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၁၅ ခုႏွစ္က အီရန္ႏုိင္ငံနဲ႔ ကမာၻ႔အင္အားႀကီး ႏုိင္ငံေတြၾကား ခ်ဳပ္ဆိုထားတဲ့ ဘက္စံု ပူးတြဲလုပ္ငန္း အစီအစဥ္လို႔ ဆိုရမယ့္ JCPOA ႏ်ဴကလီးယားအေရး သေဘာတူညီခ်က္ကေန ႏုတ္ထြက္ၾကဖို႔ သမၼတ Donald Trump က ေတာင္းဆိုထားတာကို ဥေရာပ အင္အားႀကီးႏုိင္ငံေတြက ပယ္ခ်ထားပါတယ္။

အဖြဲ႔ဝင္ ၂၈ ႏုိင္ငံပါ ဥေရာပသမဂၢ (EU) အေနနဲ႔ ဒီသေဘာတူညီခ်က္ ဆက္ရွိေနဖို႔ လုပ္ႏုိင္တာမွန္္သမွ် ဆက္လုပ္သြားမယ္လုိ႔ EU ႏုိင္ငံျခားေရးရာ အႀကီးအကဲ Josep Borrell က ေသာၾကာေန႔မွာ ေျပာပါတယ္။

အေရွ႕အလယ္ပိုင္းေဒသမွာ တင္းမာမႈအရွိန္ ျမင့္လာေနတာနဲ႔ ပတ္သက္လုိ႔ ဘယ္လ္ဂ်ီယမ္ႏုိ္င္ငံ၊ ဘရပ္ဆဲလ္စ္ၿမိဳ႕မွာ EU ႏိုင္ငံျခားေရးဝန္ႀကီးေတြ ေတြ႔ဆံုေဆြးေႏြးအၿပီး အဲဒီ လိုေျပာလိုက္တာပါ။

ဒီသေဘာတူညီခ်က္အရ အီရန္ရဲ႕ ႏ်ဴကလီးယား အစီအစဥ္အေပၚ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ထားၿပီး အျပန္အလွန္အားျဖင့္ အီရန္ေပၚ ႏုိင္ငံတကာ ဒဏ္ခတ္အေရးယူမႈေတြကို ေလွ်ာ့ေပးထားတာပါ။

JCPOA ကို လက္မွတ္ေရးထိုးထားတဲ့ ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီႏုိင္ငံေတြ သေဘာတူညီခ်က္ကေန ႏုတ္ထြက္ဖို႔ သမၼတ Trump က ဗုဒၶဟူးေန႔မွာ ေတာင္းဆိုခဲ့တာပါ။ ဒီသံုးႏုိင္ငံဟာ အစဥ္အလာအားျဖင့္ အေမရိကန္ရဲ႕ မဟာမိတ္ႏိုင္ငံေတြ ျဖစ္ပါတယ္။

EU ႏုိင္ငံျခားေရးရာအႀကီးအကဲ Borrell က “ျဖစ္ႏုိင္မယ္ဆိုရင္ ဒီသေဘာတူညီခ်က္ကို က်ေနာ္တို႔ ဆက္ထိန္းထားခ်င္ပါတယ္။ ဒီသေဘာတူညီခ်က္ေၾကာင့္ အီရန္ဟာ ႏ်ဴကလီးယားလက္နက္ ပိုင္ဆိုင္တဲ့ႏုိင္္ငံ ျဖစ္မလာတာပါ” လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

အီရန္ကေတာ့ သူ႔ရဲ႕ ႏ်ဴကလီးယား အစီအစဥ္ဟာ ၿငိမ္းခ်မ္းတဲ့ ရည္ရြယ္ခ်က္ေတြအတြက္ပဲ ျဖစ္တယ္လုိ႔ ေတာက္ေလွ်ာက္ အခုိင္အမာ ေျပာထားပါတယ္။

-------------------------------

(Unicode)

အီရန် နျူကလီးယားသဘောတူစာချုပ် နုတ်ထွက်ဖို့တောင်းဆိုချက် ဥရောပပယ်ချ

၂၀၁၅ ခုနှစ်က အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ချုပ်ဆိုထားတဲ့ ဘက်စုံ ပူးတွဲလုပ်ငန်း အစီအစဉ်လို့ ဆိုရမယ့် JCPOA နျူကလီးယားအရေး သဘောတူညီချက်ကနေ နုတ်ထွက်ကြဖို့ သမ္မတ Donald Trump က တောင်းဆိုထားတာကို ဥရောပ အင်အားကြီးနိုင်ငံတွေက ပယ်ချထားပါတယ်။

အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဥရောပသမဂ္ဂ (EU) အနေနဲ့ ဒီသဘောတူညီချက် ဆက်ရှိနေဖို့ လုပ်နိုင်တာမှန်သမျှ ဆက်လုပ်သွားမယ်လို့ EU နိုင်ငံခြားရေးရာ အကြီးအကဲ Josep Borrell က သောကြာနေ့မှာ ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုအရှိန် မြင့်လာနေတာနဲ့ ပတ်သက်လို့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာ EU နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးအပြီး အဲဒီ လိုပြောလိုက်တာပါ။

ဒီသဘောတူညီချက်အရ အီရန်ရဲ့ နျူကလီးယား အစီအစဉ်အပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားပြီး အပြန်အလှန်အားဖြင့် အီရန်ပေါ် နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ပေးထားတာပါ။

JCPOA ကို လက်မှတ်ရေးထိုးထားတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေ သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ သမ္မတ Trump က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့တာပါ။ ဒီသုံးနိုင်ငံဟာ အစဉ်အလာအားဖြင့် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်ပါတယ်။

EU နိုင်ငံခြားရေးရာအကြီးအကဲ Borrell က “ဖြစ်နိုင်မယ်ဆိုရင် ဒီသဘောတူညီချက်ကို ကျနော်တို့ ဆက်ထိန်းထားချင်ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်မလာတာပါ” လို့ သတင်းထောက်တွေကို ပြောပါတယ်။

အီရန်ကတော့ သူ့ရဲ့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေအတွက်ပဲ ဖြစ်တယ်လို့ တောက်လျှောက် အခိုင်အမာ ပြောထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG