(Zawgyi/Unicode)
အဲဒီထဲမွာမွ နယူးေယာက္ၿမိဳ႕ေတာ္ဝန္ေဟာင္း Mike Bloomberg ကို က်န္တဲ့ သမၼတကိုယ္စားလွယ္ေလာင္းေတြ အဓိက ေဝဖန္ ထိုးႏွက္ၾကပါတယ္။ အခုစကားစစ္ထိုးပြဲဟာ မစၥတာ Bloomberg ပထမဆံုးပါဝင္တဲ့ စကားစစ္ထိုးပြဲလည္း ျဖစ္ပါတယ္။
ကမာၻေပၚက အခ်မ္းသာဆံုး လူပုဂၢိဳလ္ေတြထဲ နံပါတ္ ၁၂ အဆင့္မွာရွိတဲ့ ၿမိဳ႕ေတာ္ဝန္ေဟာင္း Bloomberg ဟာ မဲဆြယ္စည္း႐ံုးေရးအတြက္ သူ႔ကိုယ္ပိုင္ေငြထဲကေန ရန္ပံုေငြ ေဒၚလာ သန္း ၄၀၀ နီးပါး သံုးစြဲထားၿပီးေတာ့ ဒီမုိကရက္တစ္ပါတီကိုယ္စားျပဳ သမၼတေလာင္း ျဖစ္ေအာင္ ေငြနဲ႔ဝယ္ယူေနတယ္လို႔ အထက္လႊတ္ေတာ္အမတ္ေတြျဖစ္ၾကတဲ့ Bernie Sanders နဲ႔ Amy Klobuchar တို႔က ေဝဖန္ ထိုးႏွက္ၾကပါတယ္။
မစၥတာ Bloomberg က သူဟာ သမၼတထရမ့္ပ္လို အေမြရလို႔ ခ်မ္းသာလာတာ မဟုတ္ဘဲ ကိုယ္တိုင္ စီးပြားေရးလုပ္ ခ်မ္းသာလာတာျဖစ္ၿပီးေတာ့ တိုင္းျပည္မွာ သမၼတ ျဖစ္ခဲ့ဖူးသူေတြထဲ အဆိုးဆံုးသမၼတျဖစ္တဲ့ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို ျဖဳတ္ခ်ဖို႔ အခု ဒီေငြေတြကို သံုးေနတာလို႔ ျပန္ေခ်ပပါတယ္။
လက္ရွိမွာ ေထာက္ခံမႈ အမ်ားဆံုးရေနတဲ့ အထက္လႊတ္ေတာ္အမတ္ Bernie Sanders က သူသာလွ်င္ သမၼတထရမ့္ပ္ကို အႏုိင္ယူႏုိင္မယ့္သူ ျဖစ္တယ္လုိ႔ ေျပာတာကိုလည္း မစၥတာ Bloomberg က ခ်က္ျခင္းတံု႔ျပန္ၿပီး မစၥတာ Sanders ဟာ သမၼတထရမ့္္ပ္ကို အႏုိင္ရမယ့္အခြင့္အလန္း လံုးဝမရွိဘူးလို႔ ေျပာပါတယ္။
ဒီမိုကရက္တစ္ပါတီတြင္း Caucus နဲ႔ Primary အႀကိဳေရြးေကာက္ပြဲေတြလုပ္ၿပီး ပါတီကုိယ္စားျပဳ သမၼတေလာင္းကို ေရြးခ်ယ္ေနတာမွာ ပထမဆံုး Iowa Caucus ၊ အဲဒီေနာက္ New Hampshire Primary အႀကိဳေရြးေကာက္ပြဲေတြ ၿပီးသြားၿပီျဖစ္ၿပီး Nevada Caucus ကို ေဖေဖာ္ဝါရီလ ၂၂ ရက္ စေနေန႔မွာ လုပ္ဖို႔ရွိပါတယ္။ အဲဒီေနာက္ တပတ္အၾကာ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔မွာ ေတာင္ ကာ႐ိုလိုင္းနားျပည္နယ္ Primary ေရြးေကာက္ပဲြလုပ္မွာျဖစ္ပါတယ္။
[Unicode Version]
ကန်ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများ နီးဗားဒါးပြည်နယ်မှာ စကားစစ်ထိုး
အဲဒီထဲမှာမှ နယူးယောက်မြို့တော်ဝန်ဟောင်း Mike Bloomberg ကို ကျန်တဲ့ သမ္မတကိုယ်စားလှယ်လောင်းတွေ အဓိက ဝေဖန် ထိုးနှက်ကြပါတယ်။ အခုစကားစစ်ထိုးပွဲဟာ မစ္စတာ Bloomberg ပထမဆုံးပါဝင်တဲ့ စကားစစ်ထိုးပွဲလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်က အချမ်းသာဆုံး လူပုဂ္ဂိုလ်တွေထဲ နံပါတ် ၁၂ အဆင့်မှာရှိတဲ့ မြို့တော်ဝန်ဟောင်း Bloomberg ဟာ မဲဆွယ်စည်းရုံးရေးအတွက် သူ့ကိုယ်ပိုင်ငွေထဲကနေ ရန်ပုံငွေ ဒေါ်လာ သန်း ၄၀၀ နီးပါး သုံးစွဲထားပြီးတော့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်အောင် ငွေနဲ့ဝယ်ယူနေတယ်လို့ အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Bernie Sanders နဲ့ Amy Klobuchar တို့က ဝေဖန် ထိုးနှက်ကြပါတယ်။
မစ္စတာ Bloomberg က သူဟာ သမ္မတထရမ့်ပ်လို အမွေရလို့ ချမ်းသာလာတာ မဟုတ်ဘဲ ကိုယ်တိုင် စီးပွားရေးလုပ် ချမ်းသာလာတာဖြစ်ပြီးတော့ တိုင်းပြည်မှာ သမ္မတဖြစ်ခဲ့ဖူးသူတွေထဲ အဆိုးဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဖြုတ်ချဖို့ အခု ဒီငွေတွေကို သုံးနေတာလို့ ပြန်ချေပပါတယ်။
လက်ရှိမှာ ထောက်ခံမှုအများဆုံးရနေတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders က သူသာလျှင် သမ္မတထရမ့်ပ်ကို အနိုင်ယူနိုင်မယ့်သူ ဖြစ်တယ်လို့ ပြောတာကိုလည်း မစ္စတာ Bloomberg က ချက်ခြင်းတုံ့ပြန်ပြီး မစ္စတာ Sanders ဟာ သမ္မတထရမ့်ပ်ကို အနိုင်ရမယ့်အခွင့်အလန်း လုံးဝမရှိဘူးလို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း Caucus နဲ့ Primary အကြိုရွေးကောက်ပွဲတွေလုပ်ပြီး ပါတီကိုယ်စားပြု သမ္မတလောင်းကို ရွေးချယ်နေတာမှာ ပထမဆုံး Iowa Caucus ၊ အဲဒီနောက် New Hampshire Primary အကြိုရွေးကောက်ပွဲတွေ ပြီးသွားပြီဖြစ်ပြီး Nevada Caucus ကို ဖေဖော်ဝါရီလ ၂၂ ရက် စနေနေ့မှာ လုပ်ဖို့ရှိပါတယ်။ အဲဒီနောက် တပတ်အကြာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ တောင် ကာရိုလိုင်းနားပြည်နယ် Primary ရွေးကောက်ပွဲလုပ်မှာဖြစ်ပါတယ်။