သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ကန္သမၼတေရြးေကာက္ပြဲအတြက္ Facebook စည္းကမ္းတင္းက်ပ္မည္


၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတ ေရြးေကာက္ပြဲက ရခဲ့တဲ့ သင္ခန္းစာကို ၾကည့္ၿပီး လာမယ့္ ၂၀၂၀ ျပည့္ အေမရိကန္ သမၼတ ေရြးေကာက္ပဲြမွာ Facebook ကို အသံုးခ်ၿပီး ႀကိဳးကိုင္ခ်ယ္လွယ္မႈကို ကာကြယ္ ဟန္႔တားသြားမွာျဖစ္တယ္လို႔ တနလၤာေန႔က Facebook ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။

Facebook ေပၚမွာ ခိုင္လံုမႈမရွိတဲ့ အျပဳအမူေတြကို ဖ်က္ပစ္ဖို႔ ကုမၸဏီအေနနဲ႔ ေဆာင္ရြက္ေနၿပီး ဒီလို ျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ၂၀၁၆ခုႏွစ္ကတည္းက စၿပီး ႏွစ္နဲ႕ခ်ီၿပီး အခ်က္အလက္ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ျပဳစုခဲ့ေၾကာင္း တနလၤာေန႔က ထုတ္ျပန္တဲ့ Facebook ရဲ႕ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

“ခိုင္လံုမႈမရွိတဲ့ အျပဳအမူ” ဆိုတဲ့ အဓိပၸါယ္ဆိုတာကို Facebook ကုမၸဏီက ဖြင့္ဆိုရာမွာ စည္းရံုးလႈပ္ရွားမႈေနာက္ကြယ္ကေန အဖဲြ႔အစည္းရဲ႕နာမည္နဲ႔ ဘယ္သူဘယ္၀ါျဖစ္တယ္ဆိုတာကို ဖံုးကြယ္ၿပီး လွည့္ျဖားေဆာင္ရြက္တဲ့ အျပဳအမူေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ဖံုးကြယ္လုပ္ေဆာင္တဲ့ အျပဳအမူမွာ အဖဲြ႕အစည္း ဒါမွမဟုတ္ သူရဲ႕လႈပ္ရွားမႈေတြ ပိုၿပီးလူႀကိဳက္မ်ားဖို႔ ဒါမွမဟုတ္ မူရင္း ရွိတာထက္ ပိုၿပီး အားကိုးရတယ္ဆိုတာ ျပသဖို႔ ဒါမွမဟုတ္ Facebook ရဲ႕အေရးယူမႈကို ေရွာင္တိမ္းဖို႔ အတြက္ လုပ္ၾကတာျဖစ္ေၾကာင္း ကုမၸဏီက ဆိုပါတယ္။

အေမရိကန္ မဲဆႏၵရွင္ေတြၾကားမွာ အခ်င္းခ်င္း မညီမညြတ္ျဖစ္ေအာင္ သေဘာထားကဲြလဲြေစတဲ့ သတင္းေတြ၊ မွားယြင္းတဲ့အခ်က္အလက္ေတြ ျပန္႔ႏွံေစဖို႔ Facebook နဲ႔ အျခားဆိုရွယ္မီဒီယာ ပလက္ေဖာင္းေတြမွာ အေကာင့္တုေတြကို ရုရွားက ဖန္တီးျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္ စံုစမ္းေထာက္လွမ္းေရး ေအဂ်င္စီေတြက စြပ္စဲြထားတာပါ။

တနလၤာေန႔က ထုတ္ျပန္တဲ့ Facebook ရဲ႕ေၾကညာခ်က္မွာ အစိုးရ ေထာက္ပံမႈနဲ႔ ဆက္ႏြယ္ေနတဲ့ Instagram၊ Facebook စာမ်က္ႏွာေတြနဲ႔ အဖဲြ႕အစည္း စာမ်က္ႏွာ စုစုေပါင္း ေလးခုမွာ ခိုင္လံုမႈမရွိတဲ့ အျပဳအမူ ကို ေတြ႕ရွိခဲ့တဲ့အတြက္ ဖ်က္သိမ္းခဲ့ေၾကာင္း ေဖၚျပထားပါတယ္။ အဲဒီထဲကသံုးခုဟာ အီရန္နဲ႔ ဆက္စပ္ေနၿပီး တခုကေတာ့ ရုရွားနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ဆိုပါတယ္။

..................

၂၀၂၀ ကန်သမ္မတရွေးကောက်ပွဲအတွက် Facebook စည်းကမ်းတင်းကျပ်မည်

၂၀၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက ရခဲ့တဲ့ သင်ခန်းစာကို ကြည့်ပြီး လာမယ့် ၂၀၂၀ ပြည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Facebook ကို အသုံးချပြီး ကြိုးကိုင်ချယ်လှယ်မှုကို ကာကွယ် ဟန့်တားသွားမှာဖြစ်တယ်လို့ တနင်္လာနေ့က Facebook ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Facebook ပေါ်မှာ ခိုင်လုံမှုမရှိတဲ့ အပြုအမူတွေကို ဖျက်ပစ်ဖို့ ကုမ္ပဏီအနေနဲ့ ဆောင်ရွက်နေပြီး ဒီလို ဖြစ်ရပ်နဲ့ ပတ်သက်လို့ ၂၀၁၆ခုနှစ်ကတည်းက စပြီး နှစ်နဲ့ချီပြီး အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုစုခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ Facebook ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

“ခိုင်လုံမှုမရှိတဲ့ အပြုအမူ” ဆိုတဲ့ အဓိပ္ပါယ်ဆိုတာကို Facebook ကုမ္ပဏီက ဖွင့်ဆိုရာမှာ စည်းရုံးလှုပ်ရှားမှုနောက်ကွယ်ကနေ အဖွဲ့အစည်းရဲ့နာမည်နဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်ပြီး လှည့်ဖြားဆောင်ရွက်တဲ့ အပြုအမူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဖုံးကွယ်လုပ်ဆောင်တဲ့ အပြုအမူမှာ အဖွဲ့အစည်း ဒါမှမဟုတ် သူရဲ့လှုပ်ရှားမှုတွေ ပိုပြီးလူကြိုက်များဖို့ ဒါမှမဟုတ် မူရင်း ရှိတာထက် ပိုပြီး အားကိုးရတယ်ဆိုတာ ပြသဖို့ ဒါမှမဟုတ် Facebook ရဲ့အရေးယူမှုကို ရှောင်တိမ်းဖို့ အတွက် လုပ်ကြတာဖြစ်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။

အမေရိကန် မဲဆန္ဒရှင်တွေကြားမှာ အချင်းချင်း မညီမညွတ်ဖြစ်အောင် သဘောထားကွဲလွဲစေတဲ့ သတင်းတွေ၊ မှားယွင်းတဲ့အချက်အလက်တွေ ပြန့်နှံစေဖို့ Facebook နဲ့ အခြားဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ အကောင့်တုတွေကို ရုရှားက ဖန်တီးပြုလုပ်ခဲ့ကြောင်း အမေရိကန် စုံစမ်းထောက်လှမ်းရေး အေဂျင်စီတွေက စွပ်စွဲထားတာပါ။

တနင်္လာနေ့က ထုတ်ပြန်တဲ့ Facebook ရဲ့ကြေညာချက်မှာ အစိုးရ ထောက်ပံမှုနဲ့ ဆက်နွယ်နေတဲ့ Instagram၊ Facebook စာမျက်နှာတွေနဲ့ အဖွဲ့အစည်း စာမျက်နှာ စုစုပေါင်း လေးခုမှာ ခိုင်လုံမှုမရှိတဲ့ အပြုအမူ ကို တွေ့ရှိခဲ့တဲ့အတွက် ဖျက်သိမ်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ အဲဒီထဲကသုံးခုဟာ အီရန်နဲ့ ဆက်စပ်နေပြီး တခုကတော့ ရုရှားနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG