သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်း အရွေးခံမယ့် Bernie Sanders နှလုံးသွေးကြောပိတ်လို့ တရားပွဲတွေ ရပ်ဆိုင်း


အမေရိကန် သမ္မတလောင်းဖြစ်လာနိုင်ဖွယ်ရှိတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders ဟာ နှလုံးသွေးကြော ပိတ်ဆို့မှုကြောင့် ဆေးကုသမှု ခံနေရတယ်လို့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

မစ္စတာ Sanders ရဲ့ နှလုံးသွေးကြောတခု ပိတ်ဆို့သွားခဲ့တဲ့အတွက် သွေးကြောပွင့်-ပြွန်နှစ်ခု ထည့်သွင်းခဲ့ပြီးနောက် သူ့ရဲ့မဲဆွယ်စည်းရုံးရေး တရားပွဲတွေကို ဖျက်သိမ်းထားရတယ်လို့ မဲဆွယ်ရေးအဖွဲ့ အကြီးတန်းအကြံပေး Jeff Waver ကဆိုပါတယ်။

အခုအခါမှာ မစ္စတာ Sanders အခြေအနေ ကောင်းမွန်နေပြီး နောက်နှစ်ရက်ခန့် အနားယူဦးမယ်လို့လည်း ပြောပါတယ်။ အင်္ဂါနေ့တုန်းက မဲဆွယ်နေစဉ်မှာ ရင်ဘတ်အောင့်လာတဲ့အတွက် ဆေးကုသမှု ခံယူခဲ့ရတဲ့ မစ္စတာ Sanders ဟာ ၂၀၂၀ ပြည့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ဖြုတ်ချနိုင်ဖို့ ကြိုးပမ်းနေတဲ့ အသက်အကြီးဆုံး သမ္မတလောင်းတဦးဖြစ်ပါတယ်။

Vermont ပြည်နယ်က အထက်လွှတ်တော်အမတ် Sanders ဟာ တသီးပုဂ္ဂလအနေနဲ့ မှတ်ပုံတင်ထားပေမယ့် ဒီမိုကရက် သမ္မတလောင်း အဖြစ် ဝင်ရောက်အရွေးခံဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

(ယူနီကုဒ်)






တိုက်ရိုက် လင့်ခ်
XS
SM
MD
LG