သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Hampshire ဒီမိုကရက်တစ်ပါတီတွင်း ရွေးကောက်ပွဲ Bernie Sanders အနိုင်ရ


Bernie Sanders
Bernie Sanders

(Zawgyi/Unicode)

ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ပွဲတွေ လုပ်နေတာမှာ အင်္ဂါနေ့ညကလုပ်တဲ့ New Hampshire Primary မှာတော့ ဗားမွန့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကပ်ပြီး အနိုင်ရသွားပါတယ်။

မစ္စတာ Sanders က ထောက်ခံမဲ ၂၆% ရပြီး အင်ဒီယားနားပြည်နယ်၊ South Bend မြို့တော်ဝန်ဟောင်း Pete Buttigieg က ၂၄% ရပါတယ်။

မင်နီဆိုးတားပြည်နယ် အထက်လွှတ်တော်အမတ် Amy Klobuchar က ထင်မှတ်မထားဘဲ အခြေအနေကောင်းခဲ့ပြီး ၂၀% နဲ့ တတိယလိုက်ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren က ၉% နဲ့ စတုတ္ထ၊ ဒုတိယ သမ္မတဟောင်း Joe Biden ကတော့ ၈% နဲ့ နံပါတ် ၅ နေရာပဲရခဲ့ပါတယ်။

ကန်ဒီမိုကရက် သမ္မတလောင်း ဘယ်သူဖြစ်လာမလဲသတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဒီညအောင်ပွဲဟာ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ သမ္မတသက်တမ်း အဆုံးသတ်စေဖို့ နိဒါန်းဖြစ်တယ်လို့ မစ္စတာ Sanders က ပြောပါ တယ်။ ဘယ်သူပဲ သမ္မတလောင်းအဖြစ် ရွေးကောက်ခံရပါစေ၊ ကျနော်တို့အားလုံး အတူတကွ ညီညွတ်ကြမှာဖြစ်ပြီး နိုင်ငံသမိုင်း မှာ အန္တရာယ်အကြီးဆုံးသမ္မတကို အနိုင်ယူမှာဖြစ်ပါတယ်လို့လည်း မစ္စတာ Sanders ကပြောပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက လက်ရှိသမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ ယှဉ်ပြိုင်ဖို့အတွက် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းကို ပါတီတွင်းမှာ Primary နဲ့ Caucus မဲပေးပွဲတွေ လုပ်ပြီး ရွေးချယ်နေကြတာပါ။

ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ဆုံးစကားစစ်ထိုးပွဲသတင်းကို ဖတ်ရှုနိုင်ပါပြီ။

ပထမဆုံး Iowa Caucus ပြီးတဲ့နောက် အခု New Hampshire Primary ၊ အဲဒီနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ Nevada Caucus နဲ့ ၂၉ ရက်နေ့မှာ တောင် ကာရိုလိုင်းနားပြည်နယ် Primary ရွေးကောက်ပွဲတွေကို ဆက်ကျင်းပမှာဖြစ်ပါတယ်။

....................

တိုက်ရိုက် လင့်ခ်


(Unicode)









ဆက်စပ်သတင်းများ ...

XS
SM
MD
LG