သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္အေမရိက ကုန္သြယ္ေရးသေဘာတူညီမႈ ကန္ဆီးနိတ္ အတည္ျပဳ


(Zawgyi/Unicode)

ေျမာက္အေမရိက ကုန္သြယ္ေရး သေဘာတူညီခ်က္သစ္တစ္ရပ္ကို အေမရိကန္ အထက္လႊတ္ေတာ္က ၾကာသပေတးေန႔က အတည္ျပဳ လိုက္တာေၾကာင့္ ဒီ သေဘာတူညီခ်က္ဟာ သမၼတ ေဒၚနယ္ထရမ့္အတြက္ အဓိက ေအာင္ျမင္မႈ တစ္ခုျဖစ္လာခဲ့ပါတယ္။

အဖြဲ႕၀င္ အမတ္ဦးေရ ၁၀၀ ရွိတဲ့ အထက္လႊတ္ေတာ္က အေမရိကန္၊ မကၠဆီကိုနဲ႔ ကေနဒါတို႔ ပါ၀င္တဲ့ ဒီ သေဘာတူစာခ်ဳပ္ (USMCA) ကို ၈၉ မဲ ၁၀ မဲ နဲ႔အတည္ျပဳေပးခဲ့တာပါ။ ရစ္ပတ္ဘလစ္ကန္နဲ႔ ဒီမိုကရက္ အမတ္ ႏွစ္ဘက္စလုံးက အမတ္ အမ်ားစုက ပါတီစြဲမပါဘဲ အတည္ျပဳခဲ့တာလည္း ျဖစ္ျပီး သမၼတ ထရမ့္ တရား၀င္ လက္မွတ္ေရးထိုးရုံသာ က်န္ရွိပါေတာ့တယ္။

အေမရိကန္ ဘ႑ာေရး၀န္ၾကီး Steven Mnuchin က အခုလို သမိုင္း၀င္ သေဘာတူညီခ်က္ဟာ အေမရိကန္တို႔အတြက္ ကေနဒါနဲ႔ မကၠဆီကုိတို႔နဲ႔ကုန္သြယ္ဆက္ဆံေရးကို ဟန္ခ်က္ညီေအာင္နဲ႔ ပိုျပီးေခတ္မီေအာင္ေဆာင္ရြက္ေပးရုံသာမကဘူး စီးပြားေရးတိုးတက္မႈ နဲ႕ အလုပ္အကိုင္ ဖန္တီးမႈကိုပါ ျမွင့္တင္ေပးမွာ ျဖစ္ေၾကာင္း၊ ဒီ သေဘာတူညီခ်က္ဟာ အလုပ္သမား၊ လယ္သမားနဲ႔ ကုန္ထုတ္လုပ္ သူေတြအတြက္ အေရးၾကီးေၾကာင္း ေျပာပါတယ္။

ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi က သမၼတ ထရမ့္ အစိုးရက ကနဦးအဆိုျပဳခဲ့တဲ့ သေဘာတူညီခ်က္ မူၾကမ္းဟာ အေမ ရိကန္အလုပ္သမားေတြရဲ႕ အလုပ္အကိုင္ေတြ မကၠဆီကို အလုပ္သမားေတြဆီကို ေရာက္သြားဖို႔အခ်က္ေတြ ပါ၀င္ေနသလိုေဆး၀ါး ပစၥည္းေစ်းႏွဳန္းျမင္မားမႈနဲ႔ ပတ္၀န္းက်င္ဆိုင္ရာ စံႏႈန္းနိမ့္ပါးတဲ့ အခ်က္ေတြလည္း ပါ၀င္ေနေၾကာင္း၊ ဒါေၾကာင့္ ဒီမိုကရက္တစ္ပါတီ ရဲ႕ ေခါင္းေဆာင္ပိုင္းအေနနဲ႕ အဲဒီ အခ်က္ေတြကို ျပင္ဆင္ခဲ့ရေၾကာင္း ေျပာပါတယ္။အထက္လႊတ္ေတာ္ကအတည္ျပဳခဲ့တဲ့ USMCA ကုန္သြယ္ေရး သေဘာတူခ်က္ဟာ NAFTA လို႔ ေခၚတဲ့ ေျမာက္အေမရိက လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူညီခ်က္ကို အစားထုိးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြောက်အမေရိက ကုန်သွယ်ရေးသဘောတူညီမှု ကန်ဆီးနိတ် အတည်ပြု

(Unicode)

မြောက်အမေရိက ကုန်သွယ်ရေး သဘောတူညီချက်သစ်တစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်က ကြာသပတေးနေ့က အတည်ပြု လိုက်တာကြောင့် ဒီ သဘောတူညီချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့်အတွက် အဓိက အောင်မြင်မှု တစ်ခုဖြစ်လာခဲ့ပါတယ်။ အဖွဲ့ဝင် အမတ်ဦးရေ ၁၀၀ ရှိတဲ့ အထက်လွှတ်တော်က အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ပါဝင်တဲ့ ဒီ သဘောတူစာချုပ် (USMCA) ကို ၈၉ မဲ ၁၀ မဲ နဲ့အတည်ပြုပေးခဲ့တာပါ။ ရစ်ပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အမတ် နှစ်ဘက်စလုံးက အမတ် အများစုက ပါတီစွဲမပါဘဲ အတည်ပြုခဲ့တာလည်း ဖြစ်ပြီး သမ္မတ ထရမ့် တရားဝင် လက်မှတ်ရေးထိုးရုံသာ ကျန်ရှိပါတော့တယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က အခုလို သမိုင်းဝင် သဘောတူညီချက်ဟာ အမေရိကန်တို့အတွက် ကနေဒါနဲ့ မက္ကဆီကိုတို့နဲ့ကုန်သွယ်ဆက်ဆံရေးကို ဟန်ချက်ညီအောင်နဲ့ ပိုပြီးခေတ်မီအောင်ဆောင်ရွက်ပေးရုံသာမကဘူး စီးပွားရေးတိုးတက်မှု နဲ့ အလုပ်အကိုင် ဖန်တီးမှုကိုပါ မြှင့်တင်ပေးမှာ ဖြစ်ကြောင်း၊ ဒီ သဘောတူညီချက်ဟာ အလုပ်သမား၊ လယ်သမားနဲ့ ကုန်ထုတ်လုပ် သူတွေအတွက် အရေးကြီးကြောင်း ပြောပါတယ်။

အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က သမ္မတ ထရမ့် အစိုးရက ကနဦးအဆိုပြုခဲ့တဲ့ သဘောတူညီချက် မူကြမ်းဟာ အမေ ရိကန်အလုပ်သမားတွေရဲ့ အလုပ်အကိုင်တွေ မက္ကဆီကို အလုပ်သမားတွေဆီကို ရောက်သွားဖို့အချက်တွေ ပါဝင်နေသလိုဆေးဝါး ပစ္စည်းဈေးနှုန်းမြင်မားမှုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းနိမ့်ပါးတဲ့ အချက်တွေလည်း ပါဝင်နေကြောင်း၊ ဒါကြောင့် ဒီမိုကရက်တစ်ပါတီ ရဲ့ ခေါင်းဆောင်ပိုင်းအနေနဲ့ အဲဒီ အချက်တွေကို ပြင်ဆင်ခဲ့ရကြောင်း ပြောပါတယ်။အထက်လွှတ်တော်ကအတည်ပြုခဲ့တဲ့ USMCA ကုန်သွယ်ရေး သဘောတူချက်ဟာ NAFTA လို့ ခေါ်တဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို အစားထိုးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG