သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ဒီမိုကရက္သမၼတေလာင္း ဘယ္သူျဖစ္လာႏိုင္သလဲ


Vermont အထက္လႊတ္ေတာ္အမတ္ Bernie Sanders. ဒုသမၼတေဟာင္း Joe Biden ၊ မက္ဆက္ခ်ဴးဆက္ ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren

ဒီမုိကရက္တစ္ပါတီကိုယ္စားျပဳ သမၼေလာင္းျဖစ္ဖို႔ ႀကိဳးစားေနသူေတြထဲမွာ မက္ဆက္ခ်ဴးဆက္ ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren ဟာ ထိပ္မွာရွိေနတဲ့ ဒုသမၼတေဟာင္း Joe Biden ေနာက္ ဒုတိယေနရာကို ေရာက္လာတယ္ဆုိတာ လူထုစစ္တမ္းအသစ္တခုမွာ ေတြ႔ရပါတယ္။ မစၥတာ Biden က ေထာက္ခံမႈ ၃၁% နဲ႔ ဦးေဆာင္ေနၿပီး မစၥစ္ Warren က ၂၅% နဲ႔ ဒုတိယ လုိက္ေနၿပီးေတာ့ Vermont အထက္လႊတ္ေတာ္အမတ္ Bernie Sanders က ၁၄% နဲ႔ တတိယလုိက္ေနတယ္ဆိုတာ NBC News-Wall Street Journal လူထုစစ္တမ္းမွာ ေတြ႔ရပါတယ္။ Jim Malone ရဲ႕ သတင္းလႊာ ကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

လူအမ်ားအျပားတက္ေရာက္ခဲ့တဲ့ New York City မဲဆြယ္ပြဲမွာ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren က သူသာ သမၼတျဖစ္ရင္ ႏုိင္ငံေရးျခစားမႈကို ႏွိမ္နင္းသြားမယ္လို႔ အခုိင္အမာ ေျပာသြားပါတယ္။

“ျခစားမႈက က်မတို႔စီးပြားေရးကို ဖ်က္ဆီးထား သလို က်မတို႔ ဒီမိုကေရစီကိုလည္း ဖ်က္ဆီးေနပါတယ္။ ဘာပ်က္ဆီးေနတယ္ဆိုတာ က်မသိပါတယ္၊ ျပင္ဆင္ဖို႔ အစီအစဥ္ရွိပါ တယ္၊ ဒါေၾကာင့္ က်မ သမၼတေရြးေကာက္ပြဲ ဝင္တာပါ။”

လူထုစစ္တမ္းေတြမွာ မစၥစ္ Warren ေပၚေထာက္ခံမႈ တိုးလာတာ လအေတာ္ၾကာလာၿပီျဖစ္ၿပီး ထိပ္ေရာက္ေနတဲ့ ဒုသမၼတ ေဟာင္း Joe Biden ကို အဓိကစိန္ေခၚသူျဖစ္လာေနတာပါ။

“Donald Trump ဘယ္သူဆိုတာ လူတိုင္းသိပါတယ္၊ သူ႔ကို ေထာက္ခံသူေတြေတာင္ သိပါတယ္၊ ထင္ေယာင္ဝိုးတဝါး မျဖစ္ၾကပါဘူး။ ဒါေပမယ့္ က်ေနာ္တို႔ ဘယ္သူေတြဆိုတာ သူတို႔ သိေအာင္လုပ္ရပါမယ္။”

ၿပီးခဲ့တဲ့သီတင္းပတ္က Houston မွာလုပ္တဲ့ စကားစစ္ထိုးပြဲအၿပီး ကိုယ္စားလွယ္ေလာင္းေတြ မဲဆြယ္ပြဲ ျပန္လုပ္ေနၾကပါၿပီ။ အဲဒီ စကားစစ္ထိုးပြဲအတြင္း New Jersey အထက္လႊတ္ေတာ္အမတ္ Cory Booker က သူတို႔ေတြ တေယာက္ေပၚတေယာက္ ထိုးနွက္တိုက္ခိုက္တာ ေလွ်ာ့ၾကဖို႔ တိုက္တြန္းသြားပါတယ္။

“Donald Trump ကို သက္တမ္းတခုတည္း သမၼတ ျဖစ္ေအာင္လုပ္ဖို႔ အခြင့္အေရးတခုပဲ ရွိပါတယ္။ တေယာက္ေပၚတေယာက္ က်ေနာ္တို႔ေျပာတာ၊ တေယာက္ကိုတေယာက္ ျပစ္တင္႐ႈတ္ခ်တာေတြေၾကာင့္ ဒီအခြင့္အေရးကို လက္လြတ္မခံႏုိင္ပါဘူး။”

စကားစစ္ထိုးပြဲသံုးပြဲအၿပီး Biden, Warren နဲ႔ Sanders တို႔ဟာ ဒီမိုကရက္တစ္ ၿပိဳင္ဘက္ေတြထဲမွာ ထိပ္ကေျပးေနဆဲပါ။ သမၼတ ထရမ့္္ကုိ ေနာက္ႏွစ္ေရြးေကာက္ပြဲမွာ အႏုိင္ယူႏုိင္ဖို႔ သူဟာ အားအေကာင္းဆံုးသူျဖစ္တယ္ဆိုတဲ့ ေျပာဆိုခ်က္ဟာ မစၥတာ Biden အတြက္ ဆက္ၿပီး အလုပ္ျဖစ္ေနတယ္လုိ႔ ေလ့လာသူ Larry Sabato က Skype အင္တာဗ်ဴးအတြင္း ေျပာပါတယ္။

“ယာယီေရြးခ်ယ္ခ်က္တခု သူတို႔ရွိထားတာမွာ အေၾကာင္းျပခ်က္တခု ရွိပါ တယ္။ ဒီမိုကရက္သမၼတေလာင္း ေရြးခ်ယ္တဲ့လုပ္ငန္းစဥ္တခုလံုးကုိ ရွင္းလင္းေအာင္လုပ္ထားၿပီး ေမးခြန္းတခုထဲထြက္ေအာင္ လုပ္ထားပါတယ္၊ သမၼတ Donald Trump ကို ဘယ္သူအႏုိင္ယူႏုိုင္မလဲဆိုတာပါ၊ ဒါကိုပဲ သူတို႔အေလးထားပါတယ္။”

လက္ရွိမွာ ဒုတိယေနရာအတြက္ Warren နဲ႔ Sanders တို႔ အက်ိတ္အနယ္ၿပိဳင္ေနရေပမယ့္ မၾကာေသးခင္ကေကာက္ယူူတဲ့ လူထုစစ္တမ္းေတြမွာ Warren က ပံုမွန္တက္လာေနတယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

ဒီမိုကရက္ သမၼတကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေနာက္တႀကိမ္ စကားစစ္ထိုးပြဲကိုေတာ့ ေနာက္လက်ရင္ Ohio ျပည္နယ္မွာ လုပ္ဖုိ႔စီစဥ္ထားပါတယ္။

..................

(Unicode)

ကန်ဒီမိုကရက်သမ္မတလောင်း ဘယ်သူဖြစ်လာနိုင်သလဲ

ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မလောင်းဖြစ်ဖို့ ကြိုးစားနေသူတွေထဲမှာ မက်ဆက်ချူးဆက် ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren ဟာ ထိပ်မှာရှိနေတဲ့ ဒုသမ္မတဟောင်း Joe Biden နောက် ဒုတိယနေရာကို ရောက်လာတယ်ဆိုတာ လူထုစစ်တမ်းအသစ်တခုမှာ တွေ့ရပါတယ်။ မစ္စတာ Biden က ထောက်ခံမှု ၃၁% နဲ့ ဦးဆောင်နေပြီး မစ္စစ် Warren က ၂၅% နဲ့ ဒုတိယ လိုက်နေပြီးတော့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders က ၁၄% နဲ့ တတိယလိုက်နေတယ်ဆိုတာ NBC News-Wall Street Journal လူထုစစ်တမ်းမှာ တွေ့ရပါတယ်။ Jim Malone ရဲ့ သတင်းလွှာ ကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။


လူအများအပြားတက်ရောက်ခဲ့တဲ့ New York City မဲဆွယ်ပွဲမှာ အထက်လွှတ်တော်အမတ် Elizabeth Warren က သူသာ သမ္မတဖြစ်ရင် နိုင်ငံရေးခြစားမှုကို နှိမ်နင်းသွားမယ်လို့ အခိုင်အမာ ပြောသွားပါတယ်။

“ခြစားမှုက ကျမတို့စီးပွားရေးကို ဖျက်ဆီးထား သလို ကျမတို့ ဒီမိုကရေစီကိုလည်း ဖျက်ဆီးနေပါတယ်။ ဘာပျက်ဆီးနေတယ်ဆိုတာ ကျမသိပါတယ်၊ ပြင်ဆင်ဖို့ အစီအစဉ်ရှိပါ တယ်၊ ဒါကြောင့် ကျမ သမ္မတရွေးကောက်ပွဲ ဝင်တာပါ။”

လူထုစစ်တမ်းတွေမှာ မစ္စစ် Warren ပေါ်ထောက်ခံမှု တိုးလာတာ လအတော်ကြာလာပြီဖြစ်ပြီး ထိပ်ရောက်နေတဲ့ ဒုသမ္မတ ဟောင်း Joe Biden ကို အဓိကစိန်ခေါ်သူဖြစ်လာနေတာပါ။

“Donald Trump ဘယ်သူဆိုတာ လူတိုင်းသိပါတယ်၊ သူ့ကို ထောက်ခံသူတွေတောင် သိပါတယ်၊ ထင်ယောင်ဝိုးတဝါး မဖြစ်ကြပါဘူး။ ဒါပေမယ့် ကျနော်တို့ ဘယ်သူတွေဆိုတာ သူတို့ သိအောင်လုပ်ရပါမယ်။”

ပြီးခဲ့တဲ့သီတင်းပတ်က Houston မှာလုပ်တဲ့ စကားစစ်ထိုးပွဲအပြီး ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ပွဲ ပြန်လုပ်နေကြပါပြီ။ အဲဒီ စကားစစ်ထိုးပွဲအတွင်း New Jersey အထက်လွှတ်တော်အမတ် Cory Booker က သူတို့တွေ တယောက်ပေါ်တယောက် ထိုးနှက်တိုက်ခိုက်တာ လျှော့ကြဖို့ တိုက်တွန်းသွားပါတယ်။

“Donald Trump ကို သက်တမ်းတခုတည်း သမ္မတ ဖြစ်အောင်လုပ်ဖို့ အခွင့်အရေးတခုပဲ ရှိပါတယ်။ တယောက်ပေါ်တယောက် ကျနော်တို့ပြောတာ၊ တယောက်ကိုတယောက် ပြစ်တင်ရှုတ်ချတာတွေကြောင့် ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ပါဘူး။”

စကားစစ်ထိုးပွဲသုံးပွဲအပြီး Biden, Warren နဲ့ Sanders တို့ဟာ ဒီမိုကရက်တစ် ပြိုင်ဘက်တွေထဲမှာ ထိပ်ကပြေးနေဆဲပါ။ သမ္မတ ထရမ့်ကို နောက်နှစ်ရွေးကောက်ပွဲမှာ အနိုင်ယူနိုင်ဖို့ သူဟာ အားအကောင်းဆုံးသူဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ မစ္စတာ Biden အတွက် ဆက်ပြီး အလုပ်ဖြစ်နေတယ်လို့ လေ့လာသူ Larry Sabato က Skype အင်တာဗျူးအတွင်း ပြောပါတယ်။

“ယာယီရွေးချယ်ချက်တခု သူတို့ရှိထားတာမှာ အကြောင်းပြချက်တခု ရှိပါ တယ်။ ဒီမိုကရက်သမ္မတလောင်း ရွေးချယ်တဲ့လုပ်ငန်းစဉ်တခုလုံးကို ရှင်းလင်းအောင်လုပ်ထားပြီး မေးခွန်းတခုထဲထွက်အောင် လုပ်ထားပါတယ်၊ သမ္မတ Donald Trump ကို ဘယ်သူအနိုင်ယူနိုင်မလဲဆိုတာပါ၊ ဒါကိုပဲ သူတို့အလေးထားပါတယ်။”

လက်ရှိမှာ ဒုတိယနေရာအတွက် Warren နဲ့ Sanders တို့ အကျိတ်အနယ်ပြိုင်နေရပေမယ့် မကြာသေးခင်ကကောက်ယူူတဲ့ လူထုစစ်တမ်းတွေမှာ Warren က ပုံမှန်တက်လာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီမိုကရက် သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ နောက်တကြိမ် စကားစစ်ထိုးပွဲကိုတော့ နောက်လကျရင် Ohio ပြည်နယ်မှာ လုပ်ဖို့စီစဉ်ထားပါတယ်။

ကန္ဒီမိုကရက္သမၼတေလာင္း ဘယ္သူျဖစ္လာႏိုင္သလဲ
please wait

No media source currently available

0:00 0:02:50 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG