သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ဒီမုိကရက္ သမၼတကုိယ္စားလွယ္ေလာင္းေတြ တတိယအႀကိမ္ စကားစစ္ထုိး


အေမရိကန္ ဒီမုိကရက္ သမၼတကုိယ္စားလွယ္ေလာင္းမ်ား (စက္တင္ဘာ၊ ၁၂၊ ၂၀၁၉)

အေမရိကန္ ဒီမိုကရက္ သမၼတကိုယ္စားလွယ္ေလာင္းေတြရဲ႕ တတိယအႀကိမ္ စကားစစ္ထိုးပြဲကို ၾကာသပေတးေန႔ က တကၠဆက္စ္ျပည္နယ္၊ Houston ၿမိဳ႕မွာလုပ္ပါတယ္။ ထိပ္ကေျပးေနတဲ့ သမၼတကုိယ္စားလွယ္ေလာင္း ၁၀ ဦးရဲ႕ စကား စစ္ထိုးပြဲမွာ က်န္းမာေရးေစာင့္ေရွာက္မႈ၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ႏုိင္္ငံျခားေရးမူဝါဒဆိုင္ရာ ကိစၥရပ္ေတြကို အက်ိတ္အနယ္ အေျခ အတင္ေျပာဆိုၾကပါတယ္။ Jim Malone ရဲ႕သတင္းလႊာကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ABC ႐ုပ္သံသတင္းဌာနက တိုက္႐ိုက္ထုတ္လႊင့္တဲ့ ဒီစကားစစ္ထိုးပြဲဟာ ထိပ္တန္း ဒီမိုကရက္ သမၼတကိုယ္စားလွယ္ ေလာင္းေတြ အားလံုးပါတဲ့ ပထမဆံုးပြဲျဖစ္ၿပီး တဦးနဲ႔တဦး အျပန္အလွန္ ေဝဖန္ ေျပာဆိုၾကပါတယ္။

လက္ရွိမွာ ထိပ္ဆံုးကေျပးေနတဲ့ ဒုတိယသမၼတေဟာင္း Joe Biden က က်န္းမာေရးေစာင့္ေရွာက္မႈ ခ်ဲ႕ထြင္ေရး သူ႔ရဲ႕အစီအစဥ္ ကို ကာကြယ္ေျပာဆိုသလို သူ႔ၿပိဳင္ဘက္ေတြရဲ႕ မူေတြကိုလည္း စိန္ေခၚေျပာဆိုပါတယ္။

Joe Biden။ ။ “ဘယ္လို အကုန္အက်ခံၾကမွာပါလဲ၊ အဲဒါကို ဘယ္လိုလုပ္မယ္ဆိုတာ ဒီည က်ေနာ္ၾကားခ်င္ပါတယ္။”

မက္ဆာခ်ဴးဆက္ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren နဲ႔ Vermont အထက္လႊတ္ေတာ္အမတ္ Bernie Sanders တို႔ ရဲ႕ ပိုအကုန္အက်မ်ားမယ့္ အစိုးရ က်န္းမာေရးေစာင့္ေရွာက္မႈ အစီအစဥ္ကို မစၥတာဘိုင္ဒန္က ရည္ရြယ္ေျပာဆိုတာပါ။

ဒီအေပၚ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren ရဲ႕ တုန္႔ျပန္ခ်က္က -

အထက္လႊတ္ေတာ္အမတ္ Elizabeth Warren။ ။“ဘယ္လို အကုန္အက်ခံမလဲ ဆိုေတာ့ အခ်မ္းသာဆံုး လူပုဂၢိဳလ္ေတြ၊ အႀကီးဆံုး ေကာ္ပိုေရးရွင္းေတြဆီက ပိုေတာင္းၿပီးေတာ့ အကုန္အက်ခံမွာျဖစ္ပါတယ္။”

အထက္လႊတ္ေတာ္အမတ္ Bernie Senders ကလည္း သူ႔အစီအစဥ္ကို အခုလို ခ်ျပေျပာဆိုပါတယ္။

အထက္လႊတ္ေတာ္အမတ္ Bernie Senders။ ။“အားလံုးအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈဟာ ဒီႏုိင္ငံက အမ်ဳိးသားတိုင္း၊ အမ်ဳိးသမီးတိုင္း၊ ကေလးတိုင္းကို က်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔ အကုန္အက် အသက္သာဆံုးနည္းဆိုတာ ေလ့လာခ်က္တိုင္းမွာ ေတြ႔ထားပါတယ္။”

စကားစစ္ထိုးပြဲမွာပါဝင္တဲ့ တျခားလူေတြထဲ ဒီမိုကရက္ေတြဟာ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို ေဝဖန္ထိုးႏွက္ရမယ့္အစား တဦး ေပၚတဦး ထိုးႏွက္တာနဲ႔ အလုပ္႐ႈပ္ေနတယ္လုိ႔ စိုးရိမ္သူေတြရွိပါတယ္။ ဒီထဲမွာ ကာလီဖိုးနီးယား အထက္လႊတ္ေတာ္အမတ္ Kamala Harris လည္း တဦးအပါအဝင္ပါ။

အထက္လႊတ္ေတာ္အမတ္ Kamala Harris ။ ။“ေနာက္ဆံုးပန္းတိုင္ကို အာ႐ံုစိုက္ၾကရ ေအာင္ပါ။ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို ျဖဳတ္မခ်ႏုိင္ရင္ေတာ့ သူက ဒီမူေတြအားလံုးကုိ ရွင္းပစ္လိုက္ပါလိမ့္မယ္။”

ႏုိင္ငံျခားေရးမူဝါဒပိုင္းမွာေတာ့ Elizabeth Warren အပါအဝင္ သမၼတ ကိုယ္စားလွယ္ေလာင္း အေတာ္မ်ားမ်ားက သူတို႔သာ ေရြးေကာက္ခံရရင္ အာဖဂန္နစၥတန္ကေန အေမရိကန္တပ္ေတြ ျပန္႐ုပ္မယ္လုိ႔ ကတိျပဳၾကပါတယ္။

Elizabeth Warren။ ။“စစ္ေရးနည္းအရ ေျဖရွင္းလုိ႔မရတဲ့ ျပႆနာေတြ စစ္တပ္ကို ဆက္ၿပီးေျဖရွင္းခိုုင္းတာမ်ဳိး မျဖစ္ႏုိင္ပါဘူး။ အေျဖတခုထြက္ဖို႔အတြက္ ဗံုးက်ဲၿပီး နည္းလမ္းရွာမွာမဟုတ္ပါဘူး။”

မစၥတာဘိုင္ဒန္ရဲ႕ အျမင္ကလည္း အလားတူပါပဲ။

Joe Biden။ ။“ဒါကို အတူတူလုပ္ဖို႔ မျဖစ္ႏုိင္ပါဘူး။ က်ေနာ္ ထပ္ေျပာပါရေစ။ အဲဒါကို အတူတူလုပ္မွာ မဟုတ္ပါဘူး။”

စကားစစ္ထိုးပဲြအတြင္း အေျခအတင္ျဖစ္ၾကတာေတြလည္းရွိခဲ့ၿပီး တခ်က္မွာေတာ့ ဒီမုိကရက္ေတြ တဦးအေပၚတဦး ထိုးႏွက္သင့္ သလားဆိုတာနဲ႔ပတ္သက္လို႔ အင္ဒီယားနားျပည္နယ္၊ South Bend ၿမိဳ႕ေတာ္ဝန္ Pete Buttigieg နဲ႔ အိုးအိမ္ဝန္ႀကီးေဟာင္း Julian Castro တို႔ၾကား အေျခအတင္ျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ဝန္ Pete Buttigieg။ ။ “ဒီအခ်က္က ဝါရွင္တန္ႏုိင္ငံေရးနဲ႔ပတ္သက္လို႔ လူေတြ ဘာကို သည္းမခံႏုိင္တာလဲဆိုတာ လူတိုင္းကို သတိေပးတာပါပဲ။ တေယာက္ေပၚတေယာက္ အသာစီးယူ၊ တဦးေပၚတဦး ထိုးႏွက္ၾကတဲ့ကိစၥပါ။”

Julian Castro။ ။ “ဒါဟာ ဒီမုိကရက္တစ္ပါတီတြင္း primary ေရြးေကာက္ပြဲပါ။ ဒါကို ေရြးေကာက္ပြဲလို႔ေခၚပါတယ္။”

ေအာက္တိုဘာလလည္မွာလုပ္မယ့္ ေနာက္တႀကိမ္ စကားစစ္ထိုးပြဲမွာေတာ့ အခုပြဲမွာမပါတဲ့ သဘာဝပတ္ဝန္းက်င္ေရးရာ လႈပ္ရွား သူ ဘီလီယံနာသူေဌးႀကီး Tom Steyer အပါအဝင္ အခု ကိုယ္စားလွယ္ေလာင္း ၁၀ ေယာက္စလံုး ပါဝင္ခြင့္ရၾကမွာျဖစ္ပါတယ္။

[Unicode Version]

အမေရိကန် ဒီမိုကရက် သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ တတိယအကြိမ် စကားစစ်ထိုးပွဲကို ကြာသပတေးနေ့ က တက္ကဆက်စ်ပြည်နယ်၊ Houston မြို့မှာလုပ်ပါတယ်။ ထိပ်ကပြေးနေတဲ့ သမ္မတကိုယ်စားလှယ်လောင်း ၁၀ ဦးရဲ့ စကား စစ်ထိုးပွဲမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တွေကို အကျိတ်အနယ် အခြေ အတင်ပြောဆိုကြပါတယ်။ Jim Malone ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ABC ရုပ်သံသတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်တဲ့ ဒီစကားစစ်ထိုးပွဲဟာ ထိပ်တန်း ဒီမိုကရက် သမ္မတကိုယ်စားလှယ် လောင်းတွေ အားလုံးပါတဲ့ ပထမဆုံးပွဲဖြစ်ပြီး တဦးနဲ့တဦး အပြန်အလှန် ဝေဖန် ပြောဆိုကြပါတယ်။

လက်ရှိမှာ ထိပ်ဆုံးကပြေးနေတဲ့ ဒုတိယသမ္မတဟောင်း Joe Biden က ကျန်းမာရေးစောင့်ရှောက်မှု ချဲ့ထွင်ရေး သူ့ရဲ့အစီအစဉ် ကို ကာကွယ်ပြောဆိုသလို သူ့ပြိုင်ဘက်တွေရဲ့ မူတွေကိုလည်း စိန်ခေါ်ပြောဆိုပါတယ်။

Joe Biden။ ။ “ဘယ်လို အကုန်အကျခံကြမှာပါလဲ၊ အဲဒါကို ဘယ်လိုလုပ်မယ်ဆိုတာ ဒီည ကျနော်ကြားချင်ပါတယ်။”

မက်ဆာချူးဆက် အထက်လွှတ်တော်အမတ် Elizabeth Warren နဲ့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders တို့ ရဲ့ ပိုအကုန်အကျများမယ့် အစိုးရ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို မစ္စတာဘိုင်ဒန်က ရည်ရွယ်ပြောဆိုတာပါ။

ဒီအပေါ် အထက်လွှတ်တော်အမတ် Elizabeth Warren ရဲ့ တုန့်ပြန်ချက်က -

အထက်လွှတ်တော်အမတ် Elizabeth Warren။ ။“ဘယ်လို အကုန်အကျခံမလဲ ဆိုတော့ အချမ်းသာဆုံး လူပုဂ္ဂိုလ်တွေ၊ အကြီးဆုံး ကော်ပိုရေးရှင်းတွေဆီက ပိုတောင်းပြီးတော့ အကုန်အကျခံမှာဖြစ်ပါတယ်။”

အထက်လွှတ်တော်အမတ် Bernie Senders ကလည်း သူ့အစီအစဉ်ကို အခုလို ချပြပြောဆိုပါတယ်။

အထက်လွှတ်တော်အမတ် Bernie Senders။ ။“အားလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုဟာ ဒီနိုင်ငံက အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း၊ ကလေးတိုင်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အကုန်အကျ အသက်သာဆုံးနည်းဆိုတာ လေ့လာချက်တိုင်းမှာ တွေ့ထားပါတယ်။”

စကားစစ်ထိုးပွဲမှာပါဝင်တဲ့ တခြားလူတွေထဲ ဒီမိုကရက်တွေဟာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဝေဖန်ထိုးနှက်ရမယ့်အစား တဦး ပေါ်တဦး ထိုးနှက်တာနဲ့ အလုပ်ရှုပ်နေတယ်လို့ စိုးရိမ်သူတွေရှိပါတယ်။ ဒီထဲမှာ ကာလီဖိုးနီးယား အထက်လွှတ်တော်အမတ် Kamala Harris လည်း တဦးအပါအဝင်ပါ။

အထက်လွှတ်တော်အမတ် Kamala Harris ။ ။“နောက်ဆုံးပန်းတိုင်ကို အာရုံစိုက်ကြရ အောင်ပါ။ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဖြုတ်မချနိုင်ရင်တော့ သူက ဒီမူတွေအားလုံးကို ရှင်းပစ်လိုက်ပါလိမ့်မယ်။”

နိုင်ငံခြားရေးမူဝါဒပိုင်းမှာတော့ Elizabeth Warren အပါအဝင် သမ္မတ ကိုယ်စားလှယ်လောင်း အတော်များများက သူတို့သာ ရွေးကောက်ခံရရင် အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ပြန်ရုပ်မယ်လို့ ကတိပြုကြပါတယ်။

Elizabeth Warren။ ။“စစ်ရေးနည်းအရ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ စစ်တပ်ကို ဆက်ပြီးဖြေရှင်းခိုင်းတာမျိုး မဖြစ်နိုင်ပါဘူး။ အဖြေတခုထွက်ဖို့အတွက် ဗုံးကျဲပြီး နည်းလမ်းရှာမှာမဟုတ်ပါဘူး။”

မစ္စတာဘိုင်ဒန်ရဲ့ အမြင်ကလည်း အလားတူပါပဲ။

Joe Biden။ ။“ဒါကို အတူတူလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျနော် ထပ်ပြောပါရစေ။ အဲဒါကို အတူတူလုပ်မှာ မဟုတ်ပါဘူး။”

စကားစစ်ထိုးပွဲအတွင်း အခြေအတင်ဖြစ်ကြတာတွေလည်းရှိခဲ့ပြီး တချက်မှာတော့ ဒီမိုကရက်တွေ တဦးအပေါ်တဦး ထိုးနှက်သင့် သလားဆိုတာနဲ့ပတ်သက်လို့ အင်ဒီယားနားပြည်နယ်၊ South Bend မြို့တော်ဝန် Pete Buttigieg နဲ့ အိုးအိမ်ဝန်ကြီးဟောင်း Julian Castro တို့ကြား အခြေအတင်ဖြစ်ပါတယ်။

မြို့တော်ဝန် Pete Buttigieg။ ။ “ဒီအချက်က ဝါရှင်တန်နိုင်ငံရေးနဲ့ပတ်သက်လို့ လူတွေ ဘာကို သည်းမခံနိုင်တာလဲဆိုတာ လူတိုင်းကို သတိပေးတာပါပဲ။ တယောက်ပေါ်တယောက် အသာစီးယူ၊ တဦးပေါ်တဦး ထိုးနှက်ကြတဲ့ကိစ္စပါ။”

Julian Castro။ ။ “ဒါဟာ ဒီမိုကရက်တစ်ပါတီတွင်း primary ရွေးကောက်ပွဲပါ။ ဒါကို ရွေးကောက်ပွဲလို့ခေါ်ပါတယ်။”

အောက်တိုဘာလလည်မှာလုပ်မယ့် နောက်တကြိမ် စကားစစ်ထိုးပွဲမှာတော့ အခုပွဲမှာမပါတဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှား သူ ဘီလီယံနာသူဌေးကြီး Tom Steyer အပါအဝင် အခု ကိုယ်စားလှယ်လောင်း ၁၀ ယောက်စလုံး ပါဝင်ခွင့်ရကြမှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG