သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Super Tuesday မဲေပးသူ တဦး အေတြ႔အၾကံဳ


မဲ႐ံုတြင္း မဲေပးေနသည့္ မနီမာ (Alexandria ၿမိဳ႕ Virginia ျပည္နယ္တြင္ ေနထိုင္သူ) (သတင္းဓာတ္ပံု - မတ္-၀၃- ၂၀၂၀))

(Zawgyi/Unicode)

ဒီမိုကရက္ပါတီကိုယ္စားျပဳ သမၼတေလာင္းေရြးခ်ယ္ပြဲေတြထဲမွာ အေရးအပါဆံုးလို႔ိဆုိရမယ့္ မတ္လ ၃ ရက္ေန႔ Super Tuesday အႀကိဳေရြးခ်ယ္ပြဲလုပ္တဲ့ ျပည္နယ္ေတြထဲမွာ ဝါရွင္တန္ ဒီစီၿမိဳ႕ေတာ္နားက ဗာဂ်ီးနီးယားျပည္နယ္လည္း တခုအပါအဝင္ပါ။ အဲဒီ ျပည္နယ္မွာ မဲေပးသူတဦးျဖစ္တဲ့ ျမန္မာ-အေမရိကန္ မနီမာကို မေအးသႏၲာေက်ာ္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေအးသႏၱာေက်ာ္။ ။ ဟုတ္ကဲ့ မနီမာ။ မနီမာက အေမရိကန္ျပည္ေထာင္စုမွာ Super Tuesday လို႔ေခၚတဲ့ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ Democratic ေတြရဲ႕ ပဏာမေရြးေကာက္ပဲြကို အမ သြားၿပီးေတာ့ မဲေပးတယ္လို႔ သိရပါတယ္။ အမ ဘယ္ ၿမိဳ႕နယ္ ဘယ္ျပည္နယ္မွာ သြားၿပီးေတာ့ မဲေပးခဲ့ပါသလဲရွင့္။

မနီမာ။ ။ အမတို႔ေနတာေတာ့ Virginia ျပည္နယ္ဆိုေတာ့ေလ အမတို႔ City ကေတာ့ Alexandria ပါ ၿမိဳ႕ကေတာ့။

ေအးသႏၱာေက်ာ္။ ။ ဟုတ္ကဲ့။ ဆိုေတာ့ အမ ရံုးမသြားခင္ မနက္ေစာေစာ မဲေပးတယ္ေပါ့။ ဆိုေတာ့ အမ မဲေပးခဲ့ေတာ့ လြန္ခဲ့တဲ့ မိနစ္အနည္းငယ္က မဲေပးခဲ့တုန္းက ျမင္ရတဲ့ မဲ႐ံုျမင္ကြင္းေလးကို ေျပာျပပါဦး။ လူေတြလာၿပီးေတာ့ မဲထည့္ၾကလား။ ဘယ္လိုရွိလဲ အေျခအေန။

မနီမာ။ ။ ထည့္ၾကပါတယ္ ညီမေရ။ ဘာျဖစ္လို႔လည္းဆိုလို႔ရွိရင္ သူတို႔ မဲထည့္ရတဲ့အခ်ိန္ကလည္း မနက္ ၆ နာရီကေန ည ၇ နာရီဆိုေတာ့ အခ်ိန္က ရွည္တယ္ေလ။ လာထည့္ရတဲ့သူေတြ အဆင္ေျပေအာင္လို႔ဆိုေတာ့ လူေတြက အားတဲ့အခ်ိန္လာတာဆိုေတာ့ အမ သြားတဲ့အခ်ိန္ေတြ႔တာေတာ့ အလုပ္မသြားခင္ လာၾကတဲ့သူေတြ၊ ကေလးေတြ ကေလးငယ္ငယ္ေလးေတြနဲ႔ တြန္းလွည္းေလးေတြနဲ႔ လာေပးတဲ့သူေတြ၊ အဖိုးႀကီး အဖြားႀကီးေတြတို႔ အဲ့ဒါမ်ိဳးေတာ့ ေတြ႔ခဲ့တယ္။ အရမ္းေတာ့ မမ်ားေသးဘူး ညီမရဲ႕။ တျဖဳတ္ျဖဳတ္နဲ႔ေတာ့ လာေနၾကတာပဲ။ အမျပန္ေတာ့လည္း ကားေတြ ရပ္ရပ္ၿပီး လာေနၾကတယ္။

ေအးသႏၱာေက်ာ္။ ။ ဟုတ္ကဲ့။ မဲ႐ံု၀န္းက်င္မွာေရာ။ ဒီ ကိုယ္စားလွယ္ေလာင္းေတြဘက္ကေန အသီးသီး မဲဆြယ္ေနၾကတာေတြေရာ ေတြ႔ပါလား။ သူတို႔ ဘယ္လိုမ်ိဳး လက္ကမ္းစာေစာင္ေတြ ေ၀တာတို႔ ဘာတို႔ သူတို႔ ဘယ္လိုေတြလုပ္တာေတြ ရွိပါသလဲ အမ။

မနီမာ။ ။ လက္ကမ္းစာေစာင္ေ၀တာေတာ့ရွိတယ္။ ဟိုလိုမ်ိဳး မဲဆြယ္ၿပီး ေျပာေနတာမ်ိဳးေတာ့ မရွိဘူးေပါ့ေနာ္။ သူတို႔ ႏႈတ္ဆက္တယ္။ အဲ့ဒီလို လက္ကမ္းစာေစာင္ေလးေတြေပးတာေလာက္ေတာ့ ေတြ႔ခဲ့တယ္။

ေအးသႏၱာေက်ာ္။ ။ ဆိုေတာ့ အမက ဒီေန႔ မဲရံုကို စေရာက္သြားကတည္းက လုပ္ရတဲ့ လုပ္ငန္းစဥ္ေလး နည္းနည္းေျပာျပမလား။

မနီလာ။ ။ လြယ္ပါတယ္ ညီမရဲ႕။ အမလည္း အဲ့လိုေလ ခက္မယ္ထင္တာေလ တေယာက္တည္း ထြက္သြားလိုက္ေတာ့။ သူတို႔က စေရာက္တာနဲ႔ ဒီေန႔ဆိုလို႔ရွိရင္ သူတို႔က စာရြက္ေလးေပးထားတယ္။ vote for only one ဆိုၿပီးေတာ့ မဲထည့္ရမယ့္လူရဲ႕ ဓာတ္ပံုေလးေတြနဲ႔ေပါ့ေနာ္။ အဲ့လိုမ်ိဳးေလးေတြ ေပးထားတဲ့ဟာကို ကိုယ္က ေရြး႐ံုပဲေပါ့ေနာ္။ ေရာက္သြားတာနဲ႔ ကိုယ့္ရဲ႕ photo ID ျပ၊ ျပၿပီးတာနဲ႔ သူတို႔က ကဒ္ျပားေလးထုတ္ေပးတယ္။ ထုတ္ေပးေတာ့ ေနာက္ စားပဲြတခုမွာ သြားၿပီးေတာ့ form သြားယူရတယ္၊ ကိုယ့္ ကဒ္ျပားေလး ေပးလိုက္ၿပီးေတာ့ သူတို႔ ေပးတဲ့ form မွာ ထိုင္ခံုေလးမွာ ထိုင္ၿပီးေတာ့ အမ ကိုယ္ထည့္ခ်င္တဲ့ နာမည္ကို ထည့္လိုက္တာေပါ့ေနာ္။ ကြန္ပ်ဴတာထဲမွာ သြားၿပီးေတာ့ ကိုယ္ထည့္ထားတဲ့ ဟာေလးကို စာရြက္ကေလးကို ထည့္လိုက္႐ံုပဲ။ ဘာမွ မခက္ဘူး ညီမရဲ႕။ ေတာ္ေတာ္ေလးလည္းလြယ္တယ္။ အဆင္လည္းေျပတယ္ သူတို႔ကေလ။ ေစာင့္ရတာ ဘာညာလည္းမရွိဘူး။

အၾကိဳေရြးေကာက္ပဲြ ၀င္ေရာက္ယွဥ္ျပိဳင္ေနသည့္ ဒီမိုကရက္ သမၼတ ကိုယ္စားလွယ္ေလာင္းမ်ား
အၾကိဳေရြးေကာက္ပဲြ ၀င္ေရာက္ယွဥ္ျပိဳင္ေနသည့္ ဒီမိုကရက္ သမၼတ ကိုယ္စားလွယ္ေလာင္းမ်ား

ေအးသႏၱာေက်ာ္။ ။ ဆိုေတာ့ မဲေပးရတဲ့ လုပ္ငန္းစဥ္ကေတာ့ ရွင္းရွင္းလင္းလင္းနဲ႔ ညႊန္ၾကားေပးထားတယ္ေပါ့ သေဘာက။

မနီမာ။ ။ ရွင္းရွင္းလင္းလင္းနဲ႔ ညႊန္ၾကားေပးထားေတာ့ေလ ဘာအခက္အခဲမွ မရွိဘူး။ ကိုယ့္လိုပဲ လာတဲ့သူေတြက ျမန္ျမန္ဆန္ဆန္ မဲထည့္ၿပီးေတာ့။ ၄၊ ၅ မိနစ္ေလာက္ပဲ အခ်ိန္ၾကာတယ္။ ၿပီးေတာ့ ျပန္လာရံုပဲ။ ေတာ္ေတာ္ေလး အဆင္ေျပတယ္။

ေအးသႏၱာေက်ာ္။ ။ ဆိုေတာ့ အမတို႔ေနတဲ့ေနရာ ပတ္၀န္းက်င္ေပါ့ေနာ္ ဒါမွမဟုတ္ အမတို႔ စကားေျပာျဖစ္တဲ့ အသိုင္းအ၀ိုင္းမွာ ဘယ္ကိုယ္စားလွယ္ေလာင္းကို လူၾကိဳက္မ်ားေနလဲလို႔ ထင္လဲ အမ။

မနီမာ။ ။ ဘယ္ကိုယ္စားလွယ္ေလာင္းလူၾကိဳက္မ်ားေနလဲဆိုေတာ့ အဲ့မွာ Micheal ဆိုလား အဲ့အဘိုးႀကီးကိုေတာ့ ထည့္မယ္ဆိုၿပီးေတာ့ အမ ၾကားခဲ့တာေပါ့ေနာ္။ နားၾကားလဲြတာလည္း ျဖစ္ခ်င္ျဖစ္ႏိုင္မယ္။ ဆိုေတာ့ အမ ၾကည့္လိုက္ေတာ့ အသက္ၾကီးတာေတြက နည္းနည္းမ်ားတယ္ေလ။ အဲ့ဒီ အမထည့္တဲ့ အမ်ိဴးသမီးကေတာ့ အသက္ ၄၀ ေက်ာ္ ပတ္၀န္းက်င္၊ အသက္ ၄၀၊ ၄၀ ေလာက္ဆိုေတာ့ က်န္တဲ့ဟာေတြက အမ်ိဳးသမီး ၂ ေယာက္မွာေတာင္ ေနာက္တေယာက္က နည္းနည္း အသက္ႀကီးတယ္။ စိတ္ထဲမွာ လူလတ္ပိုင္းဆိုေတာ့ ပိုလည္းလုပ္ႏိုင္မယ္ထင္လို႔ေလ စိတ္ထဲ။ သူပဲ အမက မဲထည့္လိုက္တယ္။

Super Tuesday မဲေပးသူ တဦး အေတြ႔အၾကံဳ
please wait

No media source currently available

0:00 0:03:36 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Super Tuesday မဲပေးသူ တဦး အတွေ့အကြုံ

ဒီမိုကရက်ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲတွေထဲမှာ အရေးအပါဆုံးလို့ိဆိုရမယ့် မတ်လ ၃ ရက်နေ့ Super Tuesday အကြိုရွေးချယ်ပွဲလုပ်တဲ့ ပြည်နယ်တွေထဲမှာ ဝါရှင်တန် ဒီစီမြို့တော်နားက ဗာဂျီးနီးယားပြည်နယ်လည်း တခုအပါအဝင်ပါ။ အဲဒီ ပြည်နယ်မှာ မဲပေးသူတဦးဖြစ်တဲ့ မြန်မာ-အမေရိကန် မနီမာကို မအေးသန္တာကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

အေးသန္တာကျော်။ ။ ဟုတ်ကဲ့ မနီမာ။ မနီမာက အမေရိကန်ပြည်ထောင်စုမှာ Super Tuesday လို့ခေါ်တဲ့ ပြည်နယ်တော်တော်များများမှာ Democratic တွေရဲ့ ပဏာမရွေးကောက်ပွဲကို အမ သွားပြီးတော့ မဲပေးတယ်လို့ သိရပါတယ်။ အမ ဘယ် မြို့နယ် ဘယ်ပြည်နယ်မှာ သွားပြီးတော့ မဲပေးခဲ့ပါသလဲရှင့်။

မနီမာ။ ။ အမတို့နေတာတော့ Virginia ပြည်နယ်ဆိုတော့လေ အမတို့ City ကတော့ Alexandria ပါ မြို့ကတော့။

အေးသန္တာကျော်။ ။ ဟုတ်ကဲ့။ ဆိုတော့ အမ ရုံးမသွားခင် မနက်စောစော မဲပေးတယ်ပေါ့။ ဆိုတော့ အမ မဲပေးခဲ့တော့ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က မဲပေးခဲ့တုန်းက မြင်ရတဲ့ မဲရုံမြင်ကွင်းလေးကို ပြောပြပါဦး။ လူတွေလာပြီးတော့ မဲထည့်ကြလား။ ဘယ်လိုရှိလဲ အခြေအနေ။

မနီမာ။ ။ ထည့်ကြပါတယ် ညီမရေ။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် သူတို့မဲထည့်ရတဲ့အချိန်ကလည်း မနက် ၆ နာရီကနေ ည ၇ နာရီဆိုတော့ အချိန်က ရှည်တယ်လေ။ လာထည့်ရတဲ့သူတွေ အဆင်ပြေအောင်လို့ဆိုတော့ လူတွေက အားတဲ့အချိန်လာတာဆိုတော့ အမ သွားတဲ့အချိန်တွေ့တာတော့ အလုပ်မသွားခင် လာကြတဲ့သူတွေ၊ ကလေးတွေ ကလေးငယ်ငယ်လေးတွေနဲ့ တွန်းလှည်းလေးတွေနဲ့ လာပေးတဲ့သူတွေ၊ အဖိုးကြီး အဖွားကြီးတွေတို့ အဲ့ဒါမျိုးတော့ တွေ့ခဲ့တယ်။ အရမ်းတော့ မများသေးဘူး ညီမရဲ့။ တဖြုတ်ဖြုတ်နဲ့တော့ လာနေကြတာပဲ။ အမပြန်တော့လည်း ကားတွေ ရပ်ရပ်ပြီး လာနေကြတယ်။

အေးသန္တာကျော်။ ။ ဟုတ်ကဲ့။ မဲရုံဝန်းကျင်မှာရော။ ဒီကိုယ်စားလှယ်လောင်းတွေဘက်ကနေ အသီးသီး မဲဆွယ်နေကြတာတွေရော တွေ့ပါလား။ သူတို့ ဘယ်လိုမျိုး လက်ကမ်းစာစောင်တွေ ဝေတာတို့ ဘာတို့ သူတို့ ဘယ်လိုတွေလုပ်တာတွေ ရှိပါသလဲ အမ။

မနီမာ။ ။ လက်ကမ်းစာစောင်ဝေတာတော့ရှိတယ်။ ဟိုလိုမျိုး မဲဆွယ်ပြီး ပြောနေတာမျိုးတော့ မရှိဘူးပေါ့နော်။ သူတို့ နှုတ်ဆက်တယ်။ အဲ့ဒီလို လက်ကမ်းစာစောင်လေးတွေပေးတာလောက်တော့ တွေ့ခဲ့တယ်။

အေးသန္တာကျော်။ ။ ဆိုတော့ အမက ဒီနေ့ မဲရုံကို စရောက်သွားကတည်းက လုပ်ရတဲ့ လုပ်ငန်းစဉ်လေး နည်းနည်းပြောပြမလား။

မနီလာ။ ။ လွယ်ပါတယ် ညီမရဲ့။ အမလည်း အဲ့လိုလေ ခက်မယ်ထင်တာလေ တယောက်တည်း ထွက်သွားလိုက်တော့။ သူတို့က စရောက်တာနဲ့ ဒီနေ့ဆိုလို့ရှိရင် သူတို့က စာရွက်လေးပေးထားတယ်။ vote for only one ဆိုပြီးတော့ မဲထည့်ရမယ့်လူရဲ့ ဓာတ်ပုံလေးတွေနဲ့ပေါ့နော်။ အဲ့လိုမျိုးလေးတွေ ပေးထားတဲ့ဟာကို ကိုယ်က ရွေးရုံပဲပေါ့နော်။ ရောက်သွားတာနဲ့ ကိုယ့်ရဲ့ photo ID ပြ၊ ပြပြီးတာနဲ့ သူတို့က ကဒ်ပြားလေးထုတ်ပေးတယ်။ ထုတ်ပေးတော့ နောက် စားပွဲတခုမှာ သွားပြီးတော့ form သွားယူရတယ်၊ ကိုယ့် ကဒ်ပြားလေး ပေးလိုက်ပြီးတော့ သူတို့ ပေးတဲ့ form မှာ ထိုင်ခုံလေးမှာ ထိုင်ပြီးတော့ အမ ကိုယ်ထည့်ချင်တဲ့ နာမည်ကို ထည့်လိုက်တာပေါ့နော်။ ကွန်ပျူတာထဲမှာ သွားပြီးတော့ ကိုယ်ထည့်ထားတဲ့ ဟာလေးကို စာရွက်ကလေးကို ထည့်လိုက်ရုံပဲ။ ဘာမှ မခက်ဘူး ညီမရဲ့။ တော်တော်လေးလည်းလွယ်တယ်။ အဆင်လည်းပြေတယ် သူတို့ကလေ။ စောင့်ရတာ ဘာညာလည်းမရှိဘူး။

အေးသန္တာကျော်။ ။ ဆိုတော့ မဲပေးရတဲ့ လုပ်ငန်းစဉ်ကတော့ ရှင်းရှင်းလင်းလင်းနဲ့ ညွှန်ကြားပေးထားတယ်ပေါ့ သဘောက။

မနီမာ။ ။ ရှင်းရှင်းလင်းလင်းနဲ့ ညွှန်ကြားပေးထားတော့လေ ဘာအခက်အခဲမှ မရှိဘူး။ ကိုယ့်လိုပဲ လာတဲ့သူတွေက မြန်မြန်ဆန်ဆန် မဲထည့်ပြီးတော့။ ၄၊ ၅ မိနစ်လောက်ပဲ အချိန်ကြာတယ်။ ပြီးတော့ ပြန်လာရုံပဲ။ တော်တော်လေး အဆင်ပြေတယ်။

အေးသန္တာကျော်။ ။ ဆိုတော့ အမတို့နေတဲ့နေရာ ပတ်ဝန်းကျင်ပေါ့နော် ဒါမှမဟုတ် အမတို့ စကားပြောဖြစ်တဲ့ အသိုင်းအဝိုင်းမှာ ဘယ်ကိုယ်စားလှယ်လောင်းကို လူကြိုက်များနေလဲလို့ ထင်လဲ အမ။

မနီမာ။ ။ ဘယ်ကိုယ်စားလှယ်လောင်းလူကြိုက်များနေလဲဆိုတော့ အဲ့မှာ Micheal ဆိုလား အဲ့အဘိုးကြီးကိုတော့ ထည့်မယ်ဆိုပြီးတော့ အမ ကြားခဲ့တာပေါ့နော်။ နားကြားလွဲတာလည်း ဖြစ်ချင်ဖြစ်နိုင်မယ်။ ဆိုတော့ အမ ကြည့်လိုက်တော့ အသက်ကြီးတာတွေက နည်းနည်းများတယ်လေ။ အဲ့ဒီ အမထည့်တဲ့ အမျိူးသမီးကတော့ အသက် ၄၀ ကျော် ပတ်ဝန်းကျင်၊ အသက် ၄၀၊ ၄၀ လောက်ဆိုတော့ ကျန်တဲ့ဟာတွေက အမျိုးသမီး ၂ ယောက်မှာတောင် နောက်တယောက်က နည်းနည်း အသက်ကြီးတယ်။ စိတ်ထဲမှာ လူလတ်ပိုင်းဆိုတော့ ပိုလည်းလုပ်နိုင်မယ်ထင်လို့လေ စိတ်ထဲ။ သူပဲ အမက မဲထည့်လိုက်တယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG