သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက် သမ္မတလောင်းရွေးကောက်ပွဲနှင့် အမေရိကန်နေ မြန်မာတချို့ ရပ်တည်မှု


 South Carolina မဲဆန္ဒရှင်များ မဲထည့်နေစဉ် (ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၂၀) (AP Photo/Matt Rourke)
South Carolina မဲဆန္ဒရှင်များ မဲထည့်နေစဉ် (ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၂၀) (AP Photo/Matt Rourke)

(Zawgyi/Unicode)

ဒီကနေ့ အင်္ဂါနေ့ Super Tuesday လို့ခေါ်တဲ့ ဒီမိုကရက်သမ္မတလောင်း ရွေးကောက်ပွဲမှာ ဘယ်သူတွေ အားသာနေသလဲ၊ သမ္မတ Trump ကိုယှဉ်ပြိုင်မယ့်သူတွေရဲ့ အလားအလာဘယ်လိုရှိနေလဲ။ မြန်မာနွယ်ဖွားတွေရဲ့ အမြင်တချို့ကို ကြည့်ကြရအောင်ပါ။

ပြည်နယ်ပေါင်း ၁၄ ခုမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီရဲ့ နောက်ဆုံး သမ္မတလောင်း အမည်စာရင်းတွေကတော့ Bernie Sanders, Joe Biden, Elizabeth Warren နဲ့ Mike Bloomberg တို့ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဒီမိုကရက်သမ္မတလောင်းတွေထဲ Bernie Sanders က တနိုင်ငံလုံး အတိုင်းအတာအရ ထိပ်ကပြေးနေတာပါ။ ဒါပေမယ့် ဒီကနေ့ ဗာဂျီးနီးယားပြည်နယ်က ရွေးကောက်ပွဲမှာ ဝင်ရောက်မဲပေးမယ့် ကိုဖိုးဉာဏ်ရဲ့ အမြင်ကတော့

“မနေ့က Buttigieg နုတ်ထွက်သွားတာရယ် ၊ ဟိုတနေ့က South Carolina မှာ Biden နိုင်သွားတာရယ်နဲ့ ပတ်သက်ပြီးတော့ Democratic primary က နည်းနည်းအပြောင်းအလဲဖြစ်မယ်ထင်တယ်။ တောက်လောက်ကတော့ Bernie Sanders ကတော့ အရှေ့ပိုင်းမှာ အရမ်းမဲသာနေတယ်၊အရမ်းရှေ့ပြေးနိုင်တယ်လို့ ပြောဆိုကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် moderate ဖြစ်တဲ့လူတွေက တော်တော်များနေတယ်။ အဲဒီအခါကျတော့ မဲကွဲတယ်လို့ ပြောလို့ရမှာပေါ့။ လောလောဆည်မှာ အထူးသဖြင့် Buttigieg သူထွက်သွားတာက စိတ်ဝင်စားဖို့ ကောင်းတယ်ပေါ့။ ကျနော်ထင်တယ် လောလောဆည် Poll တွေကတော့ မသိရသေးဘူး။ ဒါပေမယ့် သိရသလောက်ကတော့ Biden က အရင်ကထက်စာရင် ပိုပြီးတော့ အခြေအနေကောင်းလာမယ် ပိုပြီးတော့ ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်လာမယ်နဲ့ တူတယ်။ ဒါပေမယ့် တခုရှိနေသေးတာက poll တွေထဲမှာ Mike Bloomberg ကတော့ အနည်းဆုံးတော့ ဒုတိယနေရာ ၊ တတိယနေရာကနေ လိုက်နေတော့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။

မေး။ ။ လက်ရှိ ဗာဂျီးနီးယားပြည်နယ်မှာ ဘယ်သူ မဲနိုင်ဖို့ အလားအလာ များနေလဲလို့ မြင်လဲ။

ဖြေ။ ။ လောလောဆည်မှာ ဒီမနက် ကျနော်ကြည့်ရသလောက်ကတော့ ကျနော်ထင်တယ် ဒါက နောက်ဆုံး Buttigieg ထွက်ပြီးတော့မှ ထုတ်တာလို့ ထင်တယ်။ လောလောဆယ် Biden က ဖြစ်နိုင်ခြေ ၃၆.၅ Bernie Sanders က ၃၄.၃ ဆိုပြီးတော့ အခုနောက်ဆုံး ရလဒ်တွေကတော့ အဲလိုမျိုး သူတို့ပြောထားတယ်။ ဒါဆိုတော့ ပြောရခက်တယ်။ မနေ့ကမှ အပြောင်းအလဲဖြစ်သွားတဲ့အတွက် လူအတော်များများက အရင်တုန်းကဆိုရင် Bernie Sanders ကို မကြိုက်ဘူး Buttigieg ကိုပေးရမလား Biden ကိုပေးရမလား Mike Bloomberg ကို ပဲ ပေးရမလား စဉ်းစားစရာတွေ အရမ်းဖြစ်တယ်။”

ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ဆုံးစကားစစ်ထိုးပွဲ သတင်းကို ဖတ်ရှုနိုင်ပါပြီ။

နယူးရောက်ပြည်နယ် ဘာဖဲလိုးမြို့က ကိုမင်းနိုင်ကတော့ Joe Biden ကိုမဲပေးဖို့ ရှိနေပြီး၊ ဘာကြောင့် မဲပေးမှာလဲ ဆိုတာကို အခုလို ဗွီအိုအေကိုပြောပါတယ်။

“ ဒီမိုကရက် သမ္မတလောင်းတွေထဲကတော့ ကျနော်ကြိုက်တာကတော့ Joe Biden ။ ဘာဖြစ်လို့ Joe Biden ကိုကြိုက်သလဲဆိုတော့ သူ့မှာက အရင် သမ္မတ အိုဘားမားနဲ့ တွဲပြီးလုပ်ခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်။ Bernie Sanders လည်းကောင်းပါတယ်။ ကောင်းတယ်ဆိုတာကတော့ တဘက်က တွက်ရင် အသက်အရွယ်ကြီးတာရယ် တော်တေ်ာများများပြောတယ် တချို့ကိစ္စတွေက အပြောထက် လက်တွေ့လုပ်ဖို့ ခက်တယ် အဲဒါကြောင့် သိပ်မကြိုက်ဘူး။

မေး။ ။ အဲတော့ ဒီမိုကရက်ဘက်က ရွေးချယ်မယ့် သမ္မတလောင်းတွေရဲ့ အခြေအနေကိုကြည့်ရင် လက်ရှိ သမ္မတ Donald Trump ကိုယှဉ်ပြိုင်နိုင်မယ့် အလားအလာဘယ်လိုရှိလဲ။

ဖြေ။ ။ လက်ရှိ Bernie Sanders ကတော့ ၁ ပြေးတယ် ဒုတိယကတော့ Joe Biden။ တကယ်တမ်း Republican သမ္မတ Donald Trump နဲ့ ယှဉ်ပြိုင်တဲ့အခါမှာတော့ လူတွေက လက်ရှိ သမ္မတ Donald Trump ကို မကြိုက်ဘူးလို့ ဆိုသော်လည်း သူတက်လာပြီးတဲ့အချိန်မှာ လုပ်ခဲ့တာတွေ၊ ဆောင်ရွက်ခဲ့တာတွေ ၊ တိုင်းပြည်စီးပွားရေးတွေ ဦးမော့အောင် အခြေအနေတွေအပေါ်မှာလည်း အမေရိကန်ပြည်သူတွေ အများစုက လက်ခံ သဘောကျတာတွေလည်း ရှိတယ်။ ကျနော်တို့ ရွှေ့ပြောင်းနေထိုင်သူတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က ကြည့်မယ်ဆိုရင် သူ့လုပ်ရပ်တွေအပေါ်မှာ မနှစ်မြို့စရာတွေ၊ Immigrant တွေအပေါ် ချမှတ်တဲ့ ပေါ်လစီတွေ အဲလိုဟာတွေကို မကြိုက်ဘူးဆိုသော်လည်း တကယ့်အခြေအနေမှာတော့ အမေရိကန်တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးတဲ့ လူတန်းစားတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် လက်ရှိ သမ္မတ Donald Trump ပဲ မဲပိုရနိုင်တဲ့အနေအထား မြင်တယ်။”

Bernie Sanders အနိုင်ရရေး မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ လုပ်အားပေးနေတဲ့ မြန်မာနွယ်ဖွား ကိုအောင်ဝင်းမော်ကတော့ မဲဆွယ်စည်းရုံးရေးတွေကို အရှိန်မြင့်လုပ်ဆောင်နေကြောင်း ဗွီအိုအေကို Skype ကနေတဆင့် အခုလို ပြောပါတယ်။

“ဘယ်သူနိုင်မလဲ မသေချာမရေရာ ဖြစ်နေလို့ ကျနော်တို့က ပိုပြီးကြိုးစားရတာပေါ့။ ကျနော်တို့ ဒီနိုင်ငံကို အပြောင်းအလဲဖြစ်စေချင်တဲ့အတွက် Bernie အတွက်ကို ကျနော်တို့ အခုလို ကြိုးစားနေတာဖြစ်ပါတယ်။”

ဗာဂျီးနီးယား၊ နယူးရောက်၊ ကာလီဖိုးနီးယား၊ ဖလော်ရီဒါ စတဲ့ အရေးပါတဲ့ ပြည်နယ်ပေါင်း ၁၄ခုမှာ ဒီကနေ့ မတ်လ (၃)ရက်နေ့မှာ ကျင်းပမယ့် ဒီမိုကရက် သမ္မတလောင်းရွေးကောက်ပွဲကနေ တနိုင်ငံလုံးရဲ့ ပါတီကိုယ်စားလှယ်ပေါင်း ၃၃.၈% နဲ့ညီမျှတဲ့ အရေအတွက် ၁၃၀၀ ကျော် ရဖို့ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေ အကြိတ်အနယ် ကြိုးပမ်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)















ဆက်စပ်သတင်းများ ...

XS
SM
MD
LG