သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Super Tuesday ကြောင့် သမ္မတရွေးကောက်ပွဲ အလားအလာပေါ်လွင်

အမေရိကန်သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ အရေးအကြီးဆုံးနေ့ဖြစ်တဲ့ မတ်လ ၁ ရက် Super Tuesday ရွေးချယ်ပွဲ တွေမှာ ဒီမိုကရက်ပါတီဘက်က ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလီကန်ပါတီဘက်က ဒေါ်နယ်လ်ဒ် ထရမ့််ပ်တို့ ပြည်နယ်အများစု မှာ အနိုင်ရကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က တန်နက်ဆီ၊ အယ်လ်လာဘားမား၊ ဂျော်ဂျီယာ၊ အာကင်ဆော၊ ဗာဂျီးနီးယား၊ တက္ကဆက်စ်နဲ့ မက်ဆာချူးဆက်ပြည်နယ်တွေမှာ အနိုင်ရပါတယ်။ သူ့ရဲ့ပြိုင်ဘက် ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒီ ဘာနီ ဆန်းဒါးစ်က ဗားမွန့််၊ အိုကလာဟိုးမား၊ မင်နီဆိုးတားနဲ့ ကော်လိုရာဒိုပြည်နယ်တွေမှာ အနိုင်ရပါတယ်။

ရီပတ်ဘလီကန်ဘက်မှာ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အာကင်ဆော၊ ဂျော်ဂျီယာ၊ အယ်လာဘားမား၊ တန်နက်ဆီ၊ ဗာဂျီးနီးယား၊ ဗားမွန့်နဲ့ မက်ဆာချူးဆက်ပြည်နယ်တွေမှာ အနိုင်ရပါတယ်။ အထက်လွှတ်တော်အမတ် တက်ဒ် ခရုဇ်က သူ့ရဲ့ အထက် လွှတ်တော်မဲဆန္ဒနယ် တက္ကဆက်စ်နဲ့ အိုကလာဟိုးမားပြည်နယ်တွေမှာ အနိုင်ရပါတယ်။ ဖလော်ရီဒါပြည်နယ် အထက် လွှတ်တော်အမတ် မာကို ရူဘီယိုကတော့ ပဏာမရွေးချယ်ပွဲတွေမှာ ပထမဆုံးအဖြစ် မင်နီဆိုးတားပြည်နယ်မှာ အနိုင်ရပါတယ်။

ဒီမဲရလာဒ်တွေက သိပ်ကြီး အံ့သြစရာတော့မရှိပါဘူး။

အခုရွေးချယ်ပွဲတွေမတိုင်ခင် ကောက်ယူတဲ့ လူထုသဘောထား စစ်တမ်းတွေမှာ ထရမ့်ပ်နဲ့ ကလင်တန်တို့ဟာ Super Tuesday ရွေးချယ်ပွဲ လုပ်တဲ့ ပြည်နယ်တွေ မှာရော၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါ ထောက်ခံမှု ပိုရတာကို တွေ့ထားရပါတယ်။

This item is part of
XS
SM
MD
LG