သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီဗားဒါးပြည်နယ် ဒီမိုကရက်သမ္မတလောင်းရွေးပွဲ Sanders ဦးဆောင်


မဲဆွယ်ပွဲတခုတွင် တွေ့ရသည့် Bernie Sanders. (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀)
မဲဆွယ်ပွဲတခုတွင် တွေ့ရသည့် Bernie Sanders. (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလထဲ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးချယ်ဖို့ Nevada ပြည်နယ်မှာ စနေနေ့က ပဏာမရွေးကောက်ပွဲ ကျင်းပရာမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders က ဦးဆောင်နေပါတယ်။

သူ့နောက်မှာတော့ ဒုတိယသမ္မတဟောင်း Joe Biden, Indiana ပြည်နယ် South Bend မြို့တော်ဝန်ဟောင်း Pete Buttigieg နဲ့ Massachusetts ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren တို့ အသီးသီးရှိနေကြပေမယ့် အထက်လွှတ်တော်အမတ် Sanders နဲ့ သိသိသာသာ ကွာနေတယ်လို့လည်း ကနဦးမဲရလဒ်တွေကို ကိုးကားပြီး အမေရိကန် သတင်းဌာနကြီးတွေက ဖော်ပြနေကြတာပါ။

ဒါဟာဆိုရင် Iowa နဲ့ New Hampshire ပြည်နယ်တွေမှာ အကြိုရွေးကောက်ပွဲတွေအပြီး တတိယမြောက်အဖြစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းကျင်းပခဲ့တဲ့ Iowa နဲ့ New Hampshire ပြည်နယ်တွေမှာတော့ လူဖြူမဲဆန္ဒရှင်တွေ များခဲ့ပေမယ့် Nevada ပြည်နယ်မှာတော့ လူမျိုးစုံရှိနေပြီး ခန့်မှန်းချေ တဝက်လောက်သာ လူဖြူတွေဖြစ်ကြပြီး ၃၀ ရာခိုင်နှုန်းနီးပါးက တောင်အမေရိကတိုက်သားတွေ ဖြစ်ကြသလို အာဖရိကနွယ်ဖွားနဲ့ အာရှတိုက်သားတွေကတော့ ၁၀ ရာခိုင်နှုန်းလောက်စီ ရှိပါတယ်။

Nevada ပြည်နယ်က ဒီမိုကရက်ပါတီ တာဝန်ရှိသူတွေကတော့ ပထမဆုံး ရွေးချယ်ပွဲ ကျင်းပခဲ့တဲ့ Iowa ပြည်နယ်မှာတုန်းကလို မဲရေတွက်ရာမှာ ကြန့်ကြာမှုတွေနဲ့ မကြုံရဖို့ မျှော်လင့်ထားကြတာပါ။

Iowa ပြည်နယ်မှာတုန်းကတော့ မဲရေတွက်ရာမှာသုံးတဲ့ app တခုမှာ နည်းပညာပြဿနာ ပေါ်ခဲ့ရာက ရှုပ်ထွေးမှုတွေ ကြုံခဲ့ရပါတယ်။

Nevada ပြည်နယ်က ဒီမိုကရက်ပါတီ တာဝန်ရှိသူတွေကတော့ Iowa ပြည်နယ်မှာသုံးခဲ့တဲ့ app အစား တခြားတခုကို အစားထိုး သုံးထားတာ ဖြစ်ပါတယ်။

--------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG