သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပမႈေတြေၾကာင့္ အီရန္ လုံၿခဳံေရးတိုးျမႇင့္


အီရန္ဆႏၵျပပြဲျမင္ကြင္း။

(Zawgyi / Unicode)

အီရန္ေတာ္လွန္ေရးအေစာင့္တပ္က ယူကရိန္း ခရီးသည္တင္ေလယာဥ္ကို မွားယြင္းၿပီးေတာ့ ပစ္ခ်လိုက္တယ္လို႔ ဝန္ခံလိုက္ၿပီးတဲ့ေနာက္ အီရန္ႏိုင္ငံတဝွမ္းမွာ ဆႏၵျပတာေတြ ျဖစ္လာေနၿပီး ၿမိဳ႕ေတာ္ တီဟီရန္မွာေတာ့ အီရန္အစိုးရက လုံၿခဳံေရးေတြ တိုးျမႇင့္ခ်ထားလိုက္ပါတယ္။

စေနေန႔ညက တီဟီရန္ၿမိဳ႕ေတာ္နဲ႔ တျခားၿမိဳ႕ေတြမွာ လမ္းေတြေပၚကို ထြက္ၿပီး ဆႏၵျပခဲ့ၾကတဲ့သူ ေထာင္ေပါင္းမ်ားစြာကို အဓိက႐ုဏ္းႏွိမ္နင္းေရး တပ္ဖြဲ႔ေတြက မ်က္ရည္ယိုဗုံးေတြ သုံးၿပီး ႏွိမ္နင္းခဲ့ၾကပါတယ္။

ဆႏၵျပတဲ့သူေတြက အီရန္ဘာသာေရးေခါင္းေဆာင္ႀကီးကို တိုက္႐ိုက္ရည္ၫႊန္းၿပီးေတာ့ အာဏာရွင္စနစ္ က်ဆုံးပါေစဆိုတဲ့ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ ဆႏၵျပခဲ့ၾကပါတယ္။

အီရန္အစိုးရနဲ႔ ဆက္စပ္တဲ့ သတင္းဌာနေတြက ဆႏၵျပပြဲ သတင္းေတြကို ျပသခဲ့သလို လူမႈကြန္ရက္ေတြမွာလည္း အီရန္က ဆႏၵျပေနၾကတဲ့ ႐ုပ္သံဖိုင္ မွတ္တမ္းေတြလည္း ထြက္ေပၚေနပါတယ္။

တီဟီရန္ၿမိဳ႕မွာေတာ့ ဒီကေန႔ မနက္ပိုင္းမွာ လုံၿခဳံေရးေတြကို တိုးျမႇင့္ခ်ထားတယ္လို႔ တီဟီရန္ၿမိဳ႕ခံတဦးက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ဆႏၵျပတဲ့သူတဦးကေတာ့ အီရန္ျပည္သူေတြကို ေတာင္းပန္ၿပီး ႏုတ္ထြက္ေပးဖို႔ စာတန္းကိုကိုင္ေဆာင္ ဆႏၵျပခဲ့ၾကၿပီး ဒီေလယာဥ္ပ်က္က်သြားတာနဲ႔ ပတ္သက္ၿပီး တာဝန္ရွိတဲ့သူေတြ အေနနဲ႔ ႏုတ္ထြက္ေပးဖို႔ ျပည္သူလူထုက ေတာင္းဆိုတယ္လို႔ ေျပာထားပါတယ္။

-------------------------------

(Unicode)

ဆန္ဒပြမှုတွေကြောင့် အီရန် လုံခြုံရေးတိုးမြှင့်

အီရန်တော်လှန်ရေးအစောင့်တပ်က ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပြီးတော့ ပစ်ချလိုက်တယ်လို့ ဝန်ခံလိုက်ပြီးတဲ့နောက် အီရန်နိုင်ငံတဝှမ်းမှာ ဆန္ဒပြတာတွေ ဖြစ်လာနေပြီး မြို့တော် တီဟီရန်မှာတော့ အီရန်အစိုးရက လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါတယ်။

စနေနေ့ညက တီဟီရန်မြို့တော်နဲ့ တခြားမြို့တွေမှာ လမ်းတွေပေါ်ကို ထွက်ပြီး ဆန္ဒပြခဲ့ကြတဲ့သူ ထောင်ပေါင်းများစွာကို အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နင်းခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေက အီရန်ဘာသာရေးခေါင်းဆောင်ကြီးကို တိုက်ရိုက်ရည်ညွှန်းပြီးတော့ အာဏာရှင်စနစ် ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။

အီရန်အစိုးရနဲ့ ဆက်စပ်တဲ့ သတင်းဌာနတွေက ဆန္ဒပြပွဲ သတင်းတွေကို ပြသခဲ့သလို လူမှုကွန်ရက်တွေမှာလည်း အီရန်က ဆန္ဒပြနေကြတဲ့ ရုပ်သံဖိုင် မှတ်တမ်းတွေလည်း ထွက်ပေါ်နေပါတယ်။

တီဟီရန်မြို့မှာတော့ ဒီကနေ့ မနက်ပိုင်းမှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားတယ်လို့ တီဟီရန်မြို့ခံတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဆန္ဒပြတဲ့သူတဦးကတော့ အီရန်ပြည်သူတွေကို တောင်းပန်ပြီး နုတ်ထွက်ပေးဖို့ စာတန်းကိုကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး ဒီလေယာဉ်ပျက်ကျသွားတာနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေ အနေနဲ့ နုတ်ထွက်ပေးဖို့ ပြည်သူလူထုက တောင်းဆိုတယ်လို့ ပြောထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG