သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Super Tuesday ပဏာမရွေးကောက်ပွဲ Joe Biden ပြည်နယ်အများစုအနိုင်ရ


ဒုတိယသမ္မတဟောင်း Joe Biden (မတ်-၀၃-၂၀၂၀)
ဒုတိယသမ္မတဟောင်း Joe Biden (မတ်-၀၃-၂၀၂၀)

(Zawgyi/Unicode)

၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအတွက် ပါတီတွင်း အကြို ရွေးချယ်ပွဲတွေလုပ်နေတာမှာ အင်္ဂါနေ့က ပြည်နယ်ပေါင်း ၁၄ ခုမှာ လုပ်တဲ့ Super Tuesday ရွေးချယ်ပွဲ တွေမှာတော့ ဒုတိယသမ္မတဟောင်း Joe Biden က ပြည်နယ်အများစုမှာ အနိုင်ရပါတယ်။

အင်္ဂါညဘက်မှာ မဲရလဒ်အတော်များများ ထွက်ပြီးတဲ့နောက် ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ မစ္စတာဘိုင်ဒန် က ထောက်ခံသူတွေကို အောင်ပွဲခံမိန့်ခွန်းပြောခဲ့ပါတယ်။

“ကျနော်တို့ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို သမ္မတရာထူးကနေ ဖယ်ရှားပစ်မယ်ဆိုတာ လုံးဝ သံသယမရှိပါနဲ့။” လို့ မစ္စတာဘိုင်ဒန်က ပြောပါတယ်။

လက်ရှိအချိန်ထိ ရေတွက်ပြီးသမျှ မဲရလဒ်တွေအရ မစ္စတာဘိုင်ဒန်က တက္ကဆက်စ်အပါအဝင် ပြည်နယ်ကိုးခုမှာ အနိုင်ရတယ်လို့ သတင်းဌာနအများအပြားက တွက်ချက်ပြောဆိုထားပြီး မဲရေတွက်ဖို့ အတော်ကျန်သေးတဲ့ မိန်းပြည်နယ်မှာလည်း အသာစီး ရနေပါတယ်။

ဗားမွန့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders က သူ့ရဲ့ မဲဆန္ဒနယ် ဗားမွန့်အပါအဝင် ပြည်နယ်လေးခုမှာ အနိုင်ရပါ တယ်။ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော် Elizabeth Warren ဟာ သူ့ရဲ့ မဲဆန္ဒနယ်မှာတောင် အနိုင်မရခဲ့ဘဲ တတိယနေရာအတွက် နယူးယောက်မြို့တော်ဝန်ဟောင်း Michael Bloomberg နဲ့ အကျိတ်အနယ်ယှဉ်နေရပါတယ်။

မဲဆွယ်ပွဲအတွက် သူ့ကိုယ်ပိုင်ငွေထဲက ဒေါ်လာ သန်း ၅၀၀ ကျော် သုံးစွဲခဲ့တဲ့ မစ္စတာ Bloomberg ဟာ ဒီ Super Tuesday အကြို ရွေးချယ်ပွဲတွေမှာမှ စယှဉ်ပြိုင်တာဖြစ်ပြီး အခြေအနေမလှဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




“ကနြောျတို့ ဒေါျနယျလျဒျ ထရမ့ျပျကို သမ်မတရာထူးကနေ ဖယျရှားပဈမယျဆိုတာ လုံးဝ သံသယမရှိပါနဲ့။” လို့ မစ်စတာဘိုငျဒနျက ပွောပါတယျ။




XS
SM
MD
LG