သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ အရှိန်မြင့်


အီရန်ဆန္ဒပြပွဲ မြင်ကွင်း။ (ဇန်နဝါရီ ၁၁၊ ၂၀၂၀)
အီရန်ဆန္ဒပြပွဲ မြင်ကွင်း။ (ဇန်နဝါရီ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

လူပေါင်း ၁၇၆ ယောက် လိုက်ပါခဲ့တဲ့ ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပြီး ပစ်ချခဲ့ကြောင်း ဝန်ခံခဲ့တဲ့ အီရန်စစ်တပ်ကို ဆန့်ကျင်တဲ့ ဒုတိယမြောက်နေ့အဖြစ် အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့ညက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

ယူကရိန်း ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရမှုနဲ့ မပတ်သက်ဘူးလို့ အီရန်စစ်တပ်က ကနဦး ငြင်းဆိုခဲ့ပြီးနောက်မှာ မှားယွင်းပစ်ချခဲ့မိတာ ဖြစ်ကြောင်း ဝန်ခံထားတာပါ။

မြို့တော် တီဟီရန်က တက္ကသိုလ် အပြင်ဘက်မှာတော့ ဆန္ဒပြသူတဖွဲ့က အမေရိကန်က ငါတို့ရန်သူဆိုပြီး လိမ်ညာ ပြောဆိုနေကြောင်း၊ ရန်သူအစစ်က အီရန်ထဲမှာပဲ ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

အီရန်မြို့တော်တွင်းက နေရာတွေမှာရော တခြားမြို့တွေမှာပါ ဆန္ဒပြကြတာကို ဗွီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

Azadi ရင်ပြင် အပါအဝင် အထင်ကရ နေရာတွေမှာတော့ ရဲတွေ အလုံးအရင်းနဲ့ ချထားပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံတွေ ဝတ်ထားတဲ့ ရဲတွေက မီးသတ်ပိုက်တွေ၊ နံပါတ်တုတ်တွေ၊ အာဏာပိုင်တွေအနေနဲ့ ဆန္ဒပြသူတွေကို မှတ်မိ သိရှိနိုင်စေမယ့် အရောင်တွေနဲ့ အမှတ်အသား လုပ်နိုင်တဲ့ Paintball သေနတ်တွေကိုလည်း ကိုင်ထားကြပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြပွဲတွေကို ဖြိုခွဲတဲ့ သတင်းတွေတော့ မရှိပါဘူး။

အီရန်လွှတ်တော် ရှေ့မှောက်မှာ အီရန် တော်လှန်ရေးပြည်စောင့်တပ် အကြီးအကဲက စိတ်လှုပ်ရှား ဝမ်းနည်းမှုအပြည့်နဲ့ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ ယူကရိန်း နိုင်ငံတကာလေကြောင်းလိုင်း လေယာဉ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် တောင်းပန်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ဝမ်းနည်းဖွယ် မှားယွင်းမှုကြီး ဖြစ်ပါတယ်လို့ ခုခံ ပြောဆိုခဲ့ပါတယ်။

အီရန် ဆန္ဒပြသူတွေကို အစိုးရဘက်က ချေမှုန်းဖြိုခွဲတာ မလုပ်ဖို့ အမေရိကန် သမ္မတ Donald Trump က သတိပေးထားပါတယ်။

--------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG