သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကယ်ရိုလိုင်းနား ဒီမိုကရက်ပါတီ ရွေးကောက်ပွဲ Joe Biden အနိုင်ရ


Joe Biden.
Joe Biden.

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စနေနေ့က ကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာတော့ ဒု-သမ္မတဟောင်း Joe Biden အနိုင်ရသွားပါတယ်။

အခုလို Joe Biden အနိုင်ရသွားတဲ့အတွက် လာမယ့်အင်္ဂါနေ့ကျရင် ပြည်နယ် ၁၄ ခုမှာ ကျင်းပမယ့် ပါတီတွေ အကြိုရွေးကောက်ပွဲအတွက် အရှိန်အဟုန် ရသွားခဲ့ပါတယ်။

မဲဆန္ဒနယ် ၆၀ ရာခိုင်နှုန်းက မဲရလဒ်တွေကို ရေတွက်ပြီးချိန်မှာတော့ Joe Biden က မဲအရေအတွက် ၅၀ ရာခိုင်နှုန်းနဲ့ အများဆုံး ရရှိထားပြီး Vermont အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ ၁၉ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ဘီလီယံနာသူဌေးကြီး Tom Steyer က ၁၁ ရာခိုင်နှုန်းနဲ့ တတိယ ရခဲ့ပါတယ်။

ဒု-သမ္မတဟောင်း Joe Biden ဟာ ပထမဆုံး ကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီတွင်း အကြိုရွေးကောက်ပွဲ ၃ ခုမှာ အနိုင်မရခဲ့တာကြောင့် တကယ်လို့သာ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျင်းပတဲ့ အကြိုရွေးကောက်ပွဲကို အနိုင်မရခဲ့ဘူးဆိုရင် သူ့အနေနဲ့ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့ အခြေအနေ မရှိတော့ဘူးလို့ အကဲခတ်အတော်များများက သုံးသပ်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ အနိုင်ရပြီးတဲ့နောက်မှာတော့ Joe Biden ဟာ သူ့ကိုထောက်ခံတဲ့သူတွေနဲ့ Columbia မြို့မှာ အောင်ပွဲခံခဲ့ပါတယ်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ အာဖရိကနွယ်ဖွားတွေ အများအပြား နေထိုင်ကြပြီး အဲဒီထဲက အများစုဟာ သမ္မတ အိုဘားမား အစိုးရလက်ထက်မှာ ဒု-သမ္မတလုပ်ခဲ့တဲ့ Joe Biden ကို ထောက်ခံကြတာ ဖြစ်ပါတယ်။

ဘီလီယံနာသူဌေးကြီး Steyer ကတာ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ အနိုင်မရတဲ့အတွက် ရွေးကောက်ပွဲကို ဆက်မပြိုင်တော့ဘဲ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

------------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG