အီရန္ စစ္ဖက္က ယူကရိန္း ခရီးသည္တင္ေလယာဥ္ကို ပစ္ခ်မိေၾကာင္း ဝန္ခံလိုက္ပါတယ္။ စေနေန႔က ထုတ္ျပန္တဲ့ အီရန္ရဲ႕ ေၾကညာခ်က္ မွာ မရည္႐ြယ္ပဲ ပစ္ခ်မိတာ ျဖစ္ၿပီး လူ႔ အမွား ေၾကာင့္ ျဖစ္ရတယ္လို႔ ေဖာ္ျပထားပါတယ္။
ပစ္ခ်မႈအတြက္ တာဝန္ရွိသူေတြကိုလည္း အေရးယူသြားမွာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ကနဦးတုန္းက အခုလို ဒုံးက်ည္နဲ႔ ပစ္ခ်ခဲ့တယ္လို႔ စြပ္စြဲခ်က္ေတြကို အီရန္ က ျငင္းဆိုထားၿပီး ကေနဒါ နဲ႔ အေမရိကန္ ေထာက္လွမ္းေရးေတြက ဒီေလယာဥ္ကို အီရန္ ပစ္ခ်ခဲ့တာလို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့တာပါ။
ဒီေလယာဥ္ဟာ အီရန္ ၿမိဳ႕ေတာ္ တီဟီရန္ကေန ယူကရိန္းႏိုင္ငံ ၿမိဳ႕ေတာ္ ကီးယက္ ကို ဦးတည္ပ်ံသန္းေနတာ ျဖစ္ၿပီး ဒီပစ္ခ်မႈေၾကာင့္ ေလယာဥ္ေပၚမွာ လိုက္ပါတဲ့ ခရီးသည္ ၁၇၆ ေယာက္လုံးေသဆုံးသြားခဲ့ပါတယ္။
unicode
ယူကရိန်း ခရီးသည် တင်လေယာဉ်ကို မှားယွင်း ပစ်ချမိကြောင်း အီရန် ဝန်ခံ
အီရန် စစ်ဖက်က ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ပစ်ချမိကြောင်း ဝန်ခံလိုက်ပါတယ်။ စနေနေ့က ထုတ်ပြန်တဲ့ အီရန်ရဲ့ ကြေညာချက် မှာ မရည်ရွယ်ပဲ ပစ်ချမိတာ ဖြစ်ပြီး လူ့ အမှား ကြောင့် ဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။
ပစ်ချမှုအတွက် တာဝန်ရှိသူတွေကိုလည်း အရေးယူသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကနဦးတုန်းက အခုလို ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်လို့ စွပ်စွဲချက်တွေကို အီရန် က ငြင်းဆိုထားပြီး ကနေဒါ နဲ့ အမေရိကန် ထောက်လှမ်းရေးတွေက ဒီလေယာဉ်ကို အီရန် ပစ်ချခဲ့တာလို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာပါ။
ဒီလေယာဉ်ဟာ အီရန် မြို့တော် တီဟီရန်ကနေ ယူကရိန်းနိုင်ငံ မြို့တော် ကီးယက် ကို ဦးတည်ပျံသန်းနေတာ ဖြစ်ပြီး ဒီပစ်ချမှုကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါတဲ့ ခရီးသည် ၁၇၆ ယောက်လုံးသေဆုံးသွားခဲ့ပါတယ်။