သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်း ဖြစ်နိုင်သူ Bernie Sanders နှလုံးဝေဒနာ သက်သာပြီ


၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက် ကိုယ်စားလှယ် သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေသူ အမေရိကန် အထက်လွှတ်တော် အမတ် Bernie Sanders ဟာ ဗုဒ္ဓဟူးနေ့က နှလုံးသွေးကြောပိတ်ဆို့မှုကို ကုသခံယူခဲ့ပြီးနောက် အခုအခါ ကောင်းကောင်မွန်မွန်နဲ့ ပြန်လည် နာလန်ထူနေပြီဖြစ်ကြောင်း သူ့ရဲ့ ဇနီးဖြစ်သူ Jane က ပြောလိုက်ပါတယ်။ Sanders ဟာ နှလုံး သွေးကြောပိတ်မှုကြောင့် ခွဲစိတ် ကုသမှုခံယူခဲ့ရတာပါ။

မဲဆွယ် စည်းရုံးရေးလုပ်ဆောင်နေရင်း ရင်ဘတ်အောင့်တာကြောင့် အင်္ဂါနေ့ကတည်းက Las Vegas မြို့မှာ ရှိတဲ့ ဆေးရုံမှာ ကုသမှု ခံယူနေတာဖြစ်ပါတယ်။

Bernie Sanders ကို ကုသပေးနေတဲ့ ဆရာဝန်တွေဟာ ခွဲစိတ်ကုသရာမှာ နှလုံးသွေးလွှတ်ကြော ပိတ်ဆို့နေတာကို ရှင်းလင်း ဖယ်ရှားပြီးနောက်ပိုင်း တိုးတက်မှုတွေကို တွေ့မြင်နေရလို့ ဝမ်းပန်တသာ ဖြစ်နေကြကြောင်း၊ Sanders ဟာ မကြာခင် ဆေးရုံက ဆင်းတော့မှာ ဖြစ်ပြီး နေရပ် Burlington ကို သီတင်းပတ် မကုန်ခင် ပြန်နိုင်မှာဖြစ်ကြောင်းလည်း ဇနီးဖြစ်သူ Jane က ပြောပါတယ်။

အောက်တိုဘာမှာ လုပ်မယ့် သမ္မတလောင်းရွေးပွဲ အခြေအတင် ဆွေးနွေးပွဲမှာ ပါဝင်ဖို့ Sanders က မျှော်လင့်စောင့်စားနေတယ်လို့လည်း ဇနီးသည် Jane က ပြောပါတယ်။

အသက် ၇၈ နှစ်ရှိ Bernie Sanders ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သမ္မတ ထရမ့်နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ ဒီမိုကရက်တွေထဲ အသက်အကြီးဆုံး ဖြစ်ပါတယ်။ သူဟာ Vermont ပြည်နယ်က တစ်သီး ပုဂ္ဂလ အထက်လွှတ်တော် အမတ်ဖြစ်ပေမဲ့လည်း ဒီမိုကရက်တစ် သမ္မတလောင်း အဖြစ် ယှဉ်ပြုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

.....................

{Unicode}







တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG