သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Super Tuesday ဒီမိုကရက္ အႀကိဳေရြးေကာက္ပြဲ ျပည္နယ္ ၁၄ ခုမွာ က်င္းပမယ္


ကာလီဖိုးနီးယားျပည္နယ္၊ Laguna Woods မဲဆႏၵနယ္တြင္ Super Tuesday မတိုင္ခင္ ႀကိဳတင္ဆႏၵမဲေပးေနသူတဦး။ ေဖော္ဝါရီ ၂၄၊ ၂၀၂၀။

(Zawgyi/Unicode)

Super Tuesday လို႔ေခၚတဲ့ အေမရိကန္ ဒီမိုကရက္တစ္ပါတီတြင္း သမၼတေလာင္း အႀကိဳေရြးေကာက္ပြဲေတြ ဒီကေန႔ ျပည္နယ္ ၁၄ ခုမွာ တၿပိဳင္တည္းက်င္းပမယ့္ အခ်ိန္မတိုင္ခင္ တရက္အလိုမွာပဲ သမၼတေလာင္းေနရာ ယွဥ္ၿပိဳင္ေနသူေတြထဲက တဦးျဖစ္တဲ့ ဒုသမၼတေဟာင္း Joe Biden ကို ၿပိဳင္ဘက္ေဟာင္း ၃ ဦးက ေထာက္ခံမႈ ျပသလုိက္တာေၾကာင့္ မစၥတာဘုိင္ဒန္အတြက္ မဲဆြယ္မႈအရွိန္ ပို အားေကာင္းလာေနပါတယ္။

မေန႔ တနလၤာေန႔ကပဲ ၿပိဳင္ပြဲကေန ႏုတ္ထြက္သြားတဲ့ အထက္လႊတ္ေတာ္အမတ္ Amy Klobuchar နဲ႔ အေစာပိုင္းႏုတ္ထြက္ခဲ့သူ တကၠဆက္ျပည္နယ္ ေအာက္လႊတ္ေတာ္အမတ္ Beto O'Rourke တို႔က မေန႔ တနလၤာေန႔ Dallas ၿမိဳ႕မွာက်င္းပတဲ့ လူထုစုေ၀းပြဲ အတြင္း မစၥတာဘိုင္ဒန္ကို ေထာက္ခံသြားမယ့္အေၾကာင္း ေၾကညာခဲ့ၾကတာပါ။

Amy Klobuchar မတိုင္ခင္တရက္ ၿပိဳင္ပြဲကႏုတ္ထြက္ခဲ့သူ အလယ္အလတ္၀ါဒီ ဒီမိုကရက္တဦးျဖစ္တဲ့ အင္ဒီယားနားျပည္နယ္ South Bend ၿမိဳ႕ေတာ္၀န္ေဟာင္း Pete Buttigieg ကလည္း အလားတူပဲ မစၥတာဘိုင္ဒန္ကို ေထာက္ခံလိုက္ပါတယ္။

လာမယ့္ႏို၀င္ဘာ သမၼတေရြးေကာက္ပြဲမွာ လက္ရွိသမၼတ Donald Trump နဲ႔ယွဥ္ၿပိဳင္မယ့္ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္းျဖစ္လာဖို႔ ယွဥ္ၿပိဳင္ေနသူေတြထဲမွာ လတ္တေလာ ထိပ္ဆံုးေရာက္ေနသူကေတာ့ Vermont ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Bernie Sanders ပါ။

California နဲ႔ Texas ျပည္နယ္ ေရြးေကာက္ပြဲေတြမွာလည္း Sanders အႏိုင္ရႏုိင္ဖြယ္ရွိေၾကာင္း လူထုစစ္တမ္းေတြကေတာ့ ေဖာ္ျပေနပါတယ္။

ၿပီးခဲ့တဲ့ ေတာင္ကာ႐ိုလိုုင္းနား အႀကိဳေရြးေကာက္ပြဲမွာ တျခားၿပိဳင္ဘက္ေတြကို အျပတ္အသတ္အႏိုင္ရခဲ့တဲ့ မစၥတာဘိုင္ဒန္က ဒုတိယေနရာမွာရွိေနၿပီး တတိယေနရာ လုိက္ေနသူကေတာ့ Massachusetts ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren ျဖစ္ပါတယ္။

သူတို႔သံုးဦးအပါအ၀င္ ဒီမိုကရက္တစ္ပါတီ သမၼေလာင္းေနရာ ယွဥ္ၿပိဳင္သူ အခုဆိုရင္ ၅ ဦးပဲ က်န္ပါေတာ့တယ္။ သူတို႔အထဲက ဘယ္သူ သမၼတေလာင္း ျဖစ္လာမယ္မလဲ ဆုိတာကေတာ့ ဒီကေန႔ Super Tuesday ေရြးေကာက္ပြဲေတြ ရလဒ္ေတြေပၚမွာ အဓိက မူတည္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

Super Tuesday ဒီမိုကရက် အကြိုရွေးကောက်ပွဲ ပြည်နယ် ၁၄ ခုမှာ ကျင်းပမယ်

Super Tuesday လို့ခေါ်တဲ့ အမေရိကန် ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း အကြိုရွေးကောက်ပွဲတွေ ဒီကနေ့ ပြည်နယ် ၁၄ ခုမှာ တပြိုင်တည်းကျင်းပမယ့် အချိန်မတိုင်ခင် တရက်အလိုမှာပဲ သမ္မတလောင်းနေရာ ယှဉ်ပြိုင်နေသူတွေထဲက တဦးဖြစ်တဲ့ ဒုသမ္မတဟောင်း Joe Biden ကို ပြိုင်ဘက်ဟောင်း ၃ ဦးက ထောက်ခံမှု ပြသလိုက်တာကြောင့် မစ္စတာဘိုင်ဒန်အတွက် မဲဆွယ်မှုအရှိန် ပို အားကောင်းလာနေပါတယ်။

မနေ့ တနင်္လာနေ့ကပဲ ပြိုင်ပွဲကနေ နုတ်ထွက်သွားတဲ့ အထက်လွှတ်တော်အမတ် Amy Klobuchar နဲ့ အစောပိုင်းနုတ်ထွက်ခဲ့သူ တက္ကဆက်ပြည်နယ် အောက်လွှတ်တော်အမတ် Beto O'Rourke တို့က မနေ့ တနင်္လာနေ့ Dallas မြို့မှာကျင်းပတဲ့ လူထုစုဝေးပွဲ အတွင်း မစ္စတာဘိုင်ဒန်ကို ထောက်ခံသွားမယ့်အကြောင်း ကြေညာခဲ့ကြတာပါ။

Amy Klobuchar မတိုင်ခင်တရက် ပြိုင်ပွဲကနုတ်ထွက်ခဲ့သူ အလယ်အလတ်ဝါဒီ ဒီမိုကရက်တဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ် South Bend မြို့တော်ဝန်ဟောင်း Pete Buttigieg ကလည်း အလားတူပဲ မစ္စတာဘိုင်ဒန်ကို ထောက်ခံလိုက်ပါတယ်။

လာမယ့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump နဲ့ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်လာဖို့ ယှဉ်ပြိုင်နေသူတွေထဲမှာ လတ်တလော ထိပ်ဆုံးရောက်နေသူကတော့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ပါ။

California နဲ့ Texas ပြည်နယ် ရွေးကောက်ပွဲတွေမှာလည်း Sanders အနိုင်ရနိုင်ဖွယ်ရှိကြောင်း လူထုစစ်တမ်းတွေကတော့ ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ တောင်ကာရိုလိုုင်းနား အကြိုရွေးကောက်ပွဲမှာ တခြားပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ရခဲ့တဲ့ မစ္စတာဘိုင်ဒန်က ဒုတိယနေရာမှာရှိနေပြီး တတိယနေရာ လိုက်နေသူကတော့ Massachusetts ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren ဖြစ်ပါတယ်။

သူတို့သုံးဦးအပါအဝင် ဒီမိုကရက်တစ်ပါတီ သမ္မလောင်းနေရာ ယှဉ်ပြိုင်သူ အခုဆိုရင် ၅ ဦးပဲ ကျန်ပါတော့တယ်။ သူတို့အထဲက ဘယ်သူ သမ္မတလောင်း ဖြစ်လာမယ်မလဲ ဆိုတာကတော့ ဒီကနေ့ Super Tuesday ရွေးကောက်ပွဲတွေ ရလဒ်တွေပေါ်မှာ အဓိက မူတည်နေတာဖြစ်ပါတယ်။

XS
SM
MD
LG