သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေလယာဥ္မွားပစ္မိတာ အေမရိကန္ေၾကာင့္ပါေၾကာင္း အီရန္အျပစ္တင္


ပ်က္က် ယူကရိန္းေလယာဥ္ အစိတ္အပုိင္းအား ၾကည့္႐ႈစစ္ေဆးေနသည့္ တာဝန္ရွိသူမ်ား။

(Zawgyi / Unicode)

ယူကရိန္း ခရီးသည္တင္ေလယာဥ္ကို တီဟီရန္ၿမိဳ ႔ အျပင္ဘက္မွာ အီရန္စစ္တပ္က မွားယြင္းပစ္ခ်ခဲ့တာျဖစ္ေၾကာင္း အီရန္က ၀န္ခံလိုက္ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ေလယာဥ္ေပၚပါ လူ ၁၇၆ ေယာက္စလုံး ေသဆုံးခဲ့တာပါ။

အီရန္အစိုးရပိုင္ သတင္းဌာနက ေဖာ္ျပခဲ့တဲ့ အီရန္သမၼတ ဟာဆန္ ႐ိုဟာနီရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ အေမရိကန္ျပည္ေထာင္စုက ၿခိမ္းေျခာက္တဲ့လုပ္ရပ္ေတြ လုပ္ေနတာေၾကာင့္ အီရန္ ေတာ္လွန္ေရးျပည္ေစာင့္တပ္က ခုလို အမွားအယြင္း လုပ္မိသြားတာပါဆိုၿပီး ျပစ္တင္ေျပာဆိုထားပါတယ္။

အီရန္တပ္မွဴး Qassem Soleimani ကို သုတ္သင္သတ္ျဖတ္ၿပီး အီရန္ရဲ႕ အခ်ဳပ္အျခာအာဏာကိုပါ အေမရိကန္က ၿခိမ္းေျခာက္ရန္စေနတဲ့ အခ်ိန္မွာ ကိုယ့္တုိင္းျပည္ကို အျပည့္အ၀ ကာကြယ္ဖို႔ ျပင္ဆင္ထားတဲ့ အီရန္ေတာ္လွန္ေရး ျပည္ေစာင့္တပ္ရဲ႕ ႀကီးမားတဲ့ မွားယြင္းလုပ္ေဆာင္မႈေၾကာင့္ အျပစ္မဲ့ျပည္သူေတြ ေသဆုံးခဲ့ရပါတယ္လို႔ သမၼတ ႐ိုဟာနီရဲ႕ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒီလို အီရန္က ယူကရိန္း ခရီးသည္တင္ေလယာဥ္ကို ပစ္ခ်ခဲ့တဲ့အတြက္ ေလယာဥ္ေပၚပါ လူ ၁၇၆ ေယာက္စလုံး ေသဆုံးခဲ့ရတဲ့ လုပ္ရပ္နဲ႔ ပတ္သက္ၿပီး အီရန္ဘက္က အျပည့္အ၀ ၀န္ခံဖို႔ ေမွ်ာ္လင့္ပါတယ္လို႔ ယူကရိန္းသမၼတက ဒီကေန႔ပဲ ေျပာဆိုလုိက္ပါတယ္။

ယူကရိန္းေလယာဥ္ကို ပစ္ခ်ခဲ့ပါတယ္လို႔ အီရန္က ၀န္ခံေပမယ့္ သူတို႔မွာ အျပစ္ရွိေၾကာင္း အျပည့္အ၀ ၀န္ခံဖို႔ လိုပါတယ္လို႔ သမၼတ Volodymyr Zelenskiy က ဒီကေန႔ ေၾကညာခ်က္ ထုတ္တာပါ။

ဒီလုပ္ရပ္အတြက္ တာ၀န္ရွိသူေတြကို တရားရင္ဆုိင္ေစဖို႔ ပြင္းလင္းျမင္သာမႈရွိတဲ့ စုံစမ္္းစစ္ေဆးမႈေတြ အျပည့္အ၀ လုပ္ခြင့္ေပးဖို႔၊ အေလာင္းေတြ ေနရပ္ျပန္ပုိ႔ဖို႔၊ ေလ်ာ္ေၾကးေပးဖို႔နဲ႔ သံတမန္ေရး နည္းလမ္းကတဆင့္ တရား၀င္ေတာင္းပန္ဖို႔ ေမွ်ာ္လင့္ပါတယ္လို႔လည္း ေျပာပါတယ္။

အီရန္ကိုေရာက္ေနတဲ့ ယူကရိန္းဆုိင္ရာ ကၽြမ္းက်င္သူေတြကိုေတာ့ အီရန္က အျပည့္အ၀ ပူးေပါင္းကူညီေနၿပီး အခင္းျဖစ္တဲ့ေနရာကို သြားခြြင့္ရသလို ေလယာဥ္ပ်ံသန္းမႈ မွတ္တမ္းတင္ကိရိယာကိုပါ ရထားတာပါ။

ေလယာဥ္မွဴးနဲ႔ ေလဆိပ္ထိန္းခ်ဳပ္ေရးစခန္းက တာ၀န္ရွိသူေတြ အျပန္အလွန္ ေျပာဆိုထားတဲ့ မွတ္တမ္းေတြကို အီရန္ေရာက္ေနတဲ့ သူ႔အဖြဲ႔ေတြ ရထားပါၿပီလို႔လည္း ယူကရိန္းႏုိင္ငံျခားေရး၀န္ႀကီး Vadym Prystaiko က ေျပာပါတယ္။

ေလယာဥ္ပ်က္က်ၿပီး ေသဆုံးခဲ့သူေတြထဲမွာ ကေနဒါႏုိင္ငံသား အမ်ားအျပား ပါဝင္ၿပီး ကေနဒါ၀န္ႀကီးခ်ဳပ္ Justin Trudeau ကေတာ့ ေသဆုံးသြားသူေတြရဲ႕ မိသားစု၀င္ေတြအတြက္ ပြင့္လင္းျမင္သာၿပီး တရားသျဖင့္ျဖစ္ေအာင္ လုပ္ကိုင္ေပးဖို႔ ေတာင္းဆိုထားတာပါ။

ယူကရိန္း ခရီးသည္တင္ေလယာဥ္ကို မွားယြင္းပစ္ခ်မိေၾကာင္း ဒီကေန႔ပဲ ၀န္ခံလိုက္တဲ့ ေတာ္လွန္ေရး ျပည္ေစာင့္တပ္ ေလေၾကာင္းဆုိင္ရာ တပ္မွဴးႀကီးကေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ လုံး၀ တာ၀န္ခံေၾကာင္းနဲ႔ ဘယ္လိုအျပစ္မ်ိဳးကိုမဆို ခံယူဖို႔ အဆင္သင့္ရွိပါတယ္လို႔ အီရန္ႏုိင္ငံပိုင္ ႐ုပ္သံကေန ေျပာဆိုခဲ့ပါတယ္။

----------------------------

(Unicode)

လေယာဉ်မှားပစ်မိတာ အမေရိကန်ကြောင့်ပါကြောင်း အီရန်အပြစ်တင်

ယူကရိန်း ခရီးသည်တင်လေယာဉ်ကို တီဟီရန်မြို့ အပြင်ဘက်မှာ အီရန်စစ်တပ်က မှားယွင်းပစ်ချခဲ့တာဖြစ်ကြောင်း အီရန်က ဝန်ခံလိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်ပါ လူ ၁၇၆ ယောက်စလုံး သေဆုံးခဲ့တာပါ။

အီရန်အစိုးရပိုင် သတင်းဌာနက ဖော်ပြခဲ့တဲ့ အီရန်သမ္မတ ဟာဆန် ရိုဟာနီရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်ပြည်ထောင်စုက ခြိမ်းခြောက်တဲ့လုပ်ရပ်တွေ လုပ်နေတာကြောင့် အီရန် တော်လှန်ရေးပြည်စောင့်တပ်က ခုလို အမှားအယွင်း လုပ်မိသွားတာပါဆိုပြီး ပြစ်တင်ပြောဆိုထားပါတယ်။

အီရန်တပ်မှူး Qassem Soleimani ကို သုတ်သင်သတ်ဖြတ်ပြီး အီရန်ရဲ့ အချုပ်အခြာအာဏာကိုပါ အမေရိကန်က ခြိမ်းခြောက်ရန်စနေတဲ့ အချိန်မှာ ကိုယ့်တိုင်းပြည်ကို အပြည့်အ၀ ကာကွယ်ဖို့ ပြင်ဆင်ထားတဲ့ အီရန်တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ ကြီးမားတဲ့ မှားယွင်းလုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရပါတယ်လို့ သမ္မတ ရိုဟာနီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလို အီရန်က ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့တဲ့အတွက် လေယာဉ်ပေါ်ပါ လူ ၁၇၆ ယောက်စလုံး သေဆုံးခဲ့ရတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အီရန်ဘက်က အပြည့်အ၀ ဝန်ခံဖို့ မျှော်လင့်ပါတယ်လို့ ယူကရိန်းသမ္မတက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

ယူကရိန်းလေယာဉ်ကို ပစ်ချခဲ့ပါတယ်လို့ အီရန်က ဝန်ခံပေမယ့် သူတို့မှာ အပြစ်ရှိကြောင်း အပြည့်အ၀ ဝန်ခံဖို့ လိုပါတယ်လို့ သမ္မတ Volodymyr Zelenskiy က ဒီကနေ့ ကြေညာချက် ထုတ်တာပါ။

ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေကို တရားရင်ဆိုင်စေဖို့ ပွင်းလင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အ၀ လုပ်ခွင့်ပေးဖို့၊ အလောင်းတွေ နေရပ်ပြန်ပို့ဖို့၊ လျော်ကြေးပေးဖို့နဲ့ သံတမန်ရေး နည်းလမ်းကတဆင့် တရားဝင်တောင်းပန်ဖို့ မျှော်လင့်ပါတယ်လို့လည်း ပြောပါတယ်။

အီရန်ကိုရောက်နေတဲ့ ယူကရိန်းဆိုင်ရာ ကျွမ်းကျင်သူတွေကိုတော့ အီရန်က အပြည့်အ၀ ပူးပေါင်းကူညီနေပြီး အခင်းဖြစ်တဲ့နေရာကို သွားခွင့်ရသလို လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကိုပါ ရထားတာပါ။

လေယာဉ်မှူးနဲ့ လေဆိပ်ထိန်းချုပ်ရေးစခန်းက တာဝန်ရှိသူတွေ အပြန်အလှန် ပြောဆိုထားတဲ့ မှတ်တမ်းတွေကို အီရန်ရောက်နေတဲ့ သူ့အဖွဲ့တွေရထားပါပြီလို့လည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Vadym Prystaikoက ပြောပါတယ်။

လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့သူတွေထဲမှာ ကနေဒါနိုင်ငံသား အများအပြား ပါဝင်ပြီး ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် ပွင့်လင်းမြင်သာပြီး တရားသဖြင့်ဖြစ်အောင် လုပ်ကိုင်ပေးဖို့ တောင်းဆိုထားတာပါ။

ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိကြောင်း ဒီကနေ့ပဲ ဝန်ခံလိုက်တဲ့ တော်လှန်ရေး ပြည်စောင့်တပ် လေကြောင်းဆိုင်ရာ တပ်မှူးကြီးကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လုံး၀ တာဝန်ခံကြောင်းနဲ့ ဘယ်လိုအပြစ်မျိုးကိုမဆို ခံယူဖို့ အဆင်သင့်ရှိပါတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံကနေ ပြောဆိုခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG