သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ဆွေးနွေးမှု ကန်သမ္မတ စိတ်ဝင်စားမှုမပြ


(Zawgyi / Unicode)

အမေရိကန်နဲ့ အီရန်ကြားတင်းမာနေချိန်မှာ အီရန်နဲ့ဆွေးနွေးနိုင်မယ့်အလားအလာအပေါ် သူ့ဘက်ကတော့ စိတ်မဝင်စားဘူးလို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။

အီရန် ဘေးကြပ် နံကြပ်ဖြစ်နေချိန်မှာ အမေရိကန်တာဝန်ရှိသူတွေက အခွင့်အရေးလက်လွှတ်မခံဘဲ အီရန်ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းလာအောင် ဖိအားပိုပေးသွားမယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Robert O'Brien က CBS သတင်းဌာနကို ပြောကြားခဲ့တာပါ။

ဒါပေမဲ့ အီရန်ဘက်က ဆွေးနွေးညှိနှိုင်းလာရင်တောင် သူ့ဘက်က ဂရုမစိုက်ဘူးလို့ သမ္မတ Trump က တနင်္ဂနွေနေ့ညက Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ Nuclear လက်နက်မရှိဖို့နဲ့ ဆန္ဒပြသူတွေကို မသတ်ဖို့လိုတယ်လို့ သမ္မတက Twitter ပေါ်မှာ ရေးပါတယ်။ စုစုပေါင်း ၁၇၆ ယောက် သေဆုံးခဲ့တဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိတယ်လို့ အီရန်စစ်တပ်က ဝန်ခံခဲ့ပြီးနောက် ဒီအပေါ် မကျေနပ်လို့ ဒီကနေ့မှာလည်း တတိယနေ့အဖြစ် ဆန္ဒဆက်ပြနေကြပါတယ်။

အီရန်ရဲ့ ရန်သူဟာ အမေရိကန်လို့ သူတို့ လိမ်ညာပြောနေပေမဲ့ တကယ့်ရန်သူဟာ အီရန်ထဲမှာရှိနေတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အီရန်ထဲကလာတဲ့ Video တွေမှာ အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်ကြီးအပေါ် ဆန္ဒပြသူတွေ ကန့်ကွက်တဲ့ ကြွေးကြော်နေတာတွေ၊ လမ်းတွေပေါ်က သွေးကွက်တွေ၊ ယမ်းငွေ့တွေကို မြင်ရပါတယ်။

အာဏာပိုင်တွေကတော့ ဆန္ဒပြသူတွေကို ရဲတွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်တယ်ဆိုတာကို ငြင်းဆန်နေပါတယ်။ ဒါပေမဲ့ Tehran မြို့ထဲက Azadi ရင်ပြင်မှာ ဆန္ဒပြသူတွေ သေနတ်နဲ့ပစ်ခံရတဲ့ Video တွေတနင်္ဂနွေနေ့ ညပိုင်းက ထွက်ပေါ်လာခဲ့တာပါ။ သေနတ်ဒဏ်ရာရသူတွေကို သယ်သွားတဲ့ပုံတွေ၊ လုံခြုံရေးတာဝန်ရှိသူတွေ ရိုင်ဖယ်သေနတ်တွေနဲ့ ပြေးလွှားနေတဲ့ ပုံတွေကိုလည်း Video ထဲမှာ တေ့ွရပါတယ်။ ဆန္ဒပြသူတွေကို အထိကရုန်နှိမ်နှင်းရေးရဲတွေက လက်ကိုင်တုတ်တွေနဲ့ ရိုက်နေတဲ့ ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG