သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Trump နဲ့ Biden အပြန်အလှန်တိုက်ခိုက် ပြောဆို


သမ္မတ Donald Trump နဲ့  ဒုတိယ သမ္မတဟောင်း Joe Biden

အမေရိကန် သမ္မတ ရွေးကောက်ပွဲက လာမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရောက်မှ ကျင်းပမှာ ဖြစ်ပေမယ်လို့လည်း ရီပတ်ပလီကန် သမ္မတ Donald Trump နဲ့ သူ့ကို အနိုင်ဖို့ ကြိုးစားနေတဲ့ ဒီမိုကရက် ကိုယ်စားလှယ်လောင်းတွေထဲမှာ ဦးဆောင်နေတဲ့ ဒုတိယ သမ္မတဟောင်း Joe Biden တို့ကတော့ အပြန်အလှန် ထိုးနှက်ပြောဆိုနေကြပါပြီ။ ဂျပန်နိုင်ငံ လေးရက်တာ ခရီးစဉ် အတွင်း ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဂေါဖ့်ရိုက်၊ ဆူမိုနားပန်းပွဲကြည့်၊ နောက် ဂျပန် ဧကရာဇ် နာရူဟီတိုနဲ့ တွေ့ဆုံခဲ့ပေမယ့် သမ္မတ Trump က သူ့ရဲ့ ဒုတိယ သက်တမ်း ပြန်လည်ရွေးကောက်ခံရေး အပေါ်မှာလည်း စိတ်က ရောက်နေပြီး အမေရိကန် နိုင်ငံရေး စစ်တမ်းတွေ အရ ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်ဘက် ၂ ဒါဇင်ကျော်ထဲမှာ ထိပ်ဆုံးက ရှိနေတဲ့ မစ္စတာ Biden ကို ထိုးနှက် ပြောဆိုခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ အမေရိကန် သမ္မတတွေ သံတမန်ရေး မစ်ရှင်နဲ့ နိုင်ငံခြားခရီးသွားနေချိန်မှာ ပြိုင်ဘက်ကို နိုင်ငံရေးအရ ထိုးနှက်မှုတွေကို ရှောင်ကျဉ်လေ့ရှိကြပြီး အပြန်အလှန်အားဖြင့် သူတို့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကလည်း နိုင်ငံရပ်ခြား ခရီးစဉ် အတွင်းမှာ ထိုးနှက်လေ့ မရှိတာ ဆယ်စုနှစ်တွေနဲ့ချီ ရှိခဲ့တာပါ။

အာဖရိကန်နွယ်ဖွား အမေရိကန် အကျဉ်းသားတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နိုင်ရေး လုပ်တဲ့ ၁၉၉၄ ခုနှစ်က ပြစ်မှုဆိုင်ရာ ဥပဒေကို ပြဌာန်းချိန်မှာ အထက်လွှတ်တော် အမတ်တဦးရဲ့ အခန်းကဏ္ဍကို ထောက်ပြပြီး အိပ်ငိုက်နေတဲ့ Joe Biden ဆိုပြီး သမ္မတTrump က တိုကျိုမြို့တော်ကနေ ထိုးနှက် ပြောဆိုခဲ့တာပါ။ ဒါ့အပြင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက Joe Biden ဟာ ညဏ်ရည်နိမ့်သူလို့ ပြောဆိုခဲ့ပြီး သူ့အနေနဲ့လည်း သဘောတူတယ်လို့ သမ္မတ Trump က သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။ မစ္စတာ Biden ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့ဘက်ကတော့ သမ္မတ Trump ၀ါရှင်တန်ကို ပြန်လည် ဆိုက်ရောက်လာတဲ့ အင်္ဂါနေ့ နေ့ခင်းပိုင်း အထိ စောင့်ပြီးမှ တုံ့ပြန်ချက် ထုတ်ခဲ့ပါတယ်။ သမ္မတရဲ့ မှတ်ချက်စကားက အိမ်ဖြူတော်ရဲ့ ဂုဏ်သိက္ခာနဲ့ မတန်ဘူးလို့ မစ္စတာ Biden ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

Trump နဲ့ Biden အပြန်အလှန်တိုက်ခိုက် ပြောဆို
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG