သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 လူနာေတြထဲက ေရာဂါအခံရွိသူေတြကုိ အထူးၾကပ္မတ္ ကုသေပးေန


မတ္လ ၂၁ ရက္ေန႔တုန္းက ရန္ကုန္ေစ်းတေနရာတြင္ ကိုယ္ပူခ်ိန္ စစ္ေနစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္းက COVID-19 ေရာဂါအတည္ျပဳလူနာ ၁၄ဦးထဲက နဂိုေရာဂါအခံရိွသူ ၂ဦးကို အထူးၾကပ္မတ္ကုသေပးေနတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူကေျပာပါတယ္။ ျမန္မာျပည္တြင္းကိုျပန္ဝင္လာတဲ့ ျပည္ပလုပ္သားေတြထဲက ၁ဦးမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတာကို အတည္ျပဳၿပီးျဖစ္တာေၾကာင့္ ေနရပ္ျပန္လာသူေတြကို ေရာဂါေစာင့္ၾကပ္တဲ့လုပ္ငန္းကိုလည္း အရွိန္ျမႇင့္ေဆာင္႐ြက္ေနတယ္လို႔လည္း ဆိုပါတယ္။

အျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ စုစုကေျပာျပသြားမွာပါ။

ျမန္မာႏိုင္ငံထဲ COVID-19ဓာတ္ခြဲအတည္ျပဳလူနာ ၁၄ ဦးထဲမွာဆိုရင္၊ ေရာဂါျဖစ္ပြားရာေဒသကို သြားေရာက္ခဲ့တဲ့ ခရီးသြားရာဇဝင္ရွိသူ ၇ဦးနဲ႔ နယ္စပ္ဂိတ္ကေနတဆင့္ ျမန္မာႏိုင္ငံထဲျပန္ဝင္လာတဲ့ ျပည္ပလုပ္သား ၁ဦးအျပင္၊ ျပည္တြင္းမွာသာေနထိုင္ၿပီး ေရာဂါကူးစက္ခံထားရသူ ၂ဦး တို႔ပဲျဖစ္ပါတယ္။

သူတို႔ေတြထဲက လူနာနံပတ္ ၅ နဲ႔ ၈ ကိုေတာ့ ေဝဘာဂီေဆး႐ုံက အထူးၾကပ္မတ္ကုသေဆာင္မွာထားရွိၿပီး ကုသေပးေနတယ္လို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ရဲ႕က်န္းမာေရးကေတာ့ လက္ရွိအေျခအေနထိကေတာ့ ထိန္းသိမ္းထားႏိုင္ဆဲေပါ့ေနာ္။ လူနာအမွတ္ ၅နဲ႔ ၈မွာမွ ၅က အေျခအေနပိုဆိုးတာေပါ့ေနာ္။ အသက္ကလည္း ၆၉ႏွစ္၊ ႏွာေခါင္းကင္ဆာလည္းျဖစ္တယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဓာတ္ေရာင္ျခည္ကုသမႈလည္း ခံယူထားရတယ္။ သူ႔ရဲ႕ကင္ဆာကလည္း ျပင္းထန္တယ္ေပါ့ေနာ္။ ေနာက္တေယာက္ကေတာ့ အစကတည္းက သူကျဖစ္ေနတာ နည္းနည္းၾကာေနၿပီ။ ဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္၊ ေသြးတိုး၊ ဆီးခ်ိဳလည္းရွိတဲ့အခါက်ေတာ့ ေရာဂါကနည္းနည္းေတာ့ ျပင္းထန္တာေပါ့ေနာ္။ ICUထားတယ္ဆိုတာက အသက္အႏၲရာယ္စိုးရိမ္ရလို႔ေတာ့ မဟုတ္ဘူးေပါ့။ အထူးၾကပ္မတ္ကုသမႈကို ခံယူဖို႔လိုလို႔ ထားတာျဖစ္တယ္။ အခုခ်ိန္ထိေတာ့ အသက္ထင္ရွားရွိဆဲပဲ။”

ကို႐ိုနာဗိုင္းရပ္စ္ဓာတ္ခြဲအတည္ျပဳလူနာ ၁၄ဦးထဲက က်န္တဲ့ သူေတြကေတာ့ က်န္းမာေရးအေျခအေနေကာင္းမြန္တယ္လို႔ သိရပါတယ္။

ကိုးဦးေျမာက္ျဖစ္တဲ့ ဓာတ္ခြဲအတည္ျပဳလူနာကေတာ့ အသက္၄၄ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသားျဖစ္ၿပီး ထိုင္းႏိုင္ငံကေန ျမန္မာျပည္ထဲကို ျမဝတီၿမိဳ႕ကေနတဆင့္ ဝင္ေရာက္ခဲ့သူေတြထဲက တဦးျဖစ္ပါတယ္။ ျမဝတီ-မဲေဆာက္ တံတားကေနတဆင့္ ျမန္မာႏိုင္ငံထဲကို ျပန္ဝင္လာသူအေရအတြက္ဟာ ၂၃,၀၀၀ ေက်ာ္အထိရွိသြားပါၿပီ။

အခုလိုျပန္ဝင္လာသူေတြမွာ COVID- 19 ေရာဂါကူးစက္ခံထားရသူေတြ ပါလာႏိုင္တာေၾကာင့္ ျပန္ေရာက္လာသူေတြရဲ႕ ေနရပ္လိပ္စာေတြကို ရယူထားၿပီး ၿမိဳ႕နယ္ဆရာဝန္ေတြကိုယ္တိုင္ ဦးေဆာင္ၿပီး အသြားအလာကန႔္သတ္မႈေတြျပဳလုပ္တာနဲ႔ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈတာကို အရွိန္ျမႇင့္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ဆရာဝန္အင္အားနဲ႔ ျပန္ဝင္လာသူအေရအတြက္ဟာ ကြာဟမႈရွိေနေပမယ့္ ရွိေနတဲ့အေနအထားနဲ႔ လုပ္ေဆာင္ႏိုင္တယ္ဆိုတဲ့အေၾကာင္းကိုလည္း ေဒါက္တာခင္ခင္ႀကီးက အခုလိုဆက္ေျပာပါတယ္။

“ဆရာဝန္အင္အားက လက္ရွိမွာဆိုရင္ ၁၃,၀၀၀ နဲ႔ ၁၅,၀၀၀ ၾကားမွာေပါ့ေနာ္။ ေဆး႐ုံအေနနဲ႔ ၁,၃၅၀ ရွိတယ္။ သက္ဆိုင္ရာ ၿမိဳ႕နယ္က်န္းမာေရးဦးစီးမႉးကေတာ့ ၿမိဳ႕နယ္တိုင္းမွာဆို ၃၃၀ ရွိတာေပါ့။ သူ႔ရဲ႕လက္ေအာက္မွာလည္း သက္ဆိုင္ရာဝန္ထမ္းေတြ ဆရာဝန္ေတြရွိပါတယ္။ ေလာေလာဆယ္ကေတာ့ ႏိုင္ႏိုင္နင္းနင္းရွိေနလားဆိုတဲ့အခါက်ေတာ့ ရွိတဲ့လူအင္အားနဲ႔ အေကာင္းဆုံးေတာ့လုပ္ေဆာင္ေနပါတယ္။ ဒါေပမယ့္ ဝင္လာတဲ့သူက ၂၃,၀၀၀ ေက်ာ္ရွိတယ္ဆိုေပမယ့္လို႔ တေနရာတည္းကို ၂၃,၀၀၀ လုံးေရာက္တာမဟုတ္ဘူး။ သက္ဆိုင္ရာၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာအလိုက္ ျပန႔္ႀကဲၿပီးေရာက္သြားတာျဖစ္လို႔ ႏိုင္ႏိုင္နင္းနင္းလုပ္ႏိုင္ပါတယ္။”

ဒီေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ဆို ျပည္သူရဲ႕ပူးေပါင္းပါဝင္မႈက အေရးအႀကီးဆုံးျဖစ္တဲ့အေၾကာင္းကို ေဒါက္တာခင္ခင္ႀကီးက အခုလိုရွင္းျပပါတယ္။

“Social Distancing တခုတည္းနဲ႔လည္း မထိန္းခ်ဳပ္ႏိုင္ဘူး။ Lockdown တခုတည္းနဲ႔လည္း ထိန္းခ်ဳပ္လို႔မရဘူး။ ဘာနဲ႔ထိန္းခ်ဳပ္မလဲဆိုရင္ က်မတို႔ျပည္သူလူထုကို က်န္းမာေရးပညာေပးတဲ့ကိစၥရပ္ေတြ၊ ျပည္သူေတြလုပ္ေဆာင္ရမယ့္ ကိစၥရပ္ေတြ၊ ၿပီးရင္ Home Quarantine လုပ္မယ္ဆိုရင္ ျပည္သူေတြပူးေပါင္းေဆာင္႐ြက္ရမယ့္ ကိစၥရပ္ေတြ တိတိက်က်ေဆာင္႐ြက္ဖို႔ ဒါမ်ိဳးေတြက ပိုၿပီးေတာ့အေရးႀကီးတယ္။ ဒါထက္အေရးႀကီးတာကေတာ့ ဒီေရာဂါကို ေစာစီးစြာသိရွိဖို႔ ၿပီးရင္ သီးျခားထားရွိကုသဖို႔၊ သူနဲ႔နီးစပ္ခဲ့သူေတြကို စုံစမ္းေထာက္လွမ္းဖို႔ ဒါေတြကအေရးအႀကီးဆုံး ျဖစ္ပါတယ္။”

COVID- 19 ေရာဂါျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္တဲ့အစီအမံေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ မတ္လ ၂၉ရက္ေန႔ကစၿပီး ဧၿပီလကုန္အထိ ျမန္မာႏိုင္ငံကိုလာမယ့္ ဘယ္ႏိုင္ငံျခားသားကိုမဆို ျပည္ဝင္ခြင့္ယာယီကန႔္သတ္လိုက္ေၾကာင္းကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ျမန္မာႏို္င္ငံ ၀င္ထြက္မယ့္ ခရီးသည္တင္ေလယာဥ္အားလံုးကိုလည္း ဧၿပီ ၁၃ရက္ေန႔အထိ ဆင္းသက္ခြင့္ပိတ္ထားပါတယ္။

ဒီကေန႔စာရင္းေတြအရဆိုရင္ေတာ့ ကိုရိုနာဗိုင္းရပ္ဟာ ႏိုင္ငံေပါင္း ၁၉၉ ႏိုင္ငံကိုကူးစက္ခဲ့ၿပီး လူေပါင္း ၇၃၀,၀၀၀ ေက်ာ္ကို ကူးစက္ခဲ့တာပါ။ စုစုေပါင္းေသဆုံးသူကေတာ့ ၃၄,၀၀၀ ေက်ာ္ ရွိခဲ့ေပမယ့္ ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၁၅၀,၀၀၀ ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

(Unicode)

မြန်မာနိုင်ငံတွင်းက COVID-19 ရောဂါအတည်ပြုလူနာ ၁၄ဦးထဲက နဂိုရောဂါအခံရှိသူ ၂ဦးကို အထူးကြပ်မတ်ကုသပေးနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။ မြန်မာပြည်တွင်းကိုပြန်ဝင်လာတဲ့ ပြည်ပလုပ်သားတွေထဲက ၁ဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတာကို အတည်ပြုပြီးဖြစ်တာကြောင့် နေရပ်ပြန်လာသူတွေကို ရောဂါစောင့်ကြပ်တဲ့လုပ်ငန်းကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုကပြောပြသွားမှာပါ။

မြန်မာနိုင်ငံထဲ COVID-19ဓာတ်ခွဲအတည်ပြုလူနာ ၁၄ ဦးထဲမှာဆိုရင်၊ ရောဂါဖြစ်ပွားရာဒေသကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိသူ ၇ဦးနဲ့ နယ်စပ်ဂိတ်ကနေတဆင့် မြန်မာနိုင်ငံထဲပြန်ဝင်လာတဲ့ ပြည်ပလုပ်သား ၁ဦးအပြင်၊ ပြည်တွင်းမှာသာနေထိုင်ပြီး ရောဂါကူးစက်ခံထားရသူ ၂ဦး တို့ပဲဖြစ်ပါတယ်။

သူတို့တွေထဲက လူနာနံပတ် ၅ နဲ့ ၈ ကိုတော့ ဝေဘာဂီဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာထားရှိပြီး ကုသပေးနေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ရဲ့ကျန်းမာရေးကတော့ လက်ရှိအခြေအနေထိကတော့ ထိန်းသိမ်းထားနိုင်ဆဲပေါ့နော်။ လူနာအမှတ် ၅နဲ့ ၈မှာမှ ၅က အခြေအနေပိုဆိုးတာပေါ့နော်။ အသက်ကလည်း ၆၉နှစ်၊ နှာခေါင်းကင်ဆာလည်းဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဓာတ်ရောင်ခြည်ကုသမှုလည်း ခံယူထားရတယ်။ သူ့ရဲ့ကင်ဆာကလည်း ပြင်းထန်တယ်ပေါ့နော်။ နောက်တယောက်ကတော့ အစကတည်းက သူကဖြစ်နေတာ နည်းနည်းကြာနေပြီ။ ဖျားတယ်၊ ချောင်းဆိုးတယ်၊ သွေးတိုး၊ ဆီးချိုလည်းရှိတဲ့အခါကျတော့ ရောဂါကနည်းနည်းတော့ ပြင်းထန်တာပေါ့နော်။ ICUထားတယ်ဆိုတာက အသက်အန္တရာယ်စိုးရိမ်ရလို့တော့ မဟုတ်ဘူးပေါ့။ အထူးကြပ်မတ်ကုသမှုကို ခံယူဖို့လိုလို့ ထားတာဖြစ်တယ်။ အခုချိန်ထိတော့ အသက်ထင်ရှားရှိဆဲပဲ။”

ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲအတည်ပြုလူနာ ၁၄ဦးထဲက ကျန်တဲ့ သူတွေကတော့ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။

ကိုးဦးမြောက်ဖြစ်တဲ့ ဓာတ်ခွဲအတည်ပြုလူနာကတော့ အသက်၄၄နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံကနေ မြန်မာပြည်ထဲကို မြဝတီမြို့ကနေတဆင့် ဝင်ရောက်ခဲ့သူတွေထဲက တဦးဖြစ်ပါတယ်။ မြဝတီ-မဲဆောက် တံတားကနေတဆင့် မြန်မာနိုင်ငံထဲကို ပြန်ဝင်လာသူအရေအတွက်ဟာ ၂၃,၀၀၀ ကျော်အထိရှိသွားပါပြီ။

အခုလိုပြန်ဝင်လာသူတွေမှာ COVID- 19 ရောဂါကူးစက်ခံထားရသူတွေ ပါလာနိုင်တာကြောင့် ပြန်ရောက်လာသူတွေရဲ့ နေရပ်လိပ်စာတွေကို ရယူထားပြီး မြို့နယ်ဆရာဝန်တွေကိုယ်တိုင် ဦးဆောင်ပြီး အသွားအလာကန့်သတ်မှုတွေပြုလုပ်တာနဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုတာကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဆရာဝန်အင်အားနဲ့ ပြန်ဝင်လာသူအရေအတွက်ဟာ ကွာဟမှုရှိနေပေမယ့် ရှိနေတဲ့အနေအထားနဲ့ လုပ်ဆောင်နိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း ဒေါက်တာခင်ခင်ကြီးက အခုလိုဆက်ပြောပါတယ်။

“ဆရာဝန်အင်အားက လက်ရှိမှာဆိုရင် ၁၃,၀၀၀ နဲ့ ၁၅,၀၀၀ ကြားမှာပေါ့နော်။ ဆေးရုံအနေနဲ့ ၁,၃၅၀ ရှိတယ်။ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးမှူးကတော့ မြို့နယ်တိုင်းမှာဆို ၃၃၀ ရှိတာပေါ့။ သူ့ရဲ့လက်အောက်မှာလည်း သက်ဆိုင်ရာဝန်ထမ်းတွေ ဆရာဝန်တွေရှိပါတယ်။ လောလောဆယ်ကတော့ နိုင်နိုင်နင်းနင်းရှိနေလားဆိုတဲ့အခါကျတော့ ရှိတဲ့လူအင်အားနဲ့ အကောင်းဆုံးတော့လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဝင်လာတဲ့သူက ၂၃,၀၀၀ ကျော်ရှိတယ်ဆိုပေမယ့်လို့ တနေရာတည်းကို ၂၃,၀၀၀ လုံးရောက်တာမဟုတ်ဘူး။ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပြန့်ကြဲပြီးရောက်သွားတာဖြစ်လို့ နိုင်နိုင်နင်းနင်းလုပ်နိုင်ပါတယ်။”

ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက်ဆို ပြည်သူရဲ့ပူးပေါင်းပါဝင်မှုက အရေးအကြီးဆုံးဖြစ်တဲ့အကြောင်းကို ဒေါက်တာခင်ခင်ကြီးက အခုလိုရှင်းပြပါတယ်။

“Social Distancing တခုတည်းနဲ့လည်း မထိန်းချုပ်နိုင်ဘူး။ Lockdown တခုတည်းနဲ့လည်း ထိန်းချုပ်လို့မရဘူး။ ဘာနဲ့ထိန်းချုပ်မလဲဆိုရင် ကျမတို့ပြည်သူလူထုကို ကျန်းမာရေးပညာပေးတဲ့ကိစ္စရပ်တွေ၊ ပြည်သူတွေလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ၊ ပြီးရင် Home Quarantine လုပ်မယ်ဆိုရင် ပြည်သူတွေပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ တိတိကျကျဆောင်ရွက်ဖို့ ဒါမျိုးတွေက ပိုပြီးတော့အရေးကြီးတယ်။ ဒါထက်အရေးကြီးတာကတော့ ဒီရောဂါကို စောစီးစွာသိရှိဖို့ ပြီးရင် သီးခြားထားရှိကုသဖို့၊ သူနဲ့နီးစပ်ခဲ့သူတွေကို စုံစမ်းထောက်လှမ်းဖို့ ဒါတွေကအရေးအကြီးဆုံး ဖြစ်ပါတယ်။”

COVID- 19 ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့အစီအမံတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် မတ်လ ၂၉ရက်နေ့ကစပြီး ဧပြီလကုန်အထိ မြန်မာနိုင်ငံကိုလာမယ့် ဘယ်နိုင်ငံခြားသားကိုမဆို ပြည်ဝင်ခွင့်ယာယီကန့်သတ်လိုက်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဝင်ထွက်မယ့် ခရီးသည်တင်လေယာဉ်အားလုံးကိုလည်း ဧပြီ ၁၃ရက်နေ့အထိ ဆင်းသက်ခွင့်ပိတ်ထားပါတယ်။

ဒီကနေ့စာရင်းတွေအရဆိုရင်တော့ ကိုရိုနာဗိုင်းရပ်ဟာ နိုင်ငံပေါင်း ၁၉၉ နိုင်ငံကိုကူးစက်ခဲ့ပြီး လူပေါင်း ၇၃၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်းသေဆုံးသူကတော့ ၃၄,၀၀၀ ကျော် ရှိခဲ့ပေမယ့် ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၁၅၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG