(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု Nevada ျပည္နယ္မွာ စေနေန႔က က်င္းပခဲ့တဲ့ ဒီမုိကရက္ပါတီတြင္း အႀကိဳေရြးေကာက္ပဲြမွာေတာ့ Vermont အထက္လႊတ္ေတာ္အမတ္ Bernie Sanders အႏုိင္ရသြားပါတယ္။
အဲဒီလို အႏုိင္ရသြားတဲ့အတြက္ Bernie Sanders ဟာ ကိုယ္စားလွယ္မဲ အေရအတြက္ စုစုေပါင္းမွာ ထိပ္ကေန ဦးေဆာင္ေနၿပီး ဒီမုိကရက္ပါတီတြင္း သမၼတေလာင္းေနရာအတြက္ ေရွ႕ကေန ဦးေဆာင္ေနပါတယ္။
Nevada ျပည္နယ္မွာ စေနေန႔ကလုပ္တဲ့ ဒီမိုကရက္ပါတီတြင္း အႀကိဳေရြးေကာက္ပြဲဟာ တတိယေျမာက္က်င္းပတဲ့ ေရြးေကာက္ပဲြ ျဖစ္ပါတယ္။
ဒီမတုိင္ခင္က အခုလအေစာပိုင္းကေတာ့ Iowa ျပည္နယ္နဲ႔ New Hamshire ျပည္နယ္ေတြမွာလည္း က်င္းပခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း Nevada ျပည္နယ္မွာ က်င္းပတဲ့ ဒီမုိကရက္ပါတီတြင္း အႀကိဳေရြးေကာက္ပဲြကေတာ့ အဲဒီျပည္နယ္ေတြနဲ႔ မတူဘဲ Nevada ျပည္နယ္ဟာ လူမ်ိဳးေပါင္းစုံ ေနထုိင္ၾကတဲ့ျပည္နယ္ ျဖစ္ပါတယ္။
ျပည္နယ္လူဦးေရရဲ႕ ထက္၀က္ေလာက္က လူျဖဴေတြျဖစ္ၿပီး စပိန္စကားေျပာတဲ့ လက္တင္ႏြယ္ဖြား ၃၀ ရာခုိင္ႏႈန္း၊ အာဖရိကႏြယ္ဖြား အေမရိကန္ႏုိင္ငံသား ၁၀ ရာခုိင္ႏႈန္းနဲ႔ အာရွႏြယ္ဖြား ၁၀ ရာခုိင္ႏႈန္းရွိတာ ျဖစ္ပါတယ္။
CNN သတင္းမွာ ေနာက္ဆုံးေဖာ္ျပခ်က္အရေတာ့ မဲဆႏၵနယ္ ၅၀ ရာခုိင္ႏႈန္းေလာက္ကို ေရတြက္ၿပီးခ်ိန္မွာ Bernie Sanders က ကိုယ္စားလွယ္မဲ စုစုေပါင္း ၄၆ ရာခုိင္ႏႈန္းကို ရရွိထားၿပီး ဒု-သမၼတေဟာင္း Joe Biden က ၁၉.၂ ရာခုိင္ႏႈန္း၊ South Bend ၿမိဳ႕ေတာ္၀န္ေဟာင္း Pete Buttigieg က ၁၅.၄ ရာခုိင္ႏႈန္း၊ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren က ၁၀.၃ ရာခုိင္ႏႈန္းရၿပီး ဦးေဆာင္ေနပါတယ္။
-------------------------------
(Unicode)
Nevada ဒီမိုကရက်ပါတီတွင်း ရွေးကောက်ပွဲ Bernie Sanders အနိုင်ရ
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ်မှာ စနေနေ့က ကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီတွင်း အကြိုရွေးကောက်ပွဲမှာတော့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders အနိုင်ရသွားပါတယ်။
အဲဒီလို အနိုင်ရသွားတဲ့အတွက် Bernie Sanders ဟာ ကိုယ်စားလှယ်မဲ အရေအတွက် စုစုပေါင်းမှာ ထိပ်ကနေ ဦးဆောင်နေပြီး ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းနေရာအတွက် ရှေ့ကနေ ဦးဆောင်နေပါတယ်။
Nevada ပြည်နယ်မှာ စနေနေ့ကလုပ်တဲ့ ဒီမိုကရက်ပါတီတွင်း အကြိုရွေးကောက်ပွဲဟာ တတိယမြောက်ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ဒီမတိုင်ခင်က အခုလအစောပိုင်းကတော့ Iowa ပြည်နယ်နဲ့ New Hamshire ပြည်နယ်တွေမှာလည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Nevada ပြည်နယ်မှာ ကျင်းပတဲ့ ဒီမိုကရက်ပါတီတွင်း အကြိုရွေးကောက်ပွဲကတော့ အဲဒီပြည်နယ်တွေနဲ့ မတူဘဲ Nevada ပြည်နယ်ဟာ လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ပြည်နယ် ဖြစ်ပါတယ်။
ပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်က လူဖြူတွေဖြစ်ပြီး စပိန်စကားပြောတဲ့ လက်တင်နွယ်ဖွား ၃၀ ရာခိုင်နှုန်း၊ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ၁၀ ရာခိုင်နှုန်းနဲ့ အာရှနွယ်ဖွား ၁၀ ရာခိုင်နှုန်းရှိတာ ဖြစ်ပါတယ်။
CNN သတင်းမှာ နောက်ဆုံးဖော်ပြချက်အရတော့ မဲဆန္ဒနယ် ၅၀ ရာခိုင်နှုန်းလောက်ကို ရေတွက်ပြီးချိန်မှာ Bernie Sanders က ကိုယ်စားလှယ်မဲ စုစုပေါင်း ၄၆ ရာခိုင်နှုန်းကို ရရှိထားပြီး ဒု-သမ္မတဟောင်း Joe Biden က ၁၉.၂ ရာခိုင်နှုန်း၊ South Bend မြို့တော်ဝန်ဟောင်း Pete Buttigieg က ၁၅.၄ရာခိုင်နှုန်း၊ အထက်လွှတ်တော်အမတ် Elizabeth Warren က ၁၀.၃ ရာခိုင်နှုန်းရပြီး ဦးဆောင်နေပါတယ်။