သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူကရိန္းေလယာဥ္ မွားယြင္းပစ္ခ်မိတဲ့အေပၚ တာဝန္ယူမယ္လုိ႔ အီရန္တပ္မွဴးေျပာ


ယူကရိန္းေလယာဥ္ ပ်က္က်ၿပီး ေသဆုံးခဲ့သူမ်ားအတြက္ Amirkabir တကၠသိုလ္အနီး ဖေယာင္းတုိင္ထြန္းညိႇ ဆုေတာင္းေနသည့္ အီရန္ျပည္သူမ်ား။ (ဇန္နဝါရီ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

ယူကရိန္း ခရီးသည္တင္ ေလယာဥ္ကို မွားယြင္းပစ္ခတ္ခဲ့ေၾကာင္း အစၥလာမၼစ္ ေတာ္လွန္ေရး ျပည္ေစာင့္တပ္ IRGC က ၀န္ခံ ေျပာဆိုပါတယ္။

IRGC ရဲ႕ ေလေၾကာင္းဆိုင္ရာ တပ္မွဴး Amir Ali Hajizadeh က စေနေန႔မွာ ႏုိင္ငံပိုင္ ႐ုပ္သံကေန ေျပာဆိုတာမွာေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူ႔အေနနဲ႔ အျပည့္အ၀ တာ၀န္ယူေၾကာင္း၊ ဘယ္လုိဆံုးျဖတ္ခ်က္မ်ိဳးကို ျဖစ္ေစ နာခံမွာျဖစ္ေၾကာင္း ေျပာဆိုပါတယ္။

ခရီးသည္တင္ေလယာဥ္ ပ်က္က်တာကို သိလိုက္တဲ့အခ်ိန္မွာ သူ ေသသြားခ်င္ခဲ့တယ္လုိ႔လည္း ေျပာဆိုပါတယ္။ အဲဒီညက တုိက္ခုိက္ေရးအတြက္ အဆင္သင့္ ျပင္ဆင္ထားေၾကာင္း၊ အရပ္ဘက္ ေလေၾကာင္းပ်ံသန္းမႈ အားလံုးကို ဖ်က္ဖို႔ ေတာ္လွန္ေရး ျပည္ေစာင့္တပ္က ပန္ၾကားခဲ့ေပမယ့္ သူတို႔ပန္ၾကားခ်က္ကို အတည္မျပဳခဲ့တာ ျဖစ္ေၾကာင္းလည္း တပ္မွဴး Amir Ali Hajizadeh က ေျပာပါတယ္။

အီရန္ႏုိင္ငံတြင္း မွားယြင္း ပစ္ခ်ခံခဲ့ရတာေၾကာင့္ ယူကရိန္း ခရီးသည္တင္ ေလယာဥ္ေပၚမွာ လိုက္ပါလာသူ ၁၇၆ ေယာက္စလုံး ေသဆုံးခဲ့တာပါ။

အီရန္ဘက္က အခုလို ၀န္ခံလိုက္တဲ့ စေနေန႔မွာပဲ ၿမိဳ႕ေတာ္ တီဟီရန္မွာ အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲ ေပၚေပါက္ခဲ့တယ္လို႔လည္း ေဖာ္ျပေနၾကပါတယ္။ Amirkabir နဲ႔ Sharif တကၠသိုလ္ေတြမွာ ဆႏၵျပသူေတြ စုေ၀းခဲ့ၾကၿပီး ႏုိင္ငံရဲ႕ ေခါင္းေဆာင္ေတြ ႏုတ္ထြက္ေပးေရး ေတာင္းဆိုခဲ့ၾကေၾကာင္း ေတာ္လွန္ေရး ျပည္ေစာင့္တပ္နဲ႔ ဆက္စပ္တဲ့ အစိုးရတပိုင္း Fars သတင္းေအဂ်င္စီက ေဖာ္ျပပါတယ္။

တီဟီရန္ၿမိဳ႕ေတာ္က Sharif နည္းပညာတကၠသိုလ္မွာ ဆႏၵျပသူေတြ စုေ၀းခဲ့ၾကၿပီး ခါေမနီ ရာထူးက ဆင္းေပးဖို႔ ေႂကြးေၾကာ္ခဲ့ၾကတယ္လို႔ Washington Post က ေဖာ္ျပပါတယ္။

လူမႈကြန္ရက္မွာ တင္ေနၾကတဲ့ ဗီြဒီယိုတခုမွာေတာ့ လူလိမ္ေတြ၊ အာဏာရွင္ေတြ ေသၾကဆိုၿပီး ဆႏၵျပသူေတြ ေႂကြးေၾကာ္ၾကတယ္လို႔ New York Times က ေဖာ္ျပပါတယ္။

ဆႏၵျပပြဲေတြက အီရန္ရဲ႕ တတိယ အႀကီးဆံုးၿမိဳ႕ Isafhan အပါအ၀င္ တျခား ေဒသေတြမွာပါ ျဖစ္ခဲ့တယ္လို႔ ဗီြအိုေအ ပါရွန္းဌာနက ေဖာ္ျပပါတယ္။ အီရန္မွာ ဆႏၵျပပြဲေတြျဖစ္ေၾကာင္း ႐ိုက္တာနဲ႔ ဘီဘီစီတို႔ကလည္း ေဖာ္ျပၾကပါတယ္။

---------------------------------

(Unicode)

ယူကရိန်းလေယာဉ် မှားယွင်းပစ်ချမိတဲ့အပေါ် တာဝန်ယူမယ်လို့ အီရန်တပ်မှူးပြော

ယူကရိန်း ခရီးသည်တင် လေယာဉ်ကို မှားယွင်းပစ်ခတ်ခဲ့ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး ပြည်စောင့်တပ် IRGC က ဝန်ခံ ပြောဆိုပါတယ်။

IRGC ရဲ့ လေကြောင်းဆိုင်ရာ တပ်မှူး Amir Ali Hajizadeh က စနေနေ့မှာ နိုင်ငံပိုင် ရုပ်သံကနေ ပြောဆိုတာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အပြည့်အ၀ တာဝန်ယူကြောင်း၊ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ဖြစ်စေ နာခံမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

ခရီးသည်တင်လေယာဉ် ပျက်ကျတာကို သိလိုက်တဲ့အချိန်မှာ သူ သေသွားချင်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ အဲဒီညက တိုက်ခိုက်ရေးအတွက် အဆင်သင့် ပြင်ဆင်ထားကြောင်း၊ အရပ်ဘက် လေကြောင်းပျံသန်းမှု အားလုံးကို ဖျက်ဖို့ တော်လှန်ရေး ပြည်စောင့်တပ်က ပန်ကြားခဲ့ပေမယ့် သူတို့ပန်ကြားချက်ကို အတည်မပြုခဲ့တာ ဖြစ်ကြောင်းလည်း တပ်မှူး Amir Ali Hajizadeh က ပြောပါတယ်။

အီရန်နိုင်ငံတွင်း မှားယွင်း ပစ်ချခံခဲ့ရတာကြောင့် ယူကရိန်း ခရီးသည်တင် လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၇၆ ယောက်စလုံး သေဆုံးခဲ့တာပါ။

အီရန်ဘက်က အခုလို ဝန်ခံလိုက်တဲ့ စနေနေ့မှာပဲ မြို့တော် တီဟီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တယ်လို့လည်း ဖော်ပြနေကြပါတယ်။ Amirkabir နဲ့ Sharif တက္ကသိုလ်တွေမှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး နိုင်ငံရဲ့ ခေါင်းဆောင်တွေ နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြကြောင်း တော်လှန်ရေး ပြည်စောင့်တပ်နဲ့ ဆက်စပ်တဲ့ အစိုးရတပိုင်း Fars သတင်းအေဂျင်စီက ဖော်ပြပါတယ်။

တီဟီရန်မြို့တော်က Sharif နည်းပညာတက္ကသိုလ်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး ခါမေနီ ရာထူးက ဆင်းပေးဖို့ ကြွေးကြော်ခဲ့ကြတယ်လို့ Washington Post က ဖော်ပြပါတယ်။

လူမှုကွန်ရက်မှာ တင်နေကြတဲ့ ဗွီဒီယိုတခုမှာတော့ လူလိမ်တွေ၊ အာဏာရှင်တွေ သေကြဆိုပြီး ဆန္ဒပြသူတွေ ကြွေးကြော်ကြတယ်လို့ New York Times က ဖော်ပြပါတယ်။

ဆန္ဒပြပွဲတွေက အီရန်ရဲ့ တတိယ အကြီးဆုံးမြို့ Isafhan အပါအဝင် တခြား ဒေသတွေမှာပါ ဖြစ်ခဲ့တယ်လို့ ဗွီအိုအေ ပါရှန်းဌာနက ဖော်ပြပါတယ်။ အီရန်မှာ ဆန္ဒပြပွဲတွေဖြစ်ကြောင်း ရိုက်တာနဲ့ ဘီဘီစီတို့ကလည်း ဖော်ပြကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG